Skip to main content

Posts

Showing posts from September, 2018
ပစိဖိတ်သမုဒ္ဒရာ The Pacific အာကာသကလှမ်းမြင်ရတဲ့ပစိဖိတ်သမုဒ္ဒရာ * * * * * ၁.ပစိဖိတ်သမုဒ္ဒရာဟာ အားလုံးသိတဲ့အတိုင်း သမုဒ္ဒရာအားလုံးမှာ အကြီးဆုံးဖြစ်ပါတယ်။ဧရိယာအကျယ်အဝန်း စတုရန်းမိုင်ပေါင်း ၆၄သန်းရှိတဲ့အတွက် ကမ္ဘာ့ကုန်းမြေအားလုံးစုစုပေါင်းထားတာထက်ပိုကျယ်ပါတယ်။ နောက်ပြီးတော့ကမ္ဘာ့ရေပြင်ဧရိယာအကျယ်စုစုပေါင်းရဲ့ တဝက်နီးပါး(၄၆%)ရှိပါတယ်။ ပစိဖိတ်သမုဒ္ဒရာ ၂.ပစိဖိတ်သမုဒ္ဒရာရဲ့ပျှမ်းမျှအနက်က  ၄၂၈ဝမီတာရှိပါတယ်။အနက်ဆုံးနေရာကတော့ ဖိလစ်ပိုင်ကျွန်းစုအနီးကမာရီယာနာချောက်ဖြစ်ပြီး ၁၁၀၀၀မီတာ(ပေ၃၅၀၀၀ကျော်) နက်ပါတယ်။ဧဝရက်တောင်ကိုအဲဒီချောက်ထဲထည့်လိုက်လျှင် စုံးစုံးမြုပ်သွားမှာဖြစ်ပါတယ်။ ၃.၁၅၁၃ခုနှစ်စက်တင်ဘာလ၂၅ရက်နေ့မှာ စပိန်လူစွန့်စားBalboa ဟာ ပနားမားကုန်းမြေကိုဖြတ်သန်းရာကနေ ဧရာမရေပြင်ကျယ်ကြီးကိုဘွားကနဲတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။အဲဒါဟာပစိဖိတ်သမုဒ္ဒရာကိုဥရောပတိုက်သားတို့ စတင်တွေ့ရှိလိုက်ခြင်းပါပဲ။Pacific ocean ဆိုတဲ့နာမည်ကိုတော့ပေါ်တူဂီလူစွန့်စား မက်ဂျယ်လန်က၁၅၂၁ခုနှစ်မှာပေးခဲ့တာဖြစ်ပြီး peaceful ငြိမ်းချမ်းခြင်းလို့အဓိပ္ပာယ်ရပါတယ်။ ၄.ပစိဖိတ်သမုဒ္ဒရာရဲ့ကမ်းခြေအဝန်းအ...

ဗုံးတို့၏ဧကရာဇ်

ဗုံးတို့၏ဧကရာဇ် Tsar Bomba ကမ္ဘာပေါ်မှာဖေါက်ခွဲခဲ့သမျှဗုံးတွေထဲမှာ အင်အားအပြင်းထန်ဆုံးဖြစ်တဲ့ Tsar Bomba လို့အမည်ပေးထားတဲ့ သာမိုညူကလီးယားဗုံးကြီးကို ဆိုဗီယက်ယူနီယံ(ယခုရုရှား)က ၁၉၆၁ ခုနှစ် အောက်တိုဘာလ ၃၀ရက်နေ့မှာ အာတိတ်စက်ဝိုင်းအတွင်းရှိ ညူကလီးယားစမ်းသပ်ရာ Novaya Zemlya ကျွန်းဆွယ် မှာစမ်းသပ်ဖောက်ခွဲခဲ့ပါတယ်။ Tzar Bomba စမ်းသပ်ဖောက်ခွဲရာ ဆိုဗီယက်ယူနီယံအာတိတ်စက်ဝိုင်းအတွင်းရှိကျွန်းဆွယ်(အနီစက်ပြထားရာနေရာ စစ်အေးတိုက်ပွဲပြင်းထန်နေတဲ့ကာလအတွင်း ဆိုဗီယက် ခေါင်းဆောင် နီကီတာခရူးရှက်က ရန်သူတော်အမေရိကန်တို့ထက်ရုရှားတို့ကစွမ်းရည်သာလွန်ကြောင်းပြနိုင်ရန် ကမ္ဘာမှာ စွမ်းအားအကြီးမားဆုံးသော ညူကလီးယားဗုံးကြီး တည်ဆောက်ဖို့ ညူကလီးယားသိပ္ပံပညာရှင် Andrei Sakharov ကိုတာဝန်ပေးခဲ့ပါတယ်။ အဲဒီနောက် မဟာစီမံကိန်းကြီးစတင်ခဲ့ရာ တိုတောင်းတဲ့လေးလတာကာလအတွင်းမှာပဲ ပြိုင်ဖက်ကင်း ဗုံးဘုရင်ကြီးကိုတည်ဆောက်ပြီးစီးသွားခဲ့ပါတယ်။ အဲဒီနှစ်မှာ ကျင်းပတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ ခရူးရှက်က 'Kuskina mat' 'မင်းတို့ အမေရိကန်တွေကို ငါပြစရာရှိတယ်' လို့ပြောခဲ့ပါတယ်။ သူပြောပြီး သိတ်မကြာ...

မရဏဘုံသားတို့စံပျော်ရာမြို့

လွန်ခဲ့တဲ့နှစ်ပေါင်း၅၀၀၀ကျော်လောက်ကအလွန်ခေတ်မီခဲ့သောမြို့ကြီး (သို့မဟုတ်) မရဏဘုံသားတို့စံပျော်ရာမြို့ Written by Kyaw Min Aung လွန်ခဲ့တဲ့နှစ်ပေါင်း၅၀၀၀ကျော်လောက်က မိုဟန်ဂျိုဒရိုဆိုတဲ့မြို့ကြီးတမြို့ အိနိ္ဒယအနောက်ပိုင်း (ယနေ့ခေတ်ပါကစ္စတန်နိုင်ငံအတွင်း)အိန္ဒ ုမြစ်ဝှမ်းမှာ ရှိခဲ့ဘူးပါတယ်။ အီဂျစ်၊မက်ဆိုပိုတေးမီးယားယဉ်ကျေးမူတွေနဲ့ ခေတ်ပြိုင်ဖြစ်တယ်။ မိုဟန်ဂျိုဒရိုဆိုတဲ့နာမည်ကအခုခေတ်မှပေးထားတဲ့ နာမည်ဖြစ်ပြီး "မရဏဘုံသားတို့ရဲ့စံမြန်းရာ" လို့အဓိပ္ပာယ်ရပါတယ်။ ဒီမြို့ကြီးရဲ့မူလနာမည်ရင်းကိုတော့ဘယ်သူမှမသိကြတော့ပါဘူး။ ဒီမြို့ကြီးမှာ ဘယ်လူမျိုးတွေနေသွားကြတယ်ဆိုတာလည်းအတိအကျမှန်းဆလို့မရကြဘူး။ နှစ်ပေါင်းလေးထောင်နီးပါးလောက်စွန့်ပစ်ထားတဲ့ ဒီမြို့ကြီးကို ၁၉၁၉ခုနှစ်မှာအိန္ဒိယရှေးဟောင်းသုတေသနပညာရှင် ဘနာဂျီ ကစတင်ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပြီးတော့မြို့ကြီးတခုလုံးပေါ်လာဖို့ နှစ်ပေါင်း၄၀ကြာတူးဖော်ခဲ့ရတယ်။ ဒီမြို့ဟောင်းကြီးကို တူးဖော်တွေ့ရှိခဲ့တာဟာ ရှေးဟောင်းသုတေသနလောကအတွက်အဖိုးမဖြတ်နိုင်တဲ့တွေ့ရှိချက်ကြီးတခုလည်းဖြစ်ရုံသာမက နှစ်၅၀၀၀ကျော်ကလူ့အဖွဲ့အစည်းတခုရဲ့ အလွန်အဆင့်အတ...
ပြဿဒ်ကြီးဘုရားက နှစ်ထပ်အမိုးပေါင်းခုံး Written by Kyaw Min Aung ကျစွာမင်းဟာ ဒီဘုရားကိုပြီးစီးအောင်မတည်နိုင်ခဲ့ပါဘူး။တကယ်လို့သာ အပြီးအစီးတည်နိုင်ခဲ့မယ်ဆိုရင် ဒီဘုရားဟာလည်းပုဂံမှာ အကြီးကျယ်ဆုံး ဘုရားတွေထဲကတဆူဖြစ်လာမှာ မြေကြီးလက်ခတ်မလွဲပါ။ ကျစွာမင်းလက်ထက်မှာ ပုဂံရဲ့တန်ခိုး အာဏာဟာ turning pointကို စတင် ရောက်ရှိလာပါတယ်။ အဓိက နိုင်ငံတော်ဘဏ္ဏာ ရရာရကြောင်းဖြစ်တဲ့ အခွန်အတုပ်တွေလျော့နည်းလာတဲ့အတွက် နိုင်ငံရဲ့ဓနအင်အားလည်းကျဆင်းလာပါတယ်။ အခွန်အတုပ်တွေကောက်ခံရရှိမူ နည်းပါးလာရတဲ့အကြောင်းတချက်ကတော့ဘုရင်ပိုင်လယ်မြေတွေလျော့ပါးလာတာရယ်၊သာသနာအတွက် လှူဒါန်းလိုက်တဲ့မြောက်မြားစွာသောလယ်မြေတွေကနေအခွန်ကောက်ခံခွင့်မရှိတော့လို့ရယ် ဖြစ်ပါတယ်။ ငွေကြေးအကျပ်အတည်းဆိုက်ရောက်နေတဲ့ဘုရင်ဟာ ဘုရားတည်တဲ့ပညာရှင်တွေ၊အလုပ်သမားတွေကိုလုပ်ခလစာမှန်မှန် မပေးနိုင်တော့ဘူးလို့ဆိုပါတယ်။ (တကယ်ဆို သရပါတံခါးမှာ ဝါးလုံးတလုံးကောက်တားပြီးဝါးတားဂိတ် လုပ်လိုက်ရင်တောင် ဘုရားတည်ဖို့လိုတဲ့ ငွေပမာဏလောက် တော့အေးအေးဆေးဆေးရနိုင်ပါတယ်) အဲလိုလုပ်ခတွေမှန်မှန်မရတော့ အလုပ်သမားတွေဟာစိတ်ပျက်လက်ပျက်နဲ့ ဆက်လက်အလုပ်လုပ်ချင်စိတ်မရှိတော...
သမိုင်းထဲကဒီနေ့   Thaksin the Great ၁၇၆၇ ခုနှစ်ဇီဇင်ဘာ၂၈ ရက်မှာယိုးဒယားကိုသိမ်းပိုက်ထားတဲ့မြန်မာ တပ်တွေကိုခုခံတော်လှန် နေတဲ့တော်လှန်ရေးခေါင်းဆောင်သက်ဆင်ဟာယိုးဒယားနိုင်ငံရဲ့ဘုရင်အဖြစ်သူ့ကိုယ်သူ ကျေညာပါတယ်။ မြန်မာတပ်တွေဟာအယုဒ္ဓယကိုခြေမူန်းဖျက်ဆီး လိုက်တဲ့အချိန်မှာ ဘုရင်Ekkaratသေဆုံးသွားပြီး အယုဒ္ဓယ မင်းဆက်လည်းပြတ်သွားခဲ့ပါတယ်။ နှစ်ပေါင်းလေးရာကျော်ကြာရှည်ခဲ့တဲ့ အယုဒ္ဓယခေတ်ဟာ မြန်မာတွေရဲ့ကျူ းကျော်မူ ကြောင့် အဆုံးသတ်သွားခဲ့ရပါတယ်။ ၁၇၆၇ ခုနှစ် အယုဓယ သိမ်းမြန်မာစစ်ချီလမ်းကြောင်း န ဒီလိုအချိန်မှာတရုပ်နွယ်ဖွားတဦးဖြစ်တဲ့ သက်ဆင်ဟာ ခုခံစစ်ဆက်လက်ဆင်နွဲနေရင်း တရုပ်စစ်မက်ဘေးရန်ကြောင့်မြန်မာတွေ ယိုးဒယား ဖက်မလှည့်နိုင်ဖြစ်နေတဲ့အချိန်မှာ နိုင်ငံကို လျင်လျင်မြန်မြန်ပြန်လည်စုစည်းနိုင်ခဲ့ပါတယ်။အယုဒ္ဓယကျဆုံးပြီး၆လအတွင်းမှာ မင်းဆက်တခုကိုပြန် လည်ထူထောင်နိုင်ခဲ့ပါတယ်။ရစရာမရှိအောင်ပျက်စီးသွားတဲ့အယုဒ္ဓယကို စွန့်လွှတ်ပြီးဘန်ကောက်တဖက်ကမ်းက Thonburyမှာမြို့တော်သစ်တည်ပါတယ်။ Ancient Thonbury City သူဟာအဲဒီThonburyမင်းဆက်ကိုထူထောင်သူ ဖြစ်သလိုပဲThonburyမင်းဆက်ရဲ့တဦးတည်းသောဘုရင်လည်းဖြစ်...
မင်္ဂလာစေတီ ပုဂံမှာနောက်ဆုံးတည်ခဲ့တဲ့ဘုရားတွေထဲကတဆူဖြစ်ပါတယ်။ ပုဂံမပျက်သုဉ်းမီ ပုဂံခေတ်ရဲ့ နောက်ဆုံးဗိသုကာနဲ့အနုပညာလက်ရာတွေကို ဒီဘုရားမှာလေ့လာနိုင်ပါတယ်။ မင်္ဂလာစေတီကို အေဒီ၁၂၇၇ ခုနှစ်မှာ မြန်မာ့သမိုင်းမှာ တရုပ်ပြေးမင်းလို့ ထင်ရှားတဲ့ နရသီဟပတေ့မင်း က တည်ခဲ့ပြီး၁၂၈၃ ခုနှစ်မှာပြီးစီးခဲ့ပါတယ်။ ရွှေစည်းခုံကို နမူနာယူပြီးတည်ထားတယ်လို့ အဆိုရှိပါတယ်။ ဘုရားတည်နေစဉ်မှာပဲ မွန်ဂိုစစ်မက် ဘေးဒဏ်ဟာပုဂံအပေါ်စတင်ကျရောက်လာပြီဖြစ်ပါတယ်။ ဒီဘုရားဟာ ပုဂံကတခြားစေတီပုထိုးတွေလို တိုင်းပြည်အေးချမ်းသာယာနေစဉ်မှာ တည်ခဲ့ရတာ မဟုတ်ပဲ တိုင်းပြည်ပျက်ခါနီး ဗရုတ်ဗရက်ကာလပုဂံရဲ့နောက်ဆုံးနေ့တွေမှာ တည်ခဲ့ရတာဖြစ်ပါတယ်။ တိုင်းပြည်အပေါ်ကျရောက်နေတဲ့ကြမ္မာဆိုးတွေကနေ ကင်းလွတ်ဖို့ အတိတ်ကောင်း နမိတ်ကောင်း ယူတဲ့အနေနဲ့ "မင်္ဂလာ"ဆိုတဲ့ အမည်ပေးခဲ့သလား စဉ်းစားစရာပါ။ ကြီးကျယ်ခဲ့တဲ့ ပုဂံသားတွေရဲ့ နောင်လာနောက်သားတွေအတွက် အမွေအဖြစ်ထားခဲ့တဲ့ နောက်ဆုံးနုတ်ဆက်လက်ရာတွေကို ဒီဘုရားမှာ လွမ်းမောတမ်းတဖွယ်မြင်တွေ့ရမှာပါ။ စေတီမှာပစ္စယံသုံးဆင့်ရှိပြီး ဇာတက ဝတ္ထ ုထဲက ပုံတွေကိုထွင်းထားတဲ့ လက်ရာမြောက် စဥ့်အုတ်ချပ်တွေ ပတ်ပတ်...
မင္​း ကင်းမြို့နယ်ကျေးတောင်ဦးကျေးရွာရှိ ရှေးဟောင်းသုတေသနမှထိန်းသိမ်းထားသော  သက်တမ်း၂၈၈ နှစ်ရှိပြီဖြစ်သော သစ်သားကျောင်းဆောင်ကြီး သက်တမ်းကြာလှပြီဖြစ်တဲ့ကျောင်းဆောင်ကြီးပေါ် လှည့်ပတ်ကြည့်ရင်းနဲ့ ကျွန်တော့်စိတ်အစဉ်က ကျောင်းဆောင်ကြီး ဆောက်လုပ်ခဲ့တဲ့အတိတ် ခေတ်ကာလဆီ မှန်းမြော်ရောက်ရှိသွားပါတယ်။ ဒီကျောင်းဆောင်ကြီးဆောက်လုပ်ခဲ့တဲ့ ့မြန်မာသက္ကရာဇ် ၁၀၉၀ခုနှစ်(ခရစ်နှစ်၁၇၂၈ )ဆိုတဲ့ အချိန်ကာလဟာ သမိုင်းအရကြည့်ရင် ညောင်ရမ်းခေတ် နေညိုချိန် တနင်္ဂနွေမင်း(1714-1733)လက်ထက်မှာ ဖြစ်ပါတယ်။ ဘုရင့်နောင်လက်ထက် ကတည်းကစပြီး နှစ်ပေါင်း ၁၆၀ကျော် ကြာအောင် မြန်မာတွေအုပ်ချုပ်မူ အောက်ရောက်နေခဲ့တဲ့ ဇင်းမယ်နဲ့လင်းဇင်းဒေသ တွေဟာ ဒီကျောင်းကြီးမဆောက်ခင်တနှစ်အလို ၁၇၂၇ ခုနှစ်မှာ သီးခြားလွတ်လပ်တဲ့ဒေသတွေအဖြစ် ခွဲထွက်သွားကြပါပြီ။ ညောင်ရမ်းခေတ်ကို နိဂုံးကမ္ပတ်အဆုံးသတ်စေမယ့် တတိုင်းပြည်လုံး မငြိမ်မသက်မူတွေစတင်လာပြီး တိမ်ညိုတိမ်မည်းတွေ တိုင်းပြည်အပေါ် အုံ့ဆိုင်းစပြုလာချိန်ဖြစ်ပါတယ်။ အနောက်မြောက်ဒေသက မဏိပူရကသည်းမြင်းစစ်သည်တွေ ချင်းတွင်းမြစ်ဝှမ်းဒေသတွေကို ထိပါးနှောက်ယှက်မ...

ညူကလီးယားဆောင်းဥတု

ညူကလီးယားဆောင်းဥတု Nuclear Winter Written by Kyaw Min Aung   ညူကလီယားစစ်ပွဲတခုဖြစ်ပြီးတဲ့နောက်မှာ ညူကလီးယားပေါက်ကွဲမူတွေနဲ့ မီးမုန်တိုင်းတွေကလွင့်ပျံထွက်ပေါ်လာတဲ့ ပြာမူန်တွေ၊မီးခိုးတိမ်တိုက်တွေရဲ့ကာဆီးမူကြောင့် လပေါင်းများစွာကြာအောင် နေရောင်ကိုမမြင်တွေ့ရဘဲ အမှောင်ကာလရှည်ထဲမှာ အပူချိန်ကျဆင်းမူကို ရင်ဆိုင်ရမယ့် ကမ္ဘာလုံးဆိုင်ရာ ဘေးဆိုးကြီးတခုဖြစ်ပါတယ်။ ညူကလီးယားဆောင်းဥတုရဲ့ပေါ်လွင်တဲ့ ဝိသေသလက္ခဏာကတော့ မှောင်မိုက်ခြင်းနဲ့ အေးစက်ခြင်း ဖြစ်ပါတယ်။ ညူကလီးယားဆောင်းဥတု ဆိုတဲ့ အယူအဆကို ၁၉၈၃ ခုနှစ်မှာအမေရိကန် သိပ္ပံပညာရှင် Carl Saganက paradeစာစောင်ထဲမှာစပြီးဖော်ပြခဲ့ပါတယ်။အဲဒီအချိန်ကစပြီး ညူကလီးယားဆောင်းဥတု သီအိုရီနဲ့ပတ်သက်ပြီး သိပ္ပံပညာရှင်တွေ ဂယက်ထအောင် ဆွေးနွေးငြင်းခုံ ခဲ့ကြပါတယ်။အထူးသဖြင့် သမ္မတရေဂင် ရဲ့ စတားဝါးမဟာဗျူ ဟာလက်နက်စီမံကိန်းမှာပါဝင်တဲ့ သိပ္ပံပညာရှင်တွေက ဒီသီအိုရီကိုဆန့်ကျင် ကြပါတယ်။ နောက်ပိုင်းမှာတော့Sagan ရဲ့သီအိုရီကို တော်တော်များများက လက်ခံ လာကြပါတယ်။ ယခင်က ညူကလီးယားစစ်ပွဲမှာ အနိုင်ရရှိသူ ရှိမယ် လို့လက်ခံထားကြပါတယ်။ အဲဒါကြောင့် အမေရိကန်နဲ့ ဆို...