ဗုံးတို့၏ဧကရာဇ်
Tsar Bomba
ကမ္ဘာပေါ်မှာဖေါက်ခွဲခဲ့သမျှဗုံးတွေထဲမှာ
အင်အားအပြင်းထန်ဆုံးဖြစ်တဲ့
Tsar Bomba လို့အမည်ပေးထားတဲ့ သာမိုညူကလီးယားဗုံးကြီးကို ဆိုဗီယက်ယူနီယံ(ယခုရုရှား)က ၁၉၆၁ ခုနှစ် အောက်တိုဘာလ ၃၀ရက်နေ့မှာ အာတိတ်စက်ဝိုင်းအတွင်းရှိ ညူကလီးယားစမ်းသပ်ရာ
Novaya Zemlya ကျွန်းဆွယ် မှာစမ်းသပ်ဖောက်ခွဲခဲ့ပါတယ်။
Tzar Bomba စမ်းသပ်ဖောက်ခွဲရာ ဆိုဗီယက်ယူနီယံအာတိတ်စက်ဝိုင်းအတွင်းရှိကျွန်းဆွယ်(အနီစက်ပြထားရာနေရာ
စစ်အေးတိုက်ပွဲပြင်းထန်နေတဲ့ကာလအတွင်း ဆိုဗီယက် ခေါင်းဆောင် နီကီတာခရူးရှက်က
ရန်သူတော်အမေရိကန်တို့ထက်ရုရှားတို့ကစွမ်းရည်သာလွန်ကြောင်းပြနိုင်ရန်
ကမ္ဘာမှာ စွမ်းအားအကြီးမားဆုံးသော ညူကလီးယားဗုံးကြီး
တည်ဆောက်ဖို့ ညူကလီးယားသိပ္ပံပညာရှင် Andrei Sakharov ကိုတာဝန်ပေးခဲ့ပါတယ်။
အဲဒီနောက် မဟာစီမံကိန်းကြီးစတင်ခဲ့ရာ
တိုတောင်းတဲ့လေးလတာကာလအတွင်းမှာပဲ ပြိုင်ဖက်ကင်း ဗုံးဘုရင်ကြီးကိုတည်ဆောက်ပြီးစီးသွားခဲ့ပါတယ်။
အဲဒီနှစ်မှာ ကျင်းပတဲ့
ကုလသမဂ္ဂအထွေထွေညီလာခံမှာ ခရူးရှက်က
'Kuskina mat'
'မင်းတို့ အမေရိကန်တွေကို ငါပြစရာရှိတယ်'
လို့ပြောခဲ့ပါတယ်။
သူပြောပြီး သိတ်မကြာခင်မှာပဲ
ကမ္ဘာ့စွမ်းအားအကြီးဆုံးဟိုင်ဒရိုဂျင်ဗုံးကြီးကို
အခုလိုစမ်းသပ်ဖောက်ခွဲပြခဲ့တာဖြစ်ပါတယ်။
ဒီဗုံးကြီးရဲ့ပေါက်ကွဲမူစွမ်းအားဟာ ဒုတိယကမ္ဘာစစ်အတွင်းအသုံးပြုခဲ့သမျှ
ဗုံးအားလုံးပေါင်းထားတာထက်တောင်
ဆယ်ဆပိုပါသတဲ့။
ပေါက်ကွဲမူအဆင့်သုံးဆင့်ရှိတဲ့
Tzar Bomba ဟာ အလေးချိန်အားဖြင့် ၂၇တန်ပဲ
ရှိပေမယ့် ယမ်းဘီလူးတန်ချိန် သန်းတရာ
(100Megaton) နဲ့ညီမျှတဲ့ ပေါက်ကွဲအားရှိပါတယ်။
ဒါဟာ
ဟီရိုရှီးမားနဲ့နာဂါဆာကီ မြို့တွေပေါ်ကြဲချခဲ့တဲ့ ညူကလီးယားဗုံးနှစ်လုံးပေါင်းထက် အဆပေါင်း၁၅၀၀ ပိုပြင်းထန်တာဖြစ်ပါတယ်။
Tsar Bomba နဲ့ အမေရိကန်ကဖောက်ခွဲစမ်းသပ်ခဲ့တဲ့အကြီးဆုံးဗုံးများ(Castle Bravo and B-53)၊ ဟီရိုရှီမားနဲ့ နာဂါဆာကီကိုကြဲချခဲ့တဲ့ဗုံးများ(Fatman and Little boy)စွမ်းအားချင်းနိူင်းယှဉ်ပြထားပုံ
ဒါပေမယ့်စမ်းသပ်တဲ့အခါမှာတော့
ပေါက်ကွဲမူအဆင့်နှစ်ဆင့် အထိပဲ စမ်းသပ်ခဲ့ပြီး ပေါက်ကွဲအားကို တဝက်အထိလျှော့ချခဲ့ပါတယ်။
တကယ်လို့သာစွမ်းအားပြည့် ဖောက်ခွဲစမ်းသပ်ခဲ့မယ်ဆိုရင် စမ်းသပ်တဲ့နေရာနဲ့အနီးဝန်းကျင်ဒေသတွေဟာ
ညူကလီးယားအဆိပ်သင့်မူကိုဆိုးဆိုးရွားရွား ကျိန်းသေခံရမှာဖြစ်ပါတယ်။
မိုင်ရာပေါင်းများစွာအထိလည်း ဓာတ်ပြာတွေ
ပြန့်လွင့်ကျဆင်းနိုင်သလို
ညူကလီးယားဓာတ်ရောင်ခြည်သင့်နိုင်တဲ့ဧရိယာပမာဏကလည်းမမြော်မှန်းနိုင်အောင်
ကြီးမားကျယ်ပြန့်နိုင်ပါတယ်။
ဒါ့အပြင် ညူကလီးယားဗုံးကြဲချလိုက်တဲ့လေယာဉ်ဟာ
ပေါက်ကွဲမူစက်ကွင်းက လွတ်အောင်ရှောင်ထွက်နိုင်မှာ မဟုတ်ပါဘူး။
အခုပြင်းအားတဝက်လျှော့ချထားတာတောင် ပေါက်ကွဲမူစက်ကွင်းကနေ လေယာဉ်ရဲ့ လွတ်မြောက်နိုင်စွမ်းဟာ ၅၀%လောက်ပဲရှိနိုင်မယ်လို့စီမံကိန်းဖော်ဆောင်သူတွေက သုံးသပ်ပြီး
မြေပြင်ပေါ်ကျလာမယ့်ဗုံးရဲ့အမြန်နူန်းကို လျှော့ချဖို့လေထီးကိုအသုံးပြုခဲ့ပါတယ်။
ပေါက်ကွဲမူကထွက်ပေါ်လာမယ့့်အပူဟပ်တဲ့ဒဏ်ခံနိုင်ဖို့လေယာဉ်ကို အထူးစီမံထားတဲ့
အပူဒဏ်ခံဆေးတမျိုးသုတ်ထားပါတယ်။
လေယာဉ်ဟာ အမြင့်၆မိုင်ခွဲအရောက်မှာ
ဗုံးကိုကြဲချခဲ့ပြီး ကြိုတင်စီမံထားတဲ့အတိုင်းပဲ မြေပြင်အထက် ၂မိုင်ခွဲလောက်မှာ
ညူကလီးယားဗုံးဟာပေါက်ကွဲခဲ့ပါတယ်။
Tsar Bomba ညူကလီးယားဗုံးဖောက်ခွဲရာကထွက်ပေါ်လာတဲ့ မီးဘောလုံးကြီး။
အချင်းငါးမိုင်ရှိပြီး လေယာဉ်ဗုံးချခဲ့တဲ့အမြင့်ထိရောက်သည်
ဗုံးပေါက်ကွဲရာကထွက်လာတဲ့တုန်ခါလိူင်းတွေက မီးဘောလုံးကြီးကိုမြေကြီးနဲ့မထိအောင်
ပင့့်မထားသည်
ဗုံးပေါက်ကွဲတဲ့အခါ ပေါက်ကွဲမူအရှိန်က
ဗုံးချခဲ့တဲ့နေရာနဲ့၂၆ မိုင်အကွာကို ရောက်နေပြီဖြစ်တဲ့ တီယူ-95 ဗုံးကြဲလေယာဉ်ကို ပေ၃၀၀၀လောက် အောက်ကိုရုတ်ချည်းဆွဲချခဲ့ပါသေးတယ်။
ဗုံးတို့ရဲ့ဘုရင် Tsar Bomb ပေါက်ကွဲရာက
အချင်း ငါးမိုင်လောက်ရှိတဲ့
ဧရာမ မီးဘောလုံးကြီး ထွက်ပေါ်လာပါတယ်။
မီးဘောလုံးကြီးရဲ့အမြင့်က လေယာဉ် ဗုံးကြဲချခဲ့တဲ့အမြင့်ထိအောင် ရောက်ပါတယ်။
ဒီမီးဘောလုံးကြီးကို မိုင်၆၀၀ အကွာအဝေးက
ပျံသန်းနေတဲ့လေယာဉ်ပေါ်ကလူတွေတောင်လှမ်းမြင်လိုက်ရပါတယ်တဲ့။
အဲဒီနောက် မီးဘောလုံးကြီးနဲ့အတူ မိုင်လေးဆယ်အမြင့်(ဧဝရက်တောင်အမြင့်ထက် ကိုးဆခန့်) ရှိတဲ့ ဧရာမမိူပွင့်ပုံစံ တိမ်တိုက်ကြီးမြေပြင်ကနေကောင်းကင်ကိုထိုးထွက်လာပါတယ်။
ဒီညူကလီးယားမိူပွင့်တိမ်တိုက်ကြီးကို
မိုင်ရာပေါင်းများစွာအကွာကတောင် လှမ်းမြင်ရပါတယ်။
မိူပွင့်ပုံစံ ညူကလီးယားတိမ်တိုက်ကြီး။အမြင့်မိုင်လေးဆယ်ရှိပြီး မိုင်ပေါင်းများစွာအကွာအဝေးက
ဒီမိူပွင့်ကြီးကိုလှမ်းမြင်ရသည်
အခုပုံက ကီလိုမီတာ၁၆၀ (မိုင်၁၀၀)အကွာက လှမ်းမြင်ရတဲ့ပုံဖြစ်ပါသည်
ဗုံးပေါက်ကွဲမူကထွက်လာတဲ့ အပူဟပ်တာကိုလည် မိုင်ရာပေါင်းများစွာအကွာအဝေးက လူတွေတောင် ခံစားသိရှိရပါတယ်။
ဗုံးပေါက်ကွဲရာနေရာ(ground zero)ကနေ ၂၂မိုင်အချင်းဝက်ရှိတဲ့ ဧရိယာတခုလုံးမှာ ရှိရှိသမျှ အလုံးစုံပျက်စီး ကွယ်ပျောက်သွားပါတယ်။
ground zero ကနေ ၃၅ မိုင်အကွာမှာရှိတဲ့
လူသူနေထိုင်ခြင်းမရှိတဲ့ရွာဟောင်းတခုက
အဆောက်အဦအားလုံးမြေကြီးပေါ်ပြားပြားဝပ်သွားပါတယ်။
ဗုံးပေါက်ကွဲတဲ့နေရာနဲ့ မိုင်ရာပေါင်းများစွာဝေးတဲ့ ဖင်လန်နိုင်ငံကအိမ်ပြူတင်းမှန်တွေတောင် ကွဲအက်ကုန်ပါတယ်။
တကယ်လို့သာဒီဗုံးကြီးကို မြေအောက်မှာစမ်းသပ်ခဲ့မယ်ဆိုရင်
ရစ်တာစကေး ၈.၁ ရှိမယ့်ငလျင်လိူင်းတွေကိုထွက်ပေါ်စေမှာ
ဖြစ်ပါတယ်။
အခုလိုမြေပြင်အထက်သုံးမိုင်အမြင့်လောက်မှာ
ပေါက်ကွဲစေခဲ့တာတောင် ပြင်းအားပမာဏ၅အထက် ရှိတဲ့ငလျင်လိူင်းတွေ
ထွက်ပေါ်စေခဲ့ပါသေးတယ်။
ပေါက်ကွဲမူက ထွက်ပေါ်လာတဲ့တုန်ခါလိူင်းတွေဟာ
ဘယ်လောက်တောင်စွမ်းအားကြီးလဲဆိုရင်
မ္ဘာကို သုံးကြိမ်ပတ်ပြီးတဲ့တိုင်အောင်
အာရုံခံကရိယာတွေက တိုင်းတာသိရှိနေခဲ့ပါတယ်တဲ့။
ဒီ Tsar Bomba ကြီးဟာ
လူ့သမိုင်းတလျှောက်လုံးမှာ စွမ်းအားအကြီးဆုံးသော လက်နက်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်
(Kyawmin Aung)

![]() |
Tsar Bomba ပုံစံတူကို ပြတိုက်၌ပြသထားစဉ် |
Comments
Post a Comment