တောင်ငူ(၁)
အာရှမြောက်ပိုင်းစတက်မြက်ခင်းတွေဆီကလူမျိုးစုတစုဟာရာစုနှစ်ပေါင်းများစွာအနောက်ဖက်ကိုတရွေ့ရွေ့ထွက်ခွာသွားခဲ့ကြပြီးယနေ့တူရကီနိုင်ငံနေရာမှာတဖြေးဖြေးချင်းအင်အားတွေစုစည်းသွားမိခဲ့ကြတယ်။၁၅ရာစုမှာတော့သူတို့ဟာဥရောပအင်အားကြီးနိုင်ငံတွေကိုနားရွက်တံတွေးဆွတ်တော့မယ့်အော်တိုမန်အင်ပါယာကြီးကိုဗြုန်းဆိုကောက်ထောင်လိုက်ကြပြီးဥရောပနဲ့အာရှဆက်သွယ်ရေးလမ်းကြောင်းကြီးကိုကားယားခွထားလိုက်ပါတယ်။
ဒီအဖြစ်အပျက်ဟာကမ္ဘာ့သမိုင်းကြောင်းကိုအကြီးအကျယ်ပြောင်းလဲသွားစေခဲ့တယ်။
အစဉ်အဆက်ကုန်သွယ်ခဲ့ကြတဲ့ကုန်းတွင်းပိုးလမ်းမကြီးပိတ်ဆို့သွားတာကြောင့်ဥရောပသားတွေဟာတရုပ်နဲ့အာရှကိုပေါက်ရောက်ဖို့အတွက်လမ်းကြောင်းအသစ်တွေရှာကြံလာရတော့တယ်။အဲဒီလိုရှာကြံရင်းနဲ့ကိုလံဘတ်တို့။ဗတ်စကိုဒဂါးမားတို့လိုစွန့်စားသူတွေကအာရှကိုကုန်သွယ်နိုင်မယ့်ပင်လယ်ရေကြောင်းလမ်းအသစ်တွေကိုတွေ့ရှိလာခဲ့တယ်။ဥရောပမှာလစ္စဘွန်း။အမ်စတာဒမ်။လန်ဒန်အစရှိတဲ့ပင်လယ်ဆိပ်ကမ်းမြို့ကြီးတွေပေါ်ထွန်းလာပြီးပင်လယ်ရေကြောင်းလမ်းဟာကမ္ဘာရဲ့အဓိကကုန်စည်စီးဆင်းရာလမ်းကြောင်းဖြစ်လာခဲ့တယ်။ပင်လယ်ဆိပ်ကမ်းကောင်းရှိ ခြင်းဟာနိုင်ငံတခုရဲ့အသက်သွေးကြောဖြစ်လာခဲ့တယ်။ပင်လယ်ဆိပ်ကမ်းရှိတဲ့မြို့တွေနိုင်ငံတွေဟာရှေ့တန်းကိုထိုးတက်သွားကြပြီးတချိန်ကကတန်ခိုးထွားခဲ့တဲ့ကုန်းတွင်းပိတ်နိုင်ငံတွေဟာအင်အားညံ့သက်သွား ကြတယ်။အတိတ်ကာလကကြည်းတပ်အင်အားကောင်းတဲ့နိုင်ငံတွေကကမ္ဘာကိုစိုးမိုးခဲ့ကြပေမယ့်အခုအခါမှာတော့ရေတပ်အင်အားကကြည်းတပ်ရဲ့အရိုက်အရာကိုတစတစလွှဲပြောင်းခံယူလာပါတယ်။ရေတပ်အင်အားကောင်းတဲ့နိုင်ငံတွေကကမ္ဘာကိုလွှမ်းမိုးကြီးစိုးစပြုလာခဲ့တယ်။
တကယ်တော့globalizationဖြစ်စဉ်ဟာအဲဒီအချိန်ထဲကစတင်နေ ပြီလို့ပြောနိုင်ပါတယ်။
ဘာဖြစ်လို့လဲဆိုတော့၁၆ရာစုမှာမြန်မာနိုင်ငံဟာအဲဒီဖြစ်စဉ်ရဲ့အကျိုးသက်ရောက်မူကိုစတင်ခံစားလာရလို့ပါပဲ။
၁၆ရာစုအစပိုင်းမှာမြန်မာပြည်ရဲ့အခြေအနေကတော့အထက်ပိုင်းကိုရှမ်းတွေကကြီးစိုးလွှမ်းမိုးထားပါတယ်။အစဉ်အလာမြန်မာ့ဦးစွန်းဖြစ်ခဲ့တဲ့အင်းဝကိုမြန်မာဘုရင်အုပ်ချုပ်နေပေမယ့်သူ့ရဲ့အာဏာဟာမေးခွန်းထုတ်စရာဖြစ်နေပါပြီ။အင်အားကြီးတဲ့အုန်းဘောင်စော်ပွား၊မိုးကောင်းစော်ပွားမိုးညှင်းစောပွားစတဲ့ရှမ်းစော်ပွားတွေဟာအင်းဝကိုအစဉ်တစိုက်ဖိအားပေးခြိမ်းခြောက်နေကြပါတယ်။
အဲဒီအချိန်မှာ
အောက်မြန်မာပြည်တခုလုံးကတော့မွန်တို့ရဲ့သြဇာအာဏာအောက်မှာရှိပါတယ်။
မွန်တွေဟာပုဂံပျက်ပြီးကတည်းကအောက်မြန်မာပြည်တခုလုံးမှာသူတို့ရဲ့အချုပ်အချာအာဏာကိုပီပီပြင်ပြင်ထူထောင်ထားနိုင်တာနှစ်ပေါင်းနှစ်ရာလောက်ရှိနေပါပြီ။ပုသိမ် သန်လျင် မုတ္တမစတဲ့ဆိပ်ကမ်းကောင်းတွေကိုပိုင်ဆိုင်ထားတဲ့မွန်တွေဟာပြောင်းလဲလာတဲ့ကမ္ဘာ့ကုန်စည်ကူးသန်းရေးအရွေ့ရဲ့အသီးအပွင့်တွေကိုမြိန်မြိန်ယှက်ယှက်ခံစားရင်းချမ်းသာကြွယ်ဝတဲ့အထင်ကြီးလောက်စရာတိုင်းနိုင်ငံကြီးကိုထူထောင်ထားနိုင်ပါတယ်။
မြန်မာတွေရဲ့ဦးစွန်းအစစ်အမှန်ဟာအင်းဝကနေအဲဒီအင်အားစုကြီးနှစ်ခုအလယ်က တောင်ငူဆိုတဲ့စစ်တောင်းမြစ်ကမ်းပါးက မထင်မရှားတောမြို့လေးတမြို့ဆီမသိမသာကူးပြောင်းရောက်ရှိလာပါတယ်။
ပုဂံမင်းရိုးကဆင်းသက်လာသူဟုပြောစမှတ်ရှိသူရည်မှန်းချက်ကြီးတဲ့တောင်ငူရွာသူကြီး
မင်းကြီးညိုဟာအင်းဝကိုမဟာမိတ်အဖြစ်သစ္စာခံထားရင်းနဲ့အင်အားစုကြီးနှစ်ခုအကြားကသေးငယ်တဲ့သူ့ဒေသကလေးမှာမြန်မာတွေရဲ့အချုပ်အချာအာဏာကိုမပျောက်ပျက်အောင်လိမ္မာပါးနပ်စွာထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။
အင်းဝက်ိုရှမ်းတွေသြဇာလွမ်းမိုးထားချိန်မှာ
အင်းဝပ်ိုင်နက်ထဲကမဟာဗျူဟာအရအရေးပါတဲ့မြေသြဇာကောင်းပြီးလယ်မြေယာကောင်းတွေရှိတဲ့ရမည်းသင်းနဲ့ကျောက်ဆည်ဒေသကိုသိမ်းယူလိုက်ခြင်းဖြင့်မင်းကြီးညိုဟာတောင်ငူရဲ့အင်အားကိုတောင့်တင်းအောင်စတင်လုပ်ဆောင်ပါတယ်။
(ဆက်လက်ဖာ်ပြပါမည်)
By Kyaw Min Aung)

Comments
Post a Comment