ညူကလီးယားဆောင်းဥတု
Nuclear Winter
Written by Kyaw Min Aung
ညူကလီယားစစ်ပွဲတခုဖြစ်ပြီးတဲ့နောက်မှာ
ညူကလီးယားပေါက်ကွဲမူတွေနဲ့
မီးမုန်တိုင်းတွေကလွင့်ပျံထွက်ပေါ်လာတဲ့
ပြာမူန်တွေ၊မီးခိုးတိမ်တိုက်တွေရဲ့ကာဆီးမူကြောင့် လပေါင်းများစွာကြာအောင်
နေရောင်ကိုမမြင်တွေ့ရဘဲ
အမှောင်ကာလရှည်ထဲမှာ အပူချိန်ကျဆင်းမူကို
ရင်ဆိုင်ရမယ့် ကမ္ဘာလုံးဆိုင်ရာ
ဘေးဆိုးကြီးတခုဖြစ်ပါတယ်။
ညူကလီးယားဆောင်းဥတုရဲ့ပေါ်လွင်တဲ့
ဝိသေသလက္ခဏာကတော့
မှောင်မိုက်ခြင်းနဲ့
အေးစက်ခြင်း ဖြစ်ပါတယ်။
ညူကလီးယားဆောင်းဥတု ဆိုတဲ့ အယူအဆကို ၁၉၈၃ ခုနှစ်မှာအမေရိကန် သိပ္ပံပညာရှင် Carl Saganက paradeစာစောင်ထဲမှာစပြီးဖော်ပြခဲ့ပါတယ်။အဲဒီအချိန်ကစပြီး ညူကလီးယားဆောင်းဥတု သီအိုရီနဲ့ပတ်သက်ပြီး သိပ္ပံပညာရှင်တွေ ဂယက်ထအောင်
ဆွေးနွေးငြင်းခုံ
ခဲ့ကြပါတယ်။အထူးသဖြင့် သမ္မတရေဂင်
ရဲ့ စတားဝါးမဟာဗျူ ဟာလက်နက်စီမံကိန်းမှာပါဝင်တဲ့ သိပ္ပံပညာရှင်တွေက
ဒီသီအိုရီကိုဆန့်ကျင် ကြပါတယ်။
နောက်ပိုင်းမှာတော့Sagan ရဲ့သီအိုရီကို
တော်တော်များများက လက်ခံ
လာကြပါတယ်။
ယခင်က ညူကလီးယားစစ်ပွဲမှာ အနိုင်ရရှိသူ
ရှိမယ် လို့လက်ခံထားကြပါတယ်။
အဲဒါကြောင့် အမေရိကန်နဲ့ ဆိုဗီယက် နှစ်နိုင်ငံ အပြိုင်အဆိုင်ညူကလီးယားလက်နက်တွေ ထုတ်လုပ်ခဲ့ကြပါတယ်။
အရေအတွက်မှာသူ့ထက်ကိုယ်ကသာအောင်
ကြိုးစားကြရုံမက ဗုံးတလုံးချင်းရဲ့
ဖျက်ဆီးနိုင်တဲ့စွမ်းရည်ကိုလည်း တိုးသထက်တိုးလာအာင်လုပ်ကြပါတယ်။
ဒုံးပျံတစင်းက အနုမြူထိပ်ဖူးပေါင်း
မြောက်မြားစွာကိုသယ်ဆောင်နိုင်ရုံမျှမက
ထိပ်ဖူးတလုံးက ပစ်မှတ်တခုစီကိုသီးခြား
ထိမှန်အောင်ထိန်းချုပ်နိုင်ပါတယ်။
ဒုံးပျံတွေကိုလည်းပိုဝေးဝေးသွားနိုင်အောင်
တိုးတက်ကြံဆောင်ကြပါတယ်။
သမုဒ္ဒရာရေအောက်မှာ ငုပ်လျိုးနေတဲ့
ညူကလီးယားရေငုပ်သငေ်္ဘာတစင်းမှာ မြို့ကြီးပေါင်း ၁၀၀လောက်ကိုပြာကျသွားစေနိုင်တဲ့
ညူကလီးယားထိပ်ဖူးတွေတပ်ဆင်ထားပါတယ်။
လက်ဦးမူရတဲ့သူက ညူကလီးယားစစ်ပွဲမှာ အနိုင်ရလိမ့်မယ် လို့ယုံကြည်ယူဆထားတဲ့အတွက် နှစ်ဖက်စလုံးက တဦးကိုတဦး အလွတ်မပေး ၂၄နာရီအမြဲ
စောင့်ကြည့်နေကြပါတယ်၊
ကိုယ့်ရဲ့ညူ ထိပ်ဖူးတပ်လက်နက်တွေကို တဖက်နိုင်ငံကမြို့ကြီးတွေကိုအသင့်ချိန်ရွယ်ထားကြပြီး တဖက်က လူပ်တာနဲ့
ပစ်လွှတ်ဖို့ အဆင်သင့်ဖြစ်နေကြပါတယ်။
ကမ္ဘာသူကမ္ဘာသားတွေအနေနဲ့
စစ်အေးခေတ်တလျှောက်လုံး
ဘယ်နေ့ညူကလီးယားစစ်ပွဲဖြစ်မလဲဆိုပြီး
ရင်တမမ စိုးတထိတ်ထိတ်နဲ့ နေနေကြရပြီး
ညူကလီးယားအိပ်မက်ဆိုးကြီးရဲ့
ခြောက်လှန့့်မူကို အစဉ်အမြဲခံနေရပါတယ်။
သိပ္ပံပညာရှင် Sagan က သူ့သီအိုရီအရ
ညူကလီးယားစစ်ပွဲမှာ
အနိုင်ရရှိသူမရှိနိုင်ဘူး လို့ဆိုပါတယ်။
အစွမ်းကုန်တိုက်ကြမယ့်ညူကလီးယားစစ်ပွဲ
မဆိုထားနဲ့၊ကန့်သတ်ညူကလီးယားစစ်ပွဲအသေးစားတခု(ဥပမာ ကမ္ဘာ့ညူ လက်နက်
အရေအတွက်ရဲ့
တစ်ရာခိုင်နူန်းပြည့်အောင်တောင် မပိုင်ဆိုင်တဲ့အိန္ဒိယနဲ့ပါကစ္စတန်ကြား
ဖြစ်ပွားနိုင်တဲ့ ညူကလီးယားစစ်ပွဲမျိုး)ကတောင်
ဒေသတခွင် လွှမ်းခြုံနိုင်မယ့်
ညူကလီးယားဆောင်းဥတုကို
ဖန်တီးနိုင်ပါတယ် တဲ့။
ဥပမာအားဖြင့်ဟီရိုရှီးမားမှာကြဲချခဲ့တဲ့အနုမြူဗုံးအလုံး
၅၀ လောက် သုံးရင်ကို ညူကလီးယားဆောင်း
ဥတုဖြစ်ပေါ်ဖို့လုံလောက်ပြီလို့ဆိုပါတယ်။
ဒါဆိုရင်မေးစရာတခုရှိပါတယ်။
ဟီရိုရှီမားအနုမြူ ဗုံးထက်အဆ၁၅၀၀လောက် စွမ်းအားကြီးတဲ့Tsar Bomba အနုမြူဗုံးကြီးကိုရုှရားတို့စမ်းခဲ့တုန်းက
ဘာဖြစ်လို့ညူကလီးယားဆောင်းဥတုမဖြစ်ပေါ်ခဲ့တာလဲ။
အဓိက ညူကလီးယားဆောင်းဥတုကိုဖြစ်ပေါ်စေတဲ့အရာက ဗုံးရဲ့ ပြင်းအားမဟုတ်ပါဘူး။ကြဲချတဲ့နေရာနဲ့လောင်ကျွမ်းမူက
ထွက်ပေါ်လာတဲ့မီးခိုးတွေ၊ပြာမူန်တွေရဲ့
အမျိုးအစား၊ထုထည်ပေါ်မူတည်ပါတယ်။
မြို့ကြီးပြကြီးတခုနဲ့အနီးအနားတောအုပ်တွေ လောင်ကျွမ်းပျက်စီးလို့ထွက်ပေါ်လာမယ့် မီးခိုးတွေ၊ပြာမူန်တွေရဲ့ထုထည်က အဆမတန်ကြီးမှာပါ။
ရုရှားရဲ့ Tsar Bombaစမ်းသပ်ခဲ့တဲ့နေရာက လောင်ကျွမ်းစရာဘာမှမရှိတဲ့ရေခဲပြင် လွင်တီးခေါင်ကြီးဖြစ်ပါတယ်။
သီအိုရီအရ ညူကလီးယားဆောင်းဥတုကို
ညူကလီးယားစစ်ပွဲကသာ ဖန်တီးနိုင်တာ
မဟုတ်ပါဘူး။
အလွန်ပြင်းထန်တဲ့မီးတောင်ပေါက်ကွဲမူတွေ၊တောမီးလောင်ကျွမ်းမူတွေကလည်း ဖြစ်ပေါ်စေနိုင်ပါတယ်။
လွန်ခဲ့တဲ့ အနှစ် ၆၅သန်းက
ဒိုင်နိုဆောတွေကိုမျိုးသုဉ်းစေခဲ့တဲ့ ဖြစ်ရပ်ဟာ ကမ္ဘာကို ဥက္ကာပျံဝင်တိုက်မူကြောင့်
ညူကလီးယားဆောင်းဥတုပုံစံမျိုးဖြစ်ပေါ်ခဲ့တာကြောင့်လို့ သိပ္ပံပညာရှင်တွေလက်ခံထားကြပါတယ်။
ညူကလီးယားဆောင်းဥတုကာလမှာ
ဖုန်မူန့်တွေ၊မီးခိုးမြူတိမ်တိုက်တွေ
ကောင်းကင်တခွင်အုံ့ဆိုင်းနေမှာဖြစ်လို့
လပေါင်းများစွာကြာအောင်
နေရောင်ခြည်ကို မြင်တွေ့ရမှမဟုတ်ပါဘူး။
နေရောင်မရတဲ့အတွက် အပင်တွေရဲ့ နေရဲ့အလင်းနဲ့အစာချက်လုပ်တဲ့ဖြစ်စဉ်ကို
ထိခိုက်မှာဖြစ်ပါတယ်။သီးနှံအထွက်နူန်းတွေ ကျဆင်း၊ အစာကွင်းဆက်တွေ
ကမောက်ကမဖြစ်ကာတကမ္ဘာလုံးမဟာ
အငတ်ဘေးကြီးဆိုက်ရောက်ကြမှာပါ၊
ကာဗွန်ဒိုင်အောက်ဆိုက်ကို စုပ်ယူပြီး
အောက်စီဂျင်ကိုထုတ်ပေးမယ့်
အပင်တွေသေကုန်တဲ့အတွက် ကာဗွန်ဒိုင်အောက်ဆိုက်တွေလေထဲမှာပိုများလာမှာ
ဖြစ်ပါတယ်။လူတွေ ရူဖို့အောင်စီဂျင်ကိုတောင် လုံလုံလောက်လောက် မရနိင်တော့ဘူး။နေရောင်နဲ့မထိတွေ့ရတဲ့အတွက် ဗီတာမင်ဒီချို့တဲ့မူတွေကြုံလာကြမယ်။
ညူကလီးယားပေါက်ကွဲမူတွေကြောင့်
အိုဇုန်းလွှာပေါက်ပြဲပျက်စီးကုန်တဲ့အတွက်
နေကလာတဲခရမ်းလွန်ရောင်ခြည်ကို
တိုက်ရိုက်ထိတွေ့ရတော့မှာဖြစ်တဲ့အတွက်
အရေပြားနဲ့မျက်လုံးထိခိုက်မူတွေပိုဖြစ်လာကြမယ်။
အစားအစာငတ်မွတ်ခေါင်းပါးမူတွေနေ
မြို့ကြီးတွေမှာ တရားဥပဒေစိုးမိုးမူတွေ
ကင်းမဲ့လာမယ်။မင်းမဲ့စရိုက်တွေဆန်လာမယ်။
အထိန်းအကွပ်မရှိတော့တဲ့
လူ့အဖွဲ့အစည်းလည်း
တစတစပြိုကွဲပျက်စီးသွားမယ်။
ညူကလီးယားစစ်ပွဲအတွင်းမှာရှင်သန်
ကျန်ခဲ့သူတွေဟာ စစ်ပွဲအပြီးတွေ့ကြုံရမယ့်ညူကလီးယားဆောင်းဥတုကနေ အသက်ရှင်လွတ်မြောက်ဖို့လမ်းမရှိလှပါဘူး။
Nuclear Winter သီအိုရီ
မပေါ်ခင်ကတည်းက
အနုမြူ စွမ်းအင်ဖော်မြူလာကို
ဖော်ထုတ်ခဲ့သူ
အိုင်းစတိုင်းက အခုလိုပြောခဲ့ဖူးပါတယ်။
"တတိယကမ္ဘာစစ်မှာ ဘာလက်နက်တွေသုံးမယ်ဆိုတာ ကျွန်တော်မသိဘူး။
ဒါပေမယ့်စတုတ္ထကမ္ဘာစစ်မှာတော့လူတွေ
တယောကိကိုတယောက် ကျောက်တုံးတွေနဲ့ပစ်ပေါက်ကြလိမ့်မယ်။"
ဒါဟာ အနုမြူစစ်ပွဲကြောင့်လူ့ယဉ်ကျေးမူ
ပျက်သုဉ်းသွားနိုင်တယ်ဆိုတာ
သတိပေးခဲ့တာပါ။
ညူကလီးယားဆောင်းဥတုဟာ
ကမ္ဘာပေါ်ကသက်ရှိအများစုကို မျိုးသုဉ်း
သွားစေမယ့်အပြင်
လူ့ယဉ်ကျေးမူနဲ့ လူသားမျိုးနွယ်
တခုလုံးကိုပါပျောက်ကွယ်သွားစေနိုင်တယ်လို့ ဆိုပါတယ်။
ဒီသီအိုရီရဲ့မှန်ကန်နိုင်မူအပေါ်အငြင်း
ပွားမူတွေရှိပေမယ့် အနည်းဆုံးတော့
ဒီသီအိုရီကြောင့် ညူကလီးယားစစ်ပွဲကိုရှောင်လွှဲနိုင်စေခဲ့တယ်လို့ပြောနိုင်ပါတယ်။
ညူကလီးယားစစ်ပွဲမှာအနိုင်ရရှိသူ
မရှိနိုင်ဘူးလို့ အမေရိကန်နဲ့ရုရှားကခေါင်းဆောင်တွေကပါ နောက်ပိုင်းမှာယုံကြည်
လက်ခံလာကြပြီး
ညူကလီးယားလက်နက်ကန့်သတ်လျှော့ချရေး၊စမ်းသပ်မူပိတ်ပင်ရေးတွေလုပ်ကြဖို့
နှစ်နိုင်ငံသဘောတူညီချက်တွေရလာခဲ့ပါတယ်။
(Written by Kyaw Min Aung)

Comments
Post a Comment