Skip to main content
သမိုင်းထဲကဒီနေ့
 
Thaksin the Great

၁၇၆၇ ခုနှစ်ဇီဇင်ဘာ၂၈ ရက်မှာယိုးဒယားကိုသိမ်းပိုက်ထားတဲ့မြန်မာ
တပ်တွေကိုခုခံတော်လှန် နေတဲ့တော်လှန်ရေးခေါင်းဆောင်သက်ဆင်ဟာယိုးဒယားနိုင်ငံရဲ့ဘုရင်အဖြစ်သူ့ကိုယ်သူ ကျေညာပါတယ်။
မြန်မာတပ်တွေဟာအယုဒ္ဓယကိုခြေမူန်းဖျက်ဆီး
လိုက်တဲ့အချိန်မှာ ဘုရင်Ekkaratသေဆုံးသွားပြီး အယုဒ္ဓယ မင်းဆက်လည်းပြတ်သွားခဲ့ပါတယ်။
နှစ်ပေါင်းလေးရာကျော်ကြာရှည်ခဲ့တဲ့
အယုဒ္ဓယခေတ်ဟာ မြန်မာတွေရဲ့ကျူ းကျော်မူ ကြောင့် အဆုံးသတ်သွားခဲ့ရပါတယ်။
၁၇၆၇ ခုနှစ် အယုဓယ သိမ်းမြန်မာစစ်ချီလမ်းကြောင်း

ဒီလိုအချိန်မှာတရုပ်နွယ်ဖွားတဦးဖြစ်တဲ့
သက်ဆင်ဟာ ခုခံစစ်ဆက်လက်ဆင်နွဲနေရင်း တရုပ်စစ်မက်ဘေးရန်ကြောင့်မြန်မာတွေ ယိုးဒယား ဖက်မလှည့်နိုင်ဖြစ်နေတဲ့အချိန်မှာ နိုင်ငံကို
လျင်လျင်မြန်မြန်ပြန်လည်စုစည်းနိုင်ခဲ့ပါတယ်။အယုဒ္ဓယကျဆုံးပြီး၆လအတွင်းမှာ မင်းဆက်တခုကိုပြန် လည်ထူထောင်နိုင်ခဲ့ပါတယ်။ရစရာမရှိအောင်ပျက်စီးသွားတဲ့အယုဒ္ဓယကို
စွန့်လွှတ်ပြီးဘန်ကောက်တဖက်ကမ်းက
Thonburyမှာမြို့တော်သစ်တည်ပါတယ်။
Ancient Thonbury City

သူဟာအဲဒီThonburyမင်းဆက်ကိုထူထောင်သူ ဖြစ်သလိုပဲThonburyမင်းဆက်ရဲ့တဦးတည်းသောဘုရင်လည်းဖြစ်ပါတယ်။အကြောင်းရင်းကတော့သူ့ရဲ့စစ်သူကြီးဖြစ်သူ
ချက်ကရီရဲ့ လုပ်ကြံသတ်ဖြတ်ထီးနန်းသိမ်းပိုက်တာခံလိုက်ရလို့ပါပဲ။
ချက်ကရီရဲ့ဖခင်ဟာမွန်သွေးပါသူတဦး
ဖြစ်ပါတယ်။

ချက်ကရီဟာရာမဘွဲ့ခံယူပြီးမြို့တော်ကိုလည်း
ဘန်ကောက်ကို ပြောင်းရွှေ့လိုက်ပါတယ်။
အဲဒါဟာယနေ့ထိတည်တန့်နေတဲ့
ချက်ကရီမင်းဆက်ရဲ့အစဖြစ်ပါတယ်။

**********
သက်ဆင်ဘုရင်လက်ထက်မှာထင်ရှားတဲ့ အဖြစ်အပျက်တခုကတော့ မြန်မာတွေနောက်တကြိမ်ပြန်လာတိုက်တာပါပဲ။မြန်မာတပ်တွေကို ဦးဆောင်လာခဲ့သူကတော့နာမည်ကျော် တရုပ်ကျူးကျော်မူတွေကို အြကိမ်ကြိမ်တွန်းလှန်နိုင်ခဲ့သူအတွေ့အကြုံ ရင့်
စစ်ဗိုလ်ချုပ်ကြီးမဟာသီဟသူရ ပါ။အခုအချိန်မှာတော့အသက်၇၀ကျော်စစ်သားအို
ကြီးဖြစ်နေပါပြီ။
မြန်မာတပ်တွေဟာ ဘန်ကောက်အဝင်လမ်းကြောင်းပေါ်မှာရှိတဲ့
ပိသလောက်မြို့မှာ သက်ဆင်ရဲ့စစ်သူကြီးဗိုလ်ချုပ်ချက်ကရီတပ်တွေ ရဲ့နောက်မဆုတ်တမ်းခုခံမူနဲ့ရင်ဆိုင်ရပါတယ်။

မမြန်မာတပ်တွေဟာရှေ့မတိုးနိုင်ပဲမြို့ကို လေးလကျော်ဝန်းရံထားပါတယ်။
အဲသလိုဝန်းရံနေတုန်းမှာပဲ မဟာသီဟသူရအတွက်နောက်ကြောင်း မအေးစရာကိစ္စတွေကပေါ်လာပါတယ်။နေပြည်တော်မှာ ဆင်ဖြူရှင်မင်းဟာသေကောင်ပေါင်းလဲဖြစ်နေပြီး နတ်ရွာစံတော့မယ့်သတင်းကသူ့ဆီရောက် လာပါတယ်။လက်ရှိအိမ်ရှေ့မင်းသားကမဟာသီဟသူရရဲ့သမီးကိုယူထားလို့သူ့သမက်လည်းတော်စပ်နေပါတယ်။ဆင်ဖြူရှင်ဟာ အလောင်းမင်းတရားရဲ့မှာကြားချက်ကိုသွေဖည်ပြီးညီဖြစ်သူကိုနန်းလျာမထားပဲသားဖြစ်သူစဥ့်ကူးမင်းသားကိုနန်းလျာထားခဲ့တာပါ။
အဲဒါကို အလောင်းမင်းတရားရဲ့သားတော်ကြီးတွေက မကျေမနပ်ဖြစ်နေမှာ တော့သေချာပါတယ်။စဥ့်ကူးမင်းသားချောချောမွေ့မွေ့ထီနန်းဆက်ခံ နိုင်ရေးအတွက်နေပြည်တော်မှာ သူရှိနေဖို့လိုကြောင်းမဟာသီဟသူရ သဘောပေါက်ပါတယ်။သူ့အကူအညီမပါပဲနဲ့ စဥ့်ကူးမင်းသားဟာသြဇာကြီးမားတဲ့အလောင်းမင်းတရားသားတော်ကြီးတွေကို ယှဉ်နိုင်မှာမဟုတ်ကြောင်းသူသိပါတယ်။အဲဒါကြောင့်လက်ရှိစစ်ကို အမြန်ဆုံးပြေငြိမ်းနိုင်ဖို့အတွက်ချက်ကရီကို သူနဲ့တွေ့ဆုံဖို့ အကြောင်းကြားပါတယ်။အသက်အရွယ်ကြီးရင့်နေပြီနေပြီဖြစ်တဲ့ တိုက်တိုင်းအောင်နာမည်ကျော်မြန်မာစစ်ဗိုလ်ချုပ်ကြီးနဲ

့နုပျိုသွက်လက်ဆဲ အားမာန်ပြည့်ဝနေတဲ့ ယိုးဒယားဗိုလ်ချုပ်ချက်ကရီတို့ဟာနှစ်ဖက် တပ်တွေရဲ့အလယ်မှာမြင်းကိုယ်စီနဲ့မျက်နှာချင်းဆိုင်တွေ့ဆုံကြပါတယ်။

မြန်မာဗိုလ်ချုပ်ကြီးကနုပျိုသွက်လက်ဆဲယိုးဒယားဗိုလ်ချုပ်ကိုသူ့ရဲ့စူးရဲတဲ့မျက်လုံးတွေနဲ့အကဲခတ်လိုက်ပြီးအခုလိုပြောပါတယ်။

"မင်းရဲ့ဥပဓိရုပ်က ဘုရင်ဖြစ်မယ့်ဥပဓိရုပ်မျိုးပဲ။
......#.............&................%.................. ဒီနေ့ကစပြီးယိုးဒယားကိုမြန်မာကကျူးကျော်

တိုက်ခိုက်တဲ့နေ့ရက်တွေကုန်ဆုံးသွားပါပြီ။"

မဟာသီဟသူရရဲ့မှတ်ချက်စကားဟာသက်ဆင်ကိုဖြုတ်ချပြီးဘုရင်လုပ်ဖို့ချက်ကရီအပေါ်မှာ
သြဇာသက်ရောက်မူတစုံတရာရှိသွားတယ်လို့ယိုးဒယားရာဇဝင်ဆရာတွေက သုံးသပ်ကြပါတယ်။
(By:Kyaw Min Aung)

Comments

Popular posts from this blog

ဓမ္မရာဇက ဘုရား

Damayazika Pagoda ဓမ္မရာဇက ဘုရားသည်ပုဂံမြို့ဟောင်းအရှေ့ပိုင်း ဖွားစောရွာတွင် တည်ရှိပါသည်။ ထိုဘုရားကို ခရစ်သက္ကရာဇ် ၁၁၉၈ တွင် နရပတိစည်သူမင်း က တည်ခဲ့ပါသည်။ ထိုဘုရားမှာမုဒ်ဦးငါးခု ပါရှိပြီး အောက်ခံ ပစ္စယံခုံလုံး ပဉ္စဂံပုံရှိခြင်းမှာအများအားဖြင့် စတုရန်းပုံရှိသော အခြားပုဂံဘုရားများနှင့်မတူပဲဤစေတီ၏ထူးခြားချက်တရပ်ဖြစ်သည်။ ရှေးဟောင်းပုဂံဘုရားများအနက် အမြင်လှပတင့်တယ်(သပ္ပယ်)ပြီး တည်ဆောက်ပုံအချိုးကျသော စေတီတဆူဖြစ်ပါသည်။ စေတီနှင့်ကပ်လျှက်အရပ်ငါးမျက်နှာ၌ ဘုရားကျောင်းဆောင်ငါးခုရှိပြီး ဗုဒ္ဓရုပ်ပွားတော် ငါးဆူ ကိန်းဝပ်စံပယ်တော်မူနေပါသည်။ ဘဒ္ဒကမ္ဘာ၌ပွင့်ပြီးနှင့် ပွင့်လတ္တံ့ဘုရားများကိုရည်ညွှန်းပါသည်။ ခေါင်းလောင်းပုံ စေတီ၏အောက်ခြေ၌ ပဉ္စဂံပုံစံ ပစ္စယာသုံးဆင့် ရှိပြီး ပစ္စယာများ၏ဘေးဖက်တွင် ဗုဒ္ဓ၏ဘဝဖြစ်တော်စဉ် ၅၅၀နိပါတ်တော်လာပုံများကိုစာနှင့်တကွရေးထွင်းထားသည့် စဉ့်စိမ်းအုတ်ချပ်များ လက်ယာရစ်အတိုင်း ပတ်ပတ်လည်ကပ်ထားပါသည်။ ဤဘုရား၌ သီဟိုဠ်ဘုရင်ထံမှရသော ဓာတ်တော်လေးဆူကိုဌာပနာထားရှိကြောင်း၊ ဘုရားတည်ရာ လက်ခငွေ ၄၄၀၂၇ ကျပ် ကုန်ကျကြောင်းကို စေတီအရှေ့မျက်နှာ တဝဂူအတွင်း၌ ရေးထိုးထားသော ဘုရားတည်မော်ကွန်းကျေ...
မင်္ဂလာစေတီ ပုဂံမှာနောက်ဆုံးတည်ခဲ့တဲ့ဘုရားတွေထဲကတဆူဖြစ်ပါတယ်။ ပုဂံမပျက်သုဉ်းမီ ပုဂံခေတ်ရဲ့ နောက်ဆုံးဗိသုကာနဲ့အနုပညာလက်ရာတွေကို ဒီဘုရားမှာလေ့လာနိုင်ပါတယ်။ မင်္ဂလာစေတီကို အေဒီ၁၂၇၇ ခုနှစ်မှာ မြန်မာ့သမိုင်းမှာ တရုပ်ပြေးမင်းလို့ ထင်ရှားတဲ့ နရသီဟပတေ့မင်း က တည်ခဲ့ပြီး၁၂၈၃ ခုနှစ်မှာပြီးစီးခဲ့ပါတယ်။ ရွှေစည်းခုံကို နမူနာယူပြီးတည်ထားတယ်လို့ အဆိုရှိပါတယ်။ ဘုရားတည်နေစဉ်မှာပဲ မွန်ဂိုစစ်မက် ဘေးဒဏ်ဟာပုဂံအပေါ်စတင်ကျရောက်လာပြီဖြစ်ပါတယ်။ ဒီဘုရားဟာ ပုဂံကတခြားစေတီပုထိုးတွေလို တိုင်းပြည်အေးချမ်းသာယာနေစဉ်မှာ တည်ခဲ့ရတာ မဟုတ်ပဲ တိုင်းပြည်ပျက်ခါနီး ဗရုတ်ဗရက်ကာလပုဂံရဲ့နောက်ဆုံးနေ့တွေမှာ တည်ခဲ့ရတာဖြစ်ပါတယ်။ တိုင်းပြည်အပေါ်ကျရောက်နေတဲ့ကြမ္မာဆိုးတွေကနေ ကင်းလွတ်ဖို့ အတိတ်ကောင်း နမိတ်ကောင်း ယူတဲ့အနေနဲ့ "မင်္ဂလာ"ဆိုတဲ့ အမည်ပေးခဲ့သလား စဉ်းစားစရာပါ။ ကြီးကျယ်ခဲ့တဲ့ ပုဂံသားတွေရဲ့ နောင်လာနောက်သားတွေအတွက် အမွေအဖြစ်ထားခဲ့တဲ့ နောက်ဆုံးနုတ်ဆက်လက်ရာတွေကို ဒီဘုရားမှာ လွမ်းမောတမ်းတဖွယ်မြင်တွေ့ရမှာပါ။ စေတီမှာပစ္စယံသုံးဆင့်ရှိပြီး ဇာတက ဝတ္ထ ုထဲက ပုံတွေကိုထွင်းထားတဲ့ လက်ရာမြောက် စဥ့်အုတ်ချပ်တွေ ပတ်ပတ်...

ကမ္ဘာ့ရှေးအကျဆုံးမြို့များ

ကမ္ဘာ့ရှေးအကျဆုံးမြို့များ စတည်တဲ့အချိန်ကစပြီး ယနေ့အထိ တဆက်တစပ်တည်း မပြတ်တမ်း လူနေထိုင်လျှက်ရှိတဲ့ ကမ္ဘာ့ရှေးအကျဆုံးမြို့များဖြစ်ပါတယ်။ အခုဖော်ပြထားတဲ့မြို့အားလုံးရဲ့ လူနေထိုင်တဲ့သက်တမ်းဟာ နှစ်ပေါင်းထောင်နဲ့ချီကြာခဲ့ပါပြီ။ မြို့အများစုက အရှေ့အလယ်ပိုင်းနဲ့ မြေထဲပင်လယ်တဝိုက်မှာ တည်ရှိတာတွေ့ရပါတယ်။ အိန္ဒိယနဲ့တရုပ်ကလည်း တမြို့စီ ပါဝင်ပါတယ်။ ၁၂.ဗာရာဏသီမြို့ အမေရိကန်စာရေးဆရာကြီးမက်တွို င်း က "ယဉ်ကျေးမူတွေထက် စောတဲ့မြို့ သမိုင်းတွေထက် ပိုအိုမင်း တဲ့မြို့ ယုတ်စွအဆုံး ဒဏ္ဏာရီတွေတောင် လက်လှမ်း မမှီတဲ့မြို့ လို့ဆိုခဲ့ပါတယ်။ လူနေထိုင်လာတဲ့သက်တမ်းက အနစ် လေးထောင်လောက်ရှိပါပြီ။ ဂဂါင်္မြစ်ကမ်းမှာရှိပြီး ကမ္ဘာတဝှမ်းက ဟိန္ဒူ ဘာသာဝင်တွေရဲ့ အထွတ်အမြတ်ထားရာမြို့ ဖြစ်ပါတယ်။ ၁၁.လိုရန်မြို့ လွန်ခဲ့တဲ့ နှစ်ပေါင်းလေးထောင်လောက်က စပြီး တဆက်တည်းလုနေထိုင်လာခဲ့တဲ့မြို့ ဖြစ်ပါတယ်။ တရုပ်နိုင်ငံအလယ်ပိုင်းလွင်ပြင်ဒေသ Lei နဲ့Yi မြစ်ခွဆုံမှာတည်ရှိပါတယ်။ တရုပ်နိုင်ငံရဲ့ရှေးအကျဆုံးမြို့ဖြစ်ပြီးတသ ရှေးဟောင်းသမိုင်းဝင် မြို့တော်တခုလည်း ဖြစ်ပါတယ်။ တရုပ်ရာဇဝင်အရ ဘီစီ၂၀၇၀ မှာ Xiaမင်း...