ပစိဖိတ်သမုဒ္ဒရာ
The Pacific

အာကာသကလှမ်းမြင်ရတဲ့ပစိဖိတ်သမုဒ္ဒရာ
* * * * *
၁.ပစိဖိတ်သမုဒ္ဒရာဟာ
အားလုံးသိတဲ့အတိုင်း
သမုဒ္ဒရာအားလုံးမှာ အကြီးဆုံးဖြစ်ပါတယ်။ဧရိယာအကျယ်အဝန်း စတုရန်းမိုင်ပေါင်း
၆၄သန်းရှိတဲ့အတွက် ကမ္ဘာ့ကုန်းမြေအားလုံးစုစုပေါင်းထားတာထက်ပိုကျယ်ပါတယ်။
နောက်ပြီးတော့ကမ္ဘာ့ရေပြင်ဧရိယာအကျယ်စုစုပေါင်းရဲ့
တဝက်နီးပါး(၄၆%)ရှိပါတယ်။

ပစိဖိတ်သမုဒ္ဒရာ
၂.ပစိဖိတ်သမုဒ္ဒရာရဲ့ပျှမ်းမျှအနက်က
၄၂၈ဝမီတာရှိပါတယ်။အနက်ဆုံးနေရာကတော့
ဖိလစ်ပိုင်ကျွန်းစုအနီးကမာရီယာနာချောက်ဖြစ်ပြီး
၁၁၀၀၀မီတာ(ပေ၃၅၀၀၀ကျော်) နက်ပါတယ်။ဧဝရက်တောင်ကိုအဲဒီချောက်ထဲထည့်လိုက်လျှင်
စုံးစုံးမြုပ်သွားမှာဖြစ်ပါတယ်။
၃.၁၅၁၃ခုနှစ်စက်တင်ဘာလ၂၅ရက်နေ့မှာ
စပိန်လူစွန့်စားBalboa ဟာ ပနားမားကုန်းမြေကိုဖြတ်သန်းရာကနေ
ဧရာမရေပြင်ကျယ်ကြီးကိုဘွားကနဲတွေ့ရှိခဲ့တာ
ဖြစ်ပါတယ်။အဲဒါဟာပစိဖိတ်သမုဒ္ဒရာကိုဥရောပတိုက်သားတို့
စတင်တွေ့ရှိလိုက်ခြင်းပါပဲ။Pacific ocean
ဆိုတဲ့နာမည်ကိုတော့ပေါ်တူဂီလူစွန့်စား
မက်ဂျယ်လန်က၁၅၂၁ခုနှစ်မှာပေးခဲ့တာဖြစ်ပြီး
peaceful ငြိမ်းချမ်းခြင်းလို့အဓိပ္ပာယ်ရပါတယ်။
၄.ပစိဖိတ်သမုဒ္ဒရာရဲ့ကမ်းခြေအဝန်းအဝိုင်း
တလျှောက်မှာနိုင်ငံပေါင်း၅၅နိုင်ငံတည်ရှိပါတယ်။အမေရိကန်ပြည်ထောင်စု၊ကနေဒါ၊တရုပ်၊ဂျပန်၊ သြစတေးလျ ၊မက္ကစီကိုစတဲ့နိုင်ငံတွေပါဝင်ပါတယ်။ကျွန်းပေါင်း၂၅၀၀၀ကျော်ရှိပြီးအများစုက
အီကွေတာတောင်ပိုင်းမှာပါ။
၅.ပစိဖိတ်သမုဒ္ဒရာရဲ့အနားသတ်တလျှောက်ဟာ
မီးတောင်ရပ်ဝန်းကြီးတခုဖြစ်ပြီး Ring of Fireလို့ခေါ်ပါတယ်။ပြင်းထန်တဲ့ငလျင်တွေအမြဲမပြတ်လူပ်ခတ်လေ့ရှိပြီးကမ္ဘာပေါ်မှာရှိတဲ့မီးတောင်တွေစုစုပေါင်းရဲ့၇၅%ဟာအဲဒီမှာရှိပါတယ်။

ပစိဖိတ်ကမ်းခြေတလျှောက်ဆူနာမီဖြစ်ပေါ်စေခဲ့တဲ့ငလျင်ဗဟိုချက်များပြမြေပုံ
၁၈၈၃ခုနှစ်ကအင်ဒိုနီးရှားကျွန်းစုမှာရှိတဲ့ Krakatorမီးတောင်ပေါက်ကွဲခဲ့ပြီး
လူပေါင်း ၃၆၀၀၀ကျော်သေဆုံးခဲ့ပါတယ်။ကမ္ဘာ့သမိုင်းတလျှောက်အပြင်းထန်ဆုံး
မီးတောင်ပေါက်ကွဲမူတခုဖြစ်ပါတယ်။မီးတောင်က
ထုတ်လွှတ်လိုက်တဲ့တန်ချိန်သန်းပေါင်းများစွာသော
မီးခိုးမြူတွေလပေါင်းများစွာဖုံးလွှမ်းနေလို့ တကမ္ဘာလုံးနွေရာသီကို
မကြုံတွေ့လိုက်ရတဲ့နှစ်တနှစ်အဖြစ်မှတ်တမ်းဝင်
ခဲ့ပါတယ်။
၂၀၁၁ ခုနှစ် မတ်လ ၁၁ ရက်နေ့ကလည်း
ဂျပန်အရှေ့မြောက်ကမ်းလွန်မှာ ပြင်းအားအဆင့် ၉.၁ရှိတဲ့ငလျင်ကြောင့်ဆူနာမီလိူင်းတွေဖြစ်ပေါ်ခဲ့ပြီး
လူပေါင်း ၂၀၀၀၀ကျော် သေဆုံးကာညူကလီးယားမတော်တဆမူလည်းဖြစ်ပေါ်ခဲ့ပါတယ်။အဲဒီငလျင်ကြောင့်ပျက်စီးဆုံးရူံးမူဟာဒေါ်လာ ၃၀၀ဘီလီယံကျော် ရှိပြီးကမ္ဘာပေါ်မှာဖြစ်ပွားခဲ့သမျှသဘာဝကပ်ဘေးတွေထဲမှာ ငွေကြေးတန်ဘိုးအရပျက်စီးဆုံးရူံးမူအများဆုံး ကပ်ဘေးဖြစ်ခဲ့ပါတယ်။
ငလျင်ကြောင့်ဂျပန်ရဲ့အဓိကကျွန်းဖြစ်တဲ့ ဟွန်ရူးကျွန်းမကြီးဟာအရှေ့ဖက်ကို ၈ပေလောက်ရွေ့သွားတယ်လို့ US Geological Survey ကပြောပါတယ်။

2011 ဂျပန်ငလျင်ကြောင့် ဆူနာမီဒဏ်ခံခဲ့ရသောမြို့တမြို
၆.ပစိဖိတ်သမုဒ္ဒရာနဲ့ပတ်သက်တဲ့ဝိသေသ
တခုကတော့မိုင်ပေါင်းရာချီရှည်လျားပြီး
သက်ရှိမျိုးကွဲများစွာကိုခိုလူံမူပေးထားတဲ့
သန္တာကျောက်တန်းများရှိခြင်းပါပဲ။

တောင်ပစိဖိတ်သမုဒ္ဒရာထဲက ကျွန်းတကျွန်းရဲ့ကမ်းခြေအလှ
၇.ဝမ်းနည်းဖွယ်ကောင်းတာက
ပစိဖိတ်သမုဒ္ဒရာရေပြင်ဟာနှစ်ပေါင်း၄၀အတွင်းမှာ
လူတွေရဲ့ပယောဂကြောင့်အဆ၁၀၀ကျော်
ညစ်ညမ်းသွားပြီဆိုတာပဲဖြစ်ပါတယ်။ပညာရှင်တွေကသမုဒ္ဒရာရဲ့
အရှေ့မြောက်ဖက်ပိုင်းမှာ ဧရာမပလပ်စတစ်အမိူက်ပုံကြီးတခုဖြစ်ပေါ်နေပြီး
အဲဒီအမိူက်အစုအထွေးကြီးဟာ
အမေရိကန်ပြည်ထောင်စုရဲ့နှစ်ဆလောက်အထိ
ကျယ်ဝန်းနိုင်တယ်လို့ဆိုပါတယ်။
(Written by Kyaw Min Aung)

ပစိဖိတ်သမုဒ္ဒရာမြောက်ပိုင်းမှာဖြစ်ပေါ်နေတဲ့အမိူက်ပုံ

ပစိဖိတ်မြောက်ပိုင်းမှာဖြစ်ပေါ်နေတဲ့အမိူက်အစုအဝေးတည်နေရာပြ မြေပုံ |
Comments
Post a Comment