လွန်ခဲ့တဲ့နှစ်ပေါင်း၅၀၀၀ကျော်လောက်ကအလွန်ခေတ်မီခဲ့သောမြို့ကြီး (သို့မဟုတ်)
မရဏဘုံသားတို့စံပျော်ရာမြို့
Written by Kyaw Min Aung

လွန်ခဲ့တဲ့နှစ်ပေါင်း၅၀၀၀ကျော်လောက်က
မိုဟန်ဂျိုဒရိုဆိုတဲ့မြို့ကြီးတမြို့ အိနိ္ဒယအနောက်ပိုင်း
(ယနေ့ခေတ်ပါကစ္စတန်နိုင်ငံအတွင်း)အိန္ဒ ုမြစ်ဝှမ်းမှာ ရှိခဲ့ဘူးပါတယ်။

အီဂျစ်၊မက်ဆိုပိုတေးမီးယားယဉ်ကျေးမူတွေနဲ့
ခေတ်ပြိုင်ဖြစ်တယ်။
မိုဟန်ဂျိုဒရိုဆိုတဲ့နာမည်ကအခုခေတ်မှပေးထားတဲ့
နာမည်ဖြစ်ပြီး "မရဏဘုံသားတို့ရဲ့စံမြန်းရာ"လို့အဓိပ္ပာယ်ရပါတယ်။
ဒီမြို့ကြီးရဲ့မူလနာမည်ရင်းကိုတော့ဘယ်သူမှမသိကြတော့ပါဘူး။
ဒီမြို့ကြီးမှာ ဘယ်လူမျိုးတွေနေသွားကြတယ်ဆိုတာလည်းအတိအကျမှန်းဆလို့မရကြဘူး။
နှစ်ပေါင်းလေးထောင်နီးပါးလောက်စွန့်ပစ်ထားတဲ့
ဒီမြို့ကြီးကို ၁၉၁၉ခုနှစ်မှာအိန္ဒိယရှေးဟောင်းသုတေသနပညာရှင် ဘနာဂျီ
ကစတင်ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပြီးတော့မြို့ကြီးတခုလုံးပေါ်လာဖို့
နှစ်ပေါင်း၄၀ကြာတူးဖော်ခဲ့ရတယ်။

ဒီမြို့ဟောင်းကြီးကို တူးဖော်တွေ့ရှိခဲ့တာဟာ
ရှေးဟောင်းသုတေသနလောကအတွက်အဖိုးမဖြတ်နိုင်တဲ့တွေ့ရှိချက်ကြီးတခုလည်းဖြစ်ရုံသာမက
နှစ်၅၀၀၀ကျော်ကလူ့အဖွဲ့အစည်းတခုရဲ့
အလွန်အဆင့်အတန်းမြင့်တဲ့မြို့ပြနေထိုင်မူအကြောင်းလူသားတွေသိခွင့်ရလိုက်တာလည်းဖြစ်ပါတယ်။
တူးဖော်တွေ့ရှိရတဲ့ပစ္စည်းတွေထဲမှာ စစ်မက်ရေးရာနဲ့ပတ်သက်တဲ့အမှတ်သငေ်္ကတ၊စစ်လက်နက်ပစ္စည်းတစုံတလေမှမတွေ့ရတဲ့အတွက် ဒီမြို့ကြီးမှာနေထိုင်ခဲ့သူတွေဟာစိတ်နှလုံးနူးညံ့သိမ်မွေ့သူတွေ
စစ်ကိုမလိုလားကြပဲငြိမ်းချမ်းစွာနေလိုသူတွေ
တွေဖြစ်မယ်လို့ကောက်ချက်ချကြပါတယ်။
နောက်ပြီးတော့ဘုရင်၊မင်းစိုးရာဇာနဲ့ဆက်နွယ်တဲ့အရာတွေ၊တော်ဝင်အသုံးအဆောင်ပစ္စည်းတွေရှာမတွေ့ရတဲ့အတွက်ဒီမြို့မှာသက်ဦးဆံပိုင်ဘုရင်စနစ်မရှိခဲ့ပဲ ပြည်သူက
ရွေးကောက်တင်မြှောက်တဲ့ကော်မတီတရပ်က
အုပ်ချုပ်တဲ့ အစိုးရပုံစံမျိုးရှိခဲ့လိမ့်မယ်လို့လည်း
သုံးသပ်ကြပါတယ်။
ဒီမြို့ကြီးဟာ ပျက်လိုက် ပြန်တည်လိုက်နဲ့
တနေရာတည်းမှာပဲ အကြိမ်ကြိမ်အခါခါ ပြန်လည်တည်ဆောက်ထားခဲ့တဲ့လက္ခဏာတွေကိုလည်းတွေ့ရပါတယ်။
ဒီလိုအကြိမ်ကြိမ်ပြန်တည်ရတာတွေဟာ
အိန္ဒုမြစ်ဝှမ်းရေလွှမ်းမိုးမူတွေကြောင့်ဖြစ်နိုင်ပါတယ်။
ဘီစီ၁၉၀၀လောက်မှာတော့ လုံးဝ
လူသူနေထိုင်ခြင်းမရှိတော့တဲ့မြို့ပျက်ကြီးဖြစ်သွားခဲ့ပြီးလူတွေရဲ့အမှတ်သညာထဲကပျောက်ဆုံးသွားခဲ့တာဟာပြန်လည်တွေ့ရှိတဲ့အေဒီ၁၉၁၉ ခုနှစ်အထိပါပဲ။
ဒီအဆင့်အတန်းမြင့်တဲ့ယဉ်ကျေးမူကြီးကိုပျက်သုဉ်းစေခဲ့သူတွေကတော့ မြောက်ပိုင်းကဝင်ရောက်လာခဲ့တဲ့အာရိယန်တွေဖြစ်လိမ့်မယ်လို့ို့ယူဆကြပါတယ်။
ကျွန်တော်အဓိကပြောချင်တဲ့အကြောင်းက
ဒီရှေးဟောင်းမြို့တော်ကြီးမှာ
အလွန်ခေတ်မီတဲ့ Planningကောင်းတဲ့
မြို့ပြဖွဲ့စည်းပုံစနစ်မျိုးရှိခဲ့တဲ့အကြောင်းပါ။

ပညာရှင်တွေရဲ့လေ့လာတွေ့ရှိချက်တွေအရ-
သမိုင်းမတိုင်မီBC2500နဲ့ BC1900အတွင်း
နှစ်ပေါင်းခြောက်ရာလောက်အဓွန့်ရှည်စွာ
စည်ပင်သာယာဝပြောခဲ့တဲ့
မိုဟန်ဂျိုဒရိုမြို့ကြီးရဲ့မြို့ပြဖွဲ့စည်းပုံစနစ်တွေဟာ
ရင်သပ်ရူမောမယုံနိုင်စရာကောင်းလောက်အောင်အဆင့်မြင့်မားနေတာတွေ့ရပါတယ်။
ဘယ်လောက်အဆင့်အတန်းမြင့်သလဲဆိုရင်
အခုခေတ် မြန်မာနိုင်ငံမှာတောင် ဘယ်မြို့မှ
အဲဒီလောက်
ကောင်းတဲ့မြူ နီစပယ်စနစ်မျိုးမရှိသေးဘူးလို့ပြောလို့ရပါတယ်။မြန်မာပြည်မှာ
ဘယ်မြို့မှလည်းအဲဒီလောက်စနစ်ကျတဲ့ town planning မရှိသေးဘူး။အဲသလောက် မြို့ပြဆန်တဲ့အသိရှိသူတွေဦးဆောင်ဦးရွက်ပြုနေတဲ့ town council မျိုးလည်းမရှိသေးဘူး။
အဲဒီရှေးဟောင်းမြို့ပျက်နေရာကြီးမှာ
တူးဖော်တွေ့ရှိတဲ့အဆောက်အဦတွေ ပစ္စည်းတွေကိုပညာရှင်တွေ လေ့လာချက်အရ
သမိုင်းမတိုင်မီ လွန်ခဲ့တဲ့နှစ်၅၀၀၀အလွန်က
ထွန်းကားခဲ့တဲ့အဲဒီမြို့ကြီးဟာ urban planningနဲ့
အသေအချာတည်ဆောက်ထားတာဖြစ်ကြောင်း
အံ့အားသင့်ဖွယ်သိခဲ့ရတယ်။
နေထိုင်သူလေးသောင်းကျော်ရှိတဲ့
မြို့ကြီးမှာလေးထောင့်စပ်စပ်
အိမ်တွေကိုအုတ်အင်္ဂတေတွေနဲ့ဆောက်လုပ်
ထားကြပြီးလမ်းတွေကလည်းကျယ်ပြန့်ဖြောင့်ဖြူး
ကြတယ်။မြို့လည်ကောင်မှာဈေးနေရာတွေလုပ်ထားတယ်။
လူရာပေါင်းများစွာဆန့်တဲ့ညီလာခံခန်းမလိုမျိုး
အများပြည်သူနဲ့ဆိုင်တဲ့အဆောက်အဦတွေ မြို့လည်မှာရှိတယ်။
အိမ်တိုင်းမှာရေချိုးခန်းတွေရှိကြတယ်။ရေချိုးခန်းတွေကိုကြွေပြားတွေကပ်ထားကြတယ်။ရေပူရေအေးစနစ်တွေရှိတယ်။ရေပူရဖို့အတွက်ရေချိုးခန်းအောက်မှာမြေအောက်မီးဖိုကြီးတွေရှိကြတယ်။
မြို့လည်မှာအများသုံးရေကူးကန်ကြီးတခုကိုလည်း
တွေ့ရတယ်။ရေကူးကန်ကြီးဘေးပတ်ပတ်လည်မှာ
အဝတ်လဲခန်းတွေ၊ရေချိုးခန်းငယ်တွေရှိပြီးရေကန်ကိုရေဖြည့်တဲ့စနစ်နဲ့ရေထုတ်တဲ့စနစ်တွေလည်းရှိတယ်။
အိမ်တွေကိုသောက်သုံးရေပေးဖို့ရေပေးဝေရေးစနစ်
တွေရှိတယ်။အဲဒီအတွက်ရေတွင်းတွေကိုမြို့အနှံ့
တူးထားပြီးတမြို့လုံးကိုစဥ့်ေရေတန်လျောက်တွေနဲ့
သွယ်တန်းထားပြီးရေပေးဝေတယ်။
အိမ်တွေကထွက်လာတဲ့ ရေဆိုးတွေထုတ်ဖို့အတွက်လည်း လမ်းဘေးတွေမှာရေဆိုးထုတ်မြောင်းတွေရှိတယ်။အဲ့မြောင်းတွေကိုမြောင်းဖုံးတွေနဲ့အကျအနဖုံးအုပ်ထားတယ်။တမြို့လုံးအနှံ့
ကွန်ယက်သဖွယ်ရှိနေတဲ့မိလ္လာမြောင်း
တွေနဲ့မြို့ပြင်ကိုစနစ်တကျစွန့်ထုတ်ကြတယ်။
တကယ်လို့ဒီမြို့ကြီးအကြောင်းကို
တူးဖော်တွေ့ရှိရတဲ့အထောက်အထားတွေမရှိပဲ
စာအုပ်တွေထဲမှာမှတ်တမ်းတင်ထားတာမျိုးကိုသာ
ဖတ်ရမယ်ဆိုရင်ဘယ်သူမှယုံကြမှာမဟုတ်ပါဘူး။

လွန်ခဲ့တဲ့နှစ်ပေါင်း၅၀၀၀လောက်က
မိုဟန်ဂျိုဒရိုမြို့သားတွေဟာ
အခုခေတ်၂၁ ရာစုမြို့ပြအဖွဲ့အစည်းထဲက
တိုက်နောက်ဘေးအမိူက်ပစ်နေဆဲ...
ချောင်းထဲ၊မြောင်းထဲမိလ္လာစွန့်နေဆဲ...
လမ်းပေါ်မှာ ကားရော ဆိုက်ကားရော နွားရော လူရော ဈေးသည်ရော အရောရောအထွေးထွေးနဲ့ လမ်းတခုထွက်ဖို့အရေး
စိတ်ပင်ပမ်းဆင်းရဲမူတွေ မတန်တဆခံနေရတဲ့
ကျွန်တော်တို့ထက်တောင်ပိုပြီးမြို့ပြဆန်နေပါလား
လို့မထင်မှတ်ပဲသိလိုက်ရသောအခါ...
(By: Kyawmin Aung)
Comments
Post a Comment