Skip to main content

ပြဿဒ်ကြီးဘုရားက နှစ်ထပ်အမိုးပေါင်းခုံး


Written by Kyaw Min Aung








ကျစွာမင်းဟာ ဒီဘုရားကိုပြီးစီးအောင်မတည်နိုင်ခဲ့ပါဘူး။တကယ်လို့သာ အပြီးအစီးတည်နိုင်ခဲ့မယ်ဆိုရင် ဒီဘုရားဟာလည်းပုဂံမှာ အကြီးကျယ်ဆုံး
ဘုရားတွေထဲကတဆူဖြစ်လာမှာ
မြေကြီးလက်ခတ်မလွဲပါ။
ကျစွာမင်းလက်ထက်မှာ ပုဂံရဲ့တန်ခိုး
အာဏာဟာ turning pointကို စတင်
ရောက်ရှိလာပါတယ်။
အဓိက နိုင်ငံတော်ဘဏ္ဏာ ရရာရကြောင်းဖြစ်တဲ့ အခွန်အတုပ်တွေလျော့နည်းလာတဲ့အတွက်
နိုင်ငံရဲ့ဓနအင်အားလည်းကျဆင်းလာပါတယ်။
အခွန်အတုပ်တွေကောက်ခံရရှိမူ
နည်းပါးလာရတဲ့အကြောင်းတချက်ကတော့ဘုရင်ပိုင်လယ်မြေတွေလျော့ပါးလာတာရယ်၊သာသနာအတွက်
လှူဒါန်းလိုက်တဲ့မြောက်မြားစွာသောလယ်မြေတွေကနေအခွန်ကောက်ခံခွင့်မရှိတော့လို့ရယ် ဖြစ်ပါတယ်။
ငွေကြေးအကျပ်အတည်းဆိုက်ရောက်နေတဲ့ဘုရင်ဟာ ဘုရားတည်တဲ့ပညာရှင်တွေ၊အလုပ်သမားတွေကိုလုပ်ခလစာမှန်မှန်
မပေးနိုင်တော့ဘူးလို့ဆိုပါတယ်။
(တကယ်ဆို သရပါတံခါးမှာ ဝါးလုံးတလုံးကောက်တားပြီးဝါးတားဂိတ်
လုပ်လိုက်ရင်တောင်
ဘုရားတည်ဖို့လိုတဲ့ ငွေပမာဏလောက်
တော့အေးအေးဆေးဆေးရနိုင်ပါတယ်)
အဲလိုလုပ်ခတွေမှန်မှန်မရတော့ အလုပ်သမားတွေဟာစိတ်ပျက်လက်ပျက်နဲ့ ဆက်လက်အလုပ်လုပ်ချင်စိတ်မရှိတော့တဲ့အတွက်"ဘုရားကြီးပြီးရင် ဘုရင်နတ်ရွာစံလိမ့်မယ်" လို့သဘောင်လိုလို ဘာလိုလိုနဲ့ကောလဟလလွှင့်ထုတ်ပြီးpsycological warfareနဲ့ဘုရင်ကိုဂျင်းထည့်ပါတယ်။
ဘုရင်ဟာ အဲဒီတဘောင်စကားကိုအမှန်တကယ်ယုံကြည်သွားပြီး သူ့လုပ်လက်စ
အရှိန်ရနေတဲ့
မံကိန်းကြီးတခုကိုလမ်းတဝက်မှာ
ရပ်တန့်ပစ်ခဲ့ပါတယ်။

သူ့နောက်တက်လာတဲ့ဘယ်ဘုရင်မှလည်း တိုးလိုတန်းလန်းဖြစ်နေတဲ့ဒီဘုရားကြီးကိုလက်စသတ်ပေးဖို့ မစဉ်းစားကြပဲ နောက်ထပ်
အသစ်ထပ်တည်ဖို့လောက်သာ စိတ်အားထက်သန်ကြပါတယ်။
ရှေးလူလုပ်သွားတဲ့အလုပ်ကို ကောင်းတာပြဲဖစ်စေနောက်လူတွေက
လက်စသတ်ပေးလေ့မရှိပဲ အဲဒီလူနဲ့ပဲအဆုံးသတ်စေလိုက်တဲ့
ယဉ်ကျေးမူကလည်း
ပုဂံခေတ်ကတည်းကစခဲ့ပုံရပါတယ်။
အဆိုးထဲကအကောင်းအနေနဲ့တော့
တဝက်တပျက်သာ
ပြီးစီးခဲ့ပြီး အချောသပ်ဖုံးကွယ်ထားတာတွေမရှိသေးတဲ့အတွက်
ဘုရားကြီးကိုတည်ဆောက်ထားပုံနည်းစနစ်တွေကို နှောင်းလူတွေပိုမိုသိရှိလေ့လာခွင့်ရပါတယ်။
(By Kyaw Min Aung)

Comments