Skip to main content

ဓမ္မရာဇက ဘုရား

Damayazika Pagoda










ဓမ္မရာဇက ဘုရားသည်ပုဂံမြို့ဟောင်းအရှေ့ပိုင်း ဖွားစောရွာတွင် တည်ရှိပါသည်။
ထိုဘုရားကို ခရစ်သက္ကရာဇ် ၁၁၉၈ တွင် နရပတိစည်သူမင်း က တည်ခဲ့ပါသည်။

ထိုဘုရားမှာမုဒ်ဦးငါးခု ပါရှိပြီး အောက်ခံ ပစ္စယံခုံလုံး ပဉ္စဂံပုံရှိခြင်းမှာအများအားဖြင့် စတုရန်းပုံရှိသော အခြားပုဂံဘုရားများနှင့်မတူပဲဤစေတီ၏ထူးခြားချက်တရပ်ဖြစ်သည်။
ရှေးဟောင်းပုဂံဘုရားများအနက် အမြင်လှပတင့်တယ်(သပ္ပယ်)ပြီး တည်ဆောက်ပုံအချိုးကျသော စေတီတဆူဖြစ်ပါသည်။
ဘဒ္ဒကမ္ဘာ၌ပွင့်ပြီးနှင့် ပွင့်လတ္တံ့ဘုရားများကိုရည်ညွှန်းပါသည်။
ခေါင်းလောင်းပုံ စေတီ၏အောက်ခြေ၌ ပဉ္စဂံပုံစံ ပစ္စယာသုံးဆင့် ရှိပြီး ပစ္စယာများ၏ဘေးဖက်တွင်
ဗုဒ္ဓ၏ဘဝဖြစ်တော်စဉ် ၅၅၀နိပါတ်တော်လာပုံများကိုစာနှင့်တကွရေးထွင်းထားသည့် စဉ့်စိမ်းအုတ်ချပ်များ လက်ယာရစ်အတိုင်း ပတ်ပတ်လည်ကပ်ထားပါသည်။

ဤဘုရား၌ သီဟိုဠ်ဘုရင်ထံမှရသော ဓာတ်တော်လေးဆူကိုဌာပနာထားရှိကြောင်း၊
ဘုရားတည်ရာ လက်ခငွေ ၄၄၀၂၇ ကျပ် ကုန်ကျကြောင်းကို စေတီအရှေ့မျက်နှာ တဝဂူအတွင်း၌ ရေးထိုးထားသော ဘုရားတည်မော်ကွန်းကျောက်စာ အရသိရှိရပါသည်။
ထိုကျောက်စာအရ ပုဂံခေတ်နိုင်ငံအကျယ်အဝန်း၊နယ်နမိတ်၊တိုင်းခရိုင်အမည်၊စစ်အင်အားစသည်တို့ကိုလည်းသိရှိရပါသည်။
စေတီတော်ကြီး၏အရှေ့ဖက်နှင့်မြောက်ဖက်ကျောင်းဆောင်များအတွင်း၌ အနော်ရထာမင်းကြီး
ကိုးကွယ်ခဲ့သော ရုပ်ပွားတော်နှစ်ဆူကိန်းဝပ်စံပယ်တော်မူနေပါသည်။ယနေ့ပုဂံတွင်နာမည်ကြီးနေသောပြည့်ငါးပြည့် ဘုရားငါးဆူအနက် နှစ်ဆူဖြစ်သည်။
(By:Kyaw Min Aung)






~~~~~~~~~~~~~~

Comments

Popular posts from this blog

သမိုင်းထဲကဒီနေ့   Thaksin the Great ၁၇၆၇ ခုနှစ်ဇီဇင်ဘာ၂၈ ရက်မှာယိုးဒယားကိုသိမ်းပိုက်ထားတဲ့မြန်မာ တပ်တွေကိုခုခံတော်လှန် နေတဲ့တော်လှန်ရေးခေါင်းဆောင်သက်ဆင်ဟာယိုးဒယားနိုင်ငံရဲ့ဘုရင်အဖြစ်သူ့ကိုယ်သူ ကျေညာပါတယ်။ မြန်မာတပ်တွေဟာအယုဒ္ဓယကိုခြေမူန်းဖျက်ဆီး လိုက်တဲ့အချိန်မှာ ဘုရင်Ekkaratသေဆုံးသွားပြီး အယုဒ္ဓယ မင်းဆက်လည်းပြတ်သွားခဲ့ပါတယ်။ နှစ်ပေါင်းလေးရာကျော်ကြာရှည်ခဲ့တဲ့ အယုဒ္ဓယခေတ်ဟာ မြန်မာတွေရဲ့ကျူ းကျော်မူ ကြောင့် အဆုံးသတ်သွားခဲ့ရပါတယ်။ ၁၇၆၇ ခုနှစ် အယုဓယ သိမ်းမြန်မာစစ်ချီလမ်းကြောင်း န ဒီလိုအချိန်မှာတရုပ်နွယ်ဖွားတဦးဖြစ်တဲ့ သက်ဆင်ဟာ ခုခံစစ်ဆက်လက်ဆင်နွဲနေရင်း တရုပ်စစ်မက်ဘေးရန်ကြောင့်မြန်မာတွေ ယိုးဒယား ဖက်မလှည့်နိုင်ဖြစ်နေတဲ့အချိန်မှာ နိုင်ငံကို လျင်လျင်မြန်မြန်ပြန်လည်စုစည်းနိုင်ခဲ့ပါတယ်။အယုဒ္ဓယကျဆုံးပြီး၆လအတွင်းမှာ မင်းဆက်တခုကိုပြန် လည်ထူထောင်နိုင်ခဲ့ပါတယ်။ရစရာမရှိအောင်ပျက်စီးသွားတဲ့အယုဒ္ဓယကို စွန့်လွှတ်ပြီးဘန်ကောက်တဖက်ကမ်းက Thonburyမှာမြို့တော်သစ်တည်ပါတယ်။ Ancient Thonbury City သူဟာအဲဒီThonburyမင်းဆက်ကိုထူထောင်သူ ဖြစ်သလိုပဲThonburyမင်းဆက်ရဲ့တဦးတည်းသောဘုရင်လည်းဖြစ်...

တောင်ငူ(၁)

တောင်ငူ(၁) အာရှမြောက်ပိုင်းစတက်မြက်ခင်းတွေဆီကလူမျိုးစုတစုဟာရာစုနှစ်ပေါင်းများစွာအနောက်ဖက်ကိုတရွေ့ရွေ့ထွက်ခွာသွားခဲ့ကြပြီးယနေ့တူရကီနိုင်ငံနေရာမှာတဖြေးဖြေးချင်းအင်အားတွေစုစည်းသွားမိခဲ့ကြတယ်။၁၅ရာစုမှာတော့သူတို့ဟာဥရောပအင်အားကြီးနိုင်ငံတွေကိုနားရွက်တံတွေးဆွတ်တော့မယ့်အော်တိုမန်အင်ပါယာကြီးကိုဗြုန်းဆိုကောက်ထောင်လိုက်ကြပြီးဥရောပနဲ့အာရှဆက်သွယ်ရေးလမ်းကြောင်းကြီးကိုကားယားခွထားလိုက်ပါတယ်။ ဒီအဖြစ်အပျက်ဟာကမ္ဘာ့သမိုင်းကြောင်းကိုအကြီးအကျယ်ပြောင်းလဲသွားစေခဲ့တယ်။ အစဉ်အဆက်ကုန်သွယ်ခဲ့ကြတဲ့ကုန်းတွင်းပိုးလမ်းမကြီးပိတ်ဆို့သွားတာကြောင့်ဥရောပသားတွေဟာတရုပ်နဲ့အာရှကိုပေါက်ရောက်ဖို့အတွက်လမ်းကြောင်းအသစ်တွေရှာကြံလာရတော့တယ်။အဲဒီလိုရှာကြံရင်းနဲ့ကိုလံဘတ်တို့။ဗတ်စကိုဒဂါးမားတို့လိုစွန့်စားသူတွေကအာရှကိုကုန်သွယ်နိုင်မယ့်ပင်လယ်ရေကြောင်းလမ်းအသစ်တွေကိုတွေ့ရှိလာခဲ့တယ်။ဥရောပမှာလစ္စဘွန်း။အမ်စတာဒမ်။လန်ဒန်အစရှိတဲ့ပင်လယ်ဆိပ်ကမ်းမြို့ကြီးတွေပေါ်ထွန်းလာပြီးပင်လယ်ရေကြောင်းလမ်းဟာကမ္ဘာရဲ့အဓိကကုန်စည်စီးဆင်းရာလမ်းကြောင်းဖြစ်လာခဲ့တယ်။ပင်လယ်ဆိပ်ကမ်းကောင်းရှိ ခြင်းဟာနိုင်ငံတခုရဲ့အသက်သွေးကြောဖြစ်လာခဲ့တယ်။ပင်လယ်ဆိပ်ကမ်းရှိတဲ့မြို့တွေနို...