သမိုင်းထဲကဒီနေ့ ၁၉၆၆ ခုဇန်နဝါရီလ၁၇ ရက်နေ့မှာအမေရိကန်လေတပ်က B-52မဟာဗျူဟာဗုံးကြဲလေယာဉ်တစီးဟာစပိန်ကမ်းလွန်ကောင်းကင်ယံ မှ ာပျံသန်းနေစဉ်ပေသုံးသောင်းကျော်အမြင့်မှာဆီဖြည့်လေယာဉ်တစင်းနဲ့တိုက်မိပြီး နှစ်စင်းလုံးမီးလောင်ပေါက်ကွဲပျက်ကျခဲ့ပါတယ်။ B-52ဗုံးကြဲလေယာဉ်မှာသယ်ဆောင်လာတဲ့နူကလီးယားဗုံး လေးလုံးလည်း မြေပြင်ပေါ်ကစဥ့်ကလျားပြုတ်ကျသွားခဲ့ပါတယ်။ အဲဒီလေးလုံးထဲကသုံးလုံးဟာစပိန်ကမ်းခြေက palamoresဆိုတဲ့တံငါရွာကလေးအနီးကျသွားခဲ့ပြီးမြေပြင်နဲ့ရိုက်မိတဲ့အရှိန်ကြောင့် ညူကလီးယားမဟုတ်တဲ့အပေါ်ယံပေါက်ကွဲမူတွေဖြစ်ပေါ်ခဲ့ပါတယ်။ (ညူကလီးယားဗုံးတွေမှာ စနစ်တန်ဖြုတ်ဖို့အတွက်သမားရိုးကျပေါက်ကွဲစေတတ်တဲ့ပစ္စည်းတွေပါဝင်ပါတယ်။) အဲဒီပေါက်ကွဲမူတွေကပလူတိုနီယန်တွေကိုလွင့်ထွက်သွားစေခဲ့ပြီးpalamoresရွာအနီးဝန်းကျင်မှာ အလွန်ပြင်းထန်တဲ့plutoniumသတ္တိကြွမူတွေဖြစ်ပေါ်စေခဲ့ပါတယ်။ ကျန်တဲ့တလုံးကတော့ပင်လယ်ထဲကိုကျသွားခဲ့ပြီး နှစ်လခွဲလောက်ကြာမှ ပင်လယ်ထဲကပြန်လည်ဆယ်ယူနိုင်ခဲ့ပါတယ်။ ညူကလီးယားအဆိပ်သင့်သွားတဲ့နေရာတဝိုက်ကိုအမေရိကန်ကသန်ရှင်းရေးပြန်လုပ်ပေးခဲ့ပါတယ်။ ။ရေဒီယိုသတ္တိကြွမြေသားတန်ချိန်၁၅၀၀ကိုခြစ်ယူပြီးသဘောၤနဲ့အမေရိက...
အထွေထွေဗဟုသုတနှင့်အတွေးအမြင်