Skip to main content

The Moon


  • The Moon • • • • • 

    by Kyaw Min Aung

    လဟာကမ္ဘာနဲ့မိုင်ပေါင်း ပျှမ်းမျှအားဖြင့် 238800-ဝေးကွာပါတယ်။ လကိုကမ္ဘာကနေ တနာရီမိုင်၆၀နူန်းနဲ့ကားမောင်းသွားရင် ၆လထက်ပိုမကြာပဲရောက်သွားနိုင်မှာဖြစ်ပြီး လမ်းလျှောက်သွားမယ်ဆိုရင်တော့ အိပ်ချိန်ကလွဲပြီးကျန်တဲ့အချိန်တွေမှာ တနာရီဆယ်မိုင်နူန်းနဲ့မရပ်မနားလျှောက်မယ် ဆိုရင် အချိန်၆နှစ်ခွဲကြာလျှောက်ရပါလိမ့်မယ်။
    လရဲ့အရွယ်အစားဟာကမ္ဘာရဲ့ လေးပုံတပုံပဲရှိပါတယ်။ကမ္ဘာသာကွန်တိန်နာတလုံးဆိုရင် လအစင်းပေါင်း၅၀လောက်ထည့်ထားလို့ရပါတယ်။လရဲ့စုစုပေါင်းမျက်နှာပြင်areaအကျယ်ဟာ စတုရန်းမိုင်၁၄သန်းခွဲခန့်ရှိပါတယ်။အကျယ်စတုရန်းမိုင်၁၇သန်းကျော်ရှိတဲ့ အာရှတိုက်ထက်ကျဉ်းပါတယ်။
    နေစကြာဝဠာထဲမှာရှိတဲ့လတွေထဲမှာ ပဉ္စမမြောက်အကြီးဆုံးဖြစ်ပြီး ပလူတိုဂြိုလ်ထက်ကြီးပါတယ်။ ကမ္ဘာပေါ်ကလူတွေဟာ လရဲ့မျက်နှာစာတဖက်တည်း (ဆန်ဖွတ်တဲ့အဖိုးအိုနဲ့ဝပ်နေတဲ့ယုန်ရှိတဲ့ဖက်) ကိုသာမြင်ကြရပါတယ်။ရုပ်ဆိုးတဲ့တခြားမျက်နှာဖက်ခြမ်းကိုတော့ လနတ်သမီးကကမ္ဘာပေါ်ကလူတွေ မမြင်တွေ့ရအောင်အမြဲကွယ်ဝှက်ထားပါတယ်။ဘယ်လိုနည်းလမ်းနဲ့ကွယ်ဝှက်ထားတာလဲဆိုတော့ လဟာကမ္ဘာကိုတပတ်ပြည့်အောင်လည်ဖို့ကြာချိန်အတိုင်းမိမိကိုယ်တိုင်လည်းမိမိဝင်ရိုးပေါ်မှာ တပတ်ပြည့်အောင်အတိအကျလှည့်ပါတယ်။အဲဒီအတွက်လရဲ့မျက်နှာစာတခုတည်းကပဲ ကမ္ဘာကိုအမြဲတမ်းမျက်နှာမူနေပါတော့တယ်။ကျန်တဲ့မျက်နှာဖက်ခြမ်းကိုမျက်စိနဲ့ တိုက်ရိုကိမြင်ဖူးတဲ့လူသားဆိုလို့ကမ္ဘာပေါ်မှာ ၁၂ဦးပဲရှိပါတယ်။သူတို့ကတော့ အပိုလိုမစ်ရှင်နဲ့လပေါ်သွားဖူးတဲ့ အာကာသယာဉ်မှူးတွေပါ။ 

    လကကမ္ဘာကိုပတ်နေတဲ့ လမ်းကြောင်းပြင်ညီဟာ ကမ္ဘာကနေကိုပတ်နေတဲ့ပြင်ညီနဲ့ တထပ်တည်းမကျပဲတိမ်းစောင်းနေပါတယ်။တကယ်လို့သာတထပ်တည်းကျနေမယ်ဆိုရင် ကျွန်တော်တို့ဟာနေကြပ်တာနဲ့လကြပ်တာကို လတိုင်းကြုံတွေ့နေရမှာဖြစ်ပါတယ်။


    လပေါ်ကိုလူတယောက်လွှတ်ဖို့ အသုံးပြုခဲ့ရတဲ့အချိန်နဲ့ငွေကြေးဟာ အိုစမာဘင်လာဒင်ကိုဖမ်းမိဖို့သုံးစွဲခဲ့ရတဲ့ အချိန်ငွေကြေးတို့နဲ့ဆတူလောက်ရှိပါတယ်။အမေရိကန်အစိုးရကို အချိန်ဆယ်နှစ်နဲ့ဒေါ်လာဘီလီယံ၁၀၀ ကုန်ကျစေပါတယ်။ အမေရိကန်အစိုးရဟာစစ်အေးတိုက်ပွဲ အရှိန်မြင့်နေတဲ့ကာလမှာသူ့ရဲ့စစ်ရေးစွမ်းရည် အရှိန်အဝါကိုပြတဲ့အနေနဲ့လပေါ်မှာညူကလီးယားဗုံး ဖောက်ခွဲဖို့ကြံစည်ခဲ့ဖူးပါတယ်။
    လပေါ်မှာလူတွေရဲ့စွန်ပစ်ပစ္စည်းအနေနဲ့ သွားခဲ့သူတွေရဲ့မစင်အညစ်အကျေးနဲ့ အန်ဖတ်ထုပ်၉၆ထုပ်ရှိပါတယ်။ ၁၉၆၉ဇူလိူင်လ၁၆ရက်နေ့မှာ အပိုလို၁၁အာကာသယာဉ်ကိုပစ်လွှတ်ခဲ့ပြီး ဇူလိူင်၂၀မှာလပေါ်ကိုဆင်းသက်နိုင်ခဲ့ပါတယ်။နောက်ခြောက်နာရီအကြာဇူလိူင်၂၁ ရက်နေ့မှာတော့နီးလ်အမ်းစရောင်းဟာလပေါ်မှာ ပထမဆုံးခြေချတဲ့လူသားအဖြစ်သမိုင်းဝင်သွား ပါတော့တယ်။

    အဲဒီလပေါ်ကိုသွားခဲ့တဲ့အပိုလို၁၁အာကာသ ယာဉ်ပေါ်မှာတပ်ဆင်ထားတဲ့ကွန်ပျူတာတွေရဲ့ စွမ်းရည်ဟာအခုခေတ်မိုဘိုင်းလ်ဖုန်းတလုံးရဲ့ တွက်ချက်လုပ်ဆောင်နိုင်မူကိုတောင်မမှီပါဘူး။ 

    လပေါ်ကိုခြေချခဲ့တဲ့ လူယနေ့ထိ၁၂ဦးပဲရှိပါသေးတယ်။လပေါ်လူသွားခရီးစဉ်တွေကို အမေရိကန်အစိုးရက၁၉၆၉ခုနှစ်မှာစတင်ခဲ့ပြီး ၁၉၇၅ခုနှစ်မှာရပ်နားခဲ့ပါတယ်။အခုအခါမှာNASAကလပေါ်ပြန်သွားဖို့ အစီအစဉ်တွေပြန်စနေပြီးအားလုံး ချောချောမွေ့မွေ့ဖြစ်ရင်၂၀၁၉ ခုနှစ်မှာလပေါ်လူရောက်တာတခါထပ်ကြုံ ရဦးမှာဖြစ်ပါတယ်။

    Written by Kyaw  Min Aung

Comments

Popular posts from this blog

ဓမ္မရာဇက ဘုရား

Damayazika Pagoda ဓမ္မရာဇက ဘုရားသည်ပုဂံမြို့ဟောင်းအရှေ့ပိုင်း ဖွားစောရွာတွင် တည်ရှိပါသည်။ ထိုဘုရားကို ခရစ်သက္ကရာဇ် ၁၁၉၈ တွင် နရပတိစည်သူမင်း က တည်ခဲ့ပါသည်။ ထိုဘုရားမှာမုဒ်ဦးငါးခု ပါရှိပြီး အောက်ခံ ပစ္စယံခုံလုံး ပဉ္စဂံပုံရှိခြင်းမှာအများအားဖြင့် စတုရန်းပုံရှိသော အခြားပုဂံဘုရားများနှင့်မတူပဲဤစေတီ၏ထူးခြားချက်တရပ်ဖြစ်သည်။ ရှေးဟောင်းပုဂံဘုရားများအနက် အမြင်လှပတင့်တယ်(သပ္ပယ်)ပြီး တည်ဆောက်ပုံအချိုးကျသော စေတီတဆူဖြစ်ပါသည်။ စေတီနှင့်ကပ်လျှက်အရပ်ငါးမျက်နှာ၌ ဘုရားကျောင်းဆောင်ငါးခုရှိပြီး ဗုဒ္ဓရုပ်ပွားတော် ငါးဆူ ကိန်းဝပ်စံပယ်တော်မူနေပါသည်။ ဘဒ္ဒကမ္ဘာ၌ပွင့်ပြီးနှင့် ပွင့်လတ္တံ့ဘုရားများကိုရည်ညွှန်းပါသည်။ ခေါင်းလောင်းပုံ စေတီ၏အောက်ခြေ၌ ပဉ္စဂံပုံစံ ပစ္စယာသုံးဆင့် ရှိပြီး ပစ္စယာများ၏ဘေးဖက်တွင် ဗုဒ္ဓ၏ဘဝဖြစ်တော်စဉ် ၅၅၀နိပါတ်တော်လာပုံများကိုစာနှင့်တကွရေးထွင်းထားသည့် စဉ့်စိမ်းအုတ်ချပ်များ လက်ယာရစ်အတိုင်း ပတ်ပတ်လည်ကပ်ထားပါသည်။ ဤဘုရား၌ သီဟိုဠ်ဘုရင်ထံမှရသော ဓာတ်တော်လေးဆူကိုဌာပနာထားရှိကြောင်း၊ ဘုရားတည်ရာ လက်ခငွေ ၄၄၀၂၇ ကျပ် ကုန်ကျကြောင်းကို စေတီအရှေ့မျက်နှာ တဝဂူအတွင်း၌ ရေးထိုးထားသော ဘုရားတည်မော်ကွန်းကျေ...
မင်္ဂလာစေတီ ပုဂံမှာနောက်ဆုံးတည်ခဲ့တဲ့ဘုရားတွေထဲကတဆူဖြစ်ပါတယ်။ ပုဂံမပျက်သုဉ်းမီ ပုဂံခေတ်ရဲ့ နောက်ဆုံးဗိသုကာနဲ့အနုပညာလက်ရာတွေကို ဒီဘုရားမှာလေ့လာနိုင်ပါတယ်။ မင်္ဂလာစေတီကို အေဒီ၁၂၇၇ ခုနှစ်မှာ မြန်မာ့သမိုင်းမှာ တရုပ်ပြေးမင်းလို့ ထင်ရှားတဲ့ နရသီဟပတေ့မင်း က တည်ခဲ့ပြီး၁၂၈၃ ခုနှစ်မှာပြီးစီးခဲ့ပါတယ်။ ရွှေစည်းခုံကို နမူနာယူပြီးတည်ထားတယ်လို့ အဆိုရှိပါတယ်။ ဘုရားတည်နေစဉ်မှာပဲ မွန်ဂိုစစ်မက် ဘေးဒဏ်ဟာပုဂံအပေါ်စတင်ကျရောက်လာပြီဖြစ်ပါတယ်။ ဒီဘုရားဟာ ပုဂံကတခြားစေတီပုထိုးတွေလို တိုင်းပြည်အေးချမ်းသာယာနေစဉ်မှာ တည်ခဲ့ရတာ မဟုတ်ပဲ တိုင်းပြည်ပျက်ခါနီး ဗရုတ်ဗရက်ကာလပုဂံရဲ့နောက်ဆုံးနေ့တွေမှာ တည်ခဲ့ရတာဖြစ်ပါတယ်။ တိုင်းပြည်အပေါ်ကျရောက်နေတဲ့ကြမ္မာဆိုးတွေကနေ ကင်းလွတ်ဖို့ အတိတ်ကောင်း နမိတ်ကောင်း ယူတဲ့အနေနဲ့ "မင်္ဂလာ"ဆိုတဲ့ အမည်ပေးခဲ့သလား စဉ်းစားစရာပါ။ ကြီးကျယ်ခဲ့တဲ့ ပုဂံသားတွေရဲ့ နောင်လာနောက်သားတွေအတွက် အမွေအဖြစ်ထားခဲ့တဲ့ နောက်ဆုံးနုတ်ဆက်လက်ရာတွေကို ဒီဘုရားမှာ လွမ်းမောတမ်းတဖွယ်မြင်တွေ့ရမှာပါ။ စေတီမှာပစ္စယံသုံးဆင့်ရှိပြီး ဇာတက ဝတ္ထ ုထဲက ပုံတွေကိုထွင်းထားတဲ့ လက်ရာမြောက် စဥ့်အုတ်ချပ်တွေ ပတ်ပတ်...

တောင်ငူ(၁)

တောင်ငူ(၁) အာရှမြောက်ပိုင်းစတက်မြက်ခင်းတွေဆီကလူမျိုးစုတစုဟာရာစုနှစ်ပေါင်းများစွာအနောက်ဖက်ကိုတရွေ့ရွေ့ထွက်ခွာသွားခဲ့ကြပြီးယနေ့တူရကီနိုင်ငံနေရာမှာတဖြေးဖြေးချင်းအင်အားတွေစုစည်းသွားမိခဲ့ကြတယ်။၁၅ရာစုမှာတော့သူတို့ဟာဥရောပအင်အားကြီးနိုင်ငံတွေကိုနားရွက်တံတွေးဆွတ်တော့မယ့်အော်တိုမန်အင်ပါယာကြီးကိုဗြုန်းဆိုကောက်ထောင်လိုက်ကြပြီးဥရောပနဲ့အာရှဆက်သွယ်ရေးလမ်းကြောင်းကြီးကိုကားယားခွထားလိုက်ပါတယ်။ ဒီအဖြစ်အပျက်ဟာကမ္ဘာ့သမိုင်းကြောင်းကိုအကြီးအကျယ်ပြောင်းလဲသွားစေခဲ့တယ်။ အစဉ်အဆက်ကုန်သွယ်ခဲ့ကြတဲ့ကုန်းတွင်းပိုးလမ်းမကြီးပိတ်ဆို့သွားတာကြောင့်ဥရောပသားတွေဟာတရုပ်နဲ့အာရှကိုပေါက်ရောက်ဖို့အတွက်လမ်းကြောင်းအသစ်တွေရှာကြံလာရတော့တယ်။အဲဒီလိုရှာကြံရင်းနဲ့ကိုလံဘတ်တို့။ဗတ်စကိုဒဂါးမားတို့လိုစွန့်စားသူတွေကအာရှကိုကုန်သွယ်နိုင်မယ့်ပင်လယ်ရေကြောင်းလမ်းအသစ်တွေကိုတွေ့ရှိလာခဲ့တယ်။ဥရောပမှာလစ္စဘွန်း။အမ်စတာဒမ်။လန်ဒန်အစရှိတဲ့ပင်လယ်ဆိပ်ကမ်းမြို့ကြီးတွေပေါ်ထွန်းလာပြီးပင်လယ်ရေကြောင်းလမ်းဟာကမ္ဘာရဲ့အဓိကကုန်စည်စီးဆင်းရာလမ်းကြောင်းဖြစ်လာခဲ့တယ်။ပင်လယ်ဆိပ်ကမ်းကောင်းရှိ ခြင်းဟာနိုင်ငံတခုရဲ့အသက်သွေးကြောဖြစ်လာခဲ့တယ်။ပင်လယ်ဆိပ်ကမ်းရှိတဲ့မြို့တွေနို...