ရာသီဥတုပြောင်းလဲမူ နှင့်မြန်မာပြည်
Written by Kyaw Min Aung
ယနေ့မြန်မာပြည်ဒေသတချို့မှာ
ရေကြီးရေလျံှမူကြောင့် ဒုက္ခရောက်နေကြသည့် သတင်းတွေ
မီဒီယာတွေမှတဆင့်ကြားသိနေရသည်။
ရခိုင်နှင့်မကွေးတိုင်းဖက်က အဆိုးဆုံးဖြစ်သည်။
တံတားတွေကျိုး၊လမ်းတွေရေတိုက်စားခံရပြီး
လမ်းပန်းဆက်သွယ်ရေးတွေ ပြတ်တောက်ကုန်ကြသည်။
ဧရာဝတီတိုင်းပင်လယ်ကမ်းစပ် ရွာတွေလည်း
ပင်လယ်ရေဝင်သည့် သတင်းကြားရသည်။
တကယ်ဆို ယခုအချိန်ကာလသည် မိုးတွင်းအစသာရှိသေးသည်။
ပုံမှန်အတိုင်းဆို ရေကြီးတတ်သည့်ကာလသို့ မရောက်သေး။
ရေကြီးခြင်းဆိုတာက မြစ်ချောင်းဘေးမြေနိမ့်ဒေသတွေ ပင်လယ်ကမ်းစပ်တွေမှာ
ကြုံရလေ့ရှိသည့် သဘာဝဘေးအန္တရာယ်တမျိုးပါ။
ရေနှုတ်မြောင်းစနစ်များ မကောင်းမွန်သည့််မြို့ကြီးတွေမှာလည်း
မိုးတွင်းရောက်လျှင်အမြဲကြုံရတတ်သည့်ပြဿ နာတခုဖြစ်သည်။
အမေရိကန်နိုင်ငံလည်း ရေဘေးဒဏ်ကို အမြဲလိုလိုခံရပါသည်။
လူအသေအပျောက်နည်းပေမယ့်
ပျက်စီးဆုံးရှုံးမူတန်ဖိုးက အမြဲဘီလီယံနှင့်ချီသည်။

၂၀၁၅ ခုနှစ်က မြန်မာပြည်အနှံ့အပြား ရေလွှမ်းမိုးမူတွေဖြစ်ပေါ်ခဲ့သည်။
တိုင်းနှင့်ပြည်နယ် ၁၄ခုအနက် နှစ်ခုသာလွတ်သည်။
လူနေအိမ်တွေ၊လယ်ယာစိုက်ခင်းတွေ၊စာသင်ကျောင်းတွေများစွာပျက်စီးဆုံးရူံးခဲ့ရသည်။
လူ ၁၀၀ကျော် အသက်ဆုံးရူံးခဲ့ရသည်။ချင်းပြည်နယ်မှာ မြေပြိုမူများဖြစ်ပွားပြီး
ဟားခါးမြို့ဆိုလျှင် မြို့ကွက်ပါပြောင်းခဲ့ရသည်။
လယ်ဧကတသန်းနှစ်သိန်းကျေ ာ်ပျက်စီးဆုံးရှုံးခဲ့ပြီးတိုင်းပြည်ဂျီဒီပီ၏ သုံးရာခိုင်နှုန်းထိခိုက်
ခဲ့သည်ဟုအစိုးရ၏တရားဝင်ထုတ်ပြန်ချက်အရ သိရပါသည်။
ရေလွှမ်းမူကြောင့်ပျက်စီးသွားသည့် စာသင်ကျောင်းတွေကို ဂျပန်နိုင်ငံ၏လှူ ဒါန်းငွေဖြင့်
ွပြန်ဆောက်ပေးသည့်အစီအစဉ်တခုအရ ကလေးနယ်ဖက်ကို ကျွန်တော်ရောက်ခဲ့သည်။
ကျွန်တော်တို့သွားကြည့်သည့်မြို့ပေါ်က အထက်တန်းကျောင်းမှကျောင်းအုပ်ဆရာမကြီးက
နှစ်ထပ်ကျောင်းဆောင်အပေါ် ထုပ်တန်းမှာ မှတ်ထားသည့်
၂၀၁၅ ခုနှစ်ရေကြီးစဉ်က ရေရောက်ခဲ့သည့်အမှတ် ကိုပြသည်။
ထိုစဉ်ကတမြို့လုံး ရေအောက် မြူပ်နေမည့် အဖြစ်ကိုမှန်းဆကြည့်မိပြီးကျောချမ်းသွားခဲ့ရသည်။

ဒေသခံလူကြီးသူမတွေက အခုလို ရေကြီးမူမျိုး သူတို့တသက်နဲ့တကိုယ် မကြုံ ဖူးကြောင်းပြောပြကြသည်။
၂၀၀၆ခုနစ်လောက်က သာပေါင်းနယ်ဖက်မှာ အလုပ်တာဝန်ကျနေစဉ်ဆိုးဆိုးရွားရွားရေကြီးတာကြုံဖူးသည်။
တချို့ရွာများတွင်ထုပ်တန်းပေါ်ဆင့်ထိုး၍တက်နေကြရသည်။
အသက် ၈၀လောက်ရှိသည့်အဘိုးကြီးက
သူ့တသက်ဒီလောက်ရေကြီးတာ မကြုံဖူးကြောင်းပြောပြသည်။
သို့သော် နောက်ပိုင်းတွင် သာပေါင်းဖက်က ရွာတွေမှာ
မိုးတွင်းရောက်လျှင် ရေကြီးရေလျှံဖြစ်သည့် သတင်းတွေက အမြဲလိုလိုကြားလာရပါသည်။
သာမန်အားဖြင့် မုန်တိုင်းဝင်လေ့ဝင်ထမရှိသောမြစ်ဝကျွန်းပေါ်ဒေသကို
၂၀၀၈ခုနှစ်က နာဂစ်ဆိုင်ကလုန်းမုန်တိုင်းကြီးဝင်သွားပြီး
မြန်မာ့သမိုင်းမှာအဆိုးဝါးဆုံးသော သဘာဝကပ်ဘေးဖြစ်ခဲ့သည်။
လူတသိန်းကျော် သေပျောက်ခဲ့ပြီးဒေါ်လာဘီလီယံနှင့်ချီ ပျက်စီးဆုံးရူံးခဲ့ရသည်။
ထိုဒေသရှိ နေထိုင်သူတွေမှာလည်း ယခင်က ဤမျှဆိုးဝါးပြင်းထန်သည့် မုန်တိုင်းမျိုး မကြုံတွေ့ခဲ့ဘူးချေ။
ထိုကြောင့်ကြိုတင်ပြင်ဆင်မူများ အားနည်းခဲ့ရသည်။
ထိုနောက်ပိုင်းတွင် ပင်လယ်တဝိုက်၌ လေပြင်းများတိုက်ခတ်မူကြောင့် ကျားဖောင်လုပ်သားများ
မျောပါသေဆုံးမူသတင်းတွေ၊ ကမ်းခြေရွာတွေက အိမ်တွေ မုန်တိုင်းဒဏ်ကြောင့်ပျက်စီးပြိုပျက် ကုန်သည့်
သတင်းတွေကကြားရခဲသည့် သတင်းများမဟုတ်တော့ပါ။
ယခင်က ဖြစ်ခဲသော၊ဖြစ်လေ့ဖြစ်ထမရှိသောသဘာဝဘေးဒဏ်များကို နှစ်စဉ်လိုလို
ခပ်စိပ်စိပ်ကြုံ တွေ့လာရတော့သည်။

ကျွန်တော်တို့ငယ်စဉ်ကနှင့် နိူင်းယှဉ်ကြည့်လျှင်
ရာသီဥတုမူမမှန်၊ဖောက်ပြန်လာမူတွေက တနှစ်ထက်တနှစ် သိသာထင်ရှားလာသည်။
အစဉ်အလာအရ သဘာဝဘေးအန္တရာယ် ကြုံတွေ့ရမူနည်းပါးသည့်မြန်မာနိုင်ငံကို
အစဉ်အမြဲသတိရှိဖို့ နာဂစ်မုန်တိုင်းက ခါးသီးသည့့်သင်ခန်းစာပေးခဲ့ပြီးဖြစ်သည်။
ယခုအခါတွင်
မြန်မာနိုင်ငံသည် သဘာဝဘုရားသခင်၏မျက်နှာသာပေးခြင်းမခံရတော့ပါ။
ရာသီဥတုပြောင်းလဲမူဖြစ်စဉ်ကြောင့်အထိခိုက်ဆုံးခံစားရမည့် နိုင်ငံများစာရင်းထဲ
မြန်မာနိုင်ငံက ထိပ်ဆုံးကပါဝင်လာပါသည်။
မြန်မာနိုင်ငံသည်စိုက်ပျိုးရေးနိုင်ငံဖြစ်သည်နှင့်အညီ လူအသေအပျောက်မရှိသည့်တိုင်
သာမန်ရေကြီးမူများကလည်း နိုင်ငံ့စီးပွားရေးကိုများစွာထိခိုက်စေမည်ဖြစ်သည်။
ကမ္ဘာ့လေထုထဲကို အကန့်အသတ်မရှိထုတ်လွှတ်နေကြသည့် ဖန်လုံအိမ်ဓာတ်ငွေ့များကြောင့်
ကမ္ဘာ့အပူချိန်က တဖြည်းဖြည်းုမြင့်တက်နေပါသည်။
ရုပ်ကြွင်းလောင်စာသုံးစွဲမူများနှင့် မော်တော်ယာဉ်များက ထွက်သောမီးခိုးများက
ဖန်လုံအိမ်ဓာတ်ငွေ့ထွက်ရှိမူတွင် အဓိကအခန်းကဏ္ဍမှပါဝင်သည်။
တိရစ္ဆာန်စားကျက်များ၊ အမိူက်ပုံများကထွက်သောမီသိန်းဓာတ်ငွေ့များကလည်း
ထပ်လောင်းအားဖြည့်သည်။
သစ်တောပြုန်တီးမူများကြောင့် လေထဲတွင် ကာဗွန်ဒိုင်အောက်ဆိုက် ပိုများလာသည်။

ရာစုနှစ်တခုအတွင်းမှာအနည်းဆုံး အပူချိန်၁ဒီကရီစင်တီဂရိတ် မြင့်တက်လာခဲ့ပါသည်။
လွန်ခဲ့သည့်နှစ်ပေါင်း၁၄၀အတွင်း၂၀၁၆ ခုနှစ်သည် အပူဆုံးနှစ်ဖြစ်ခဲ့သည်ဟု
အမေရိကန်ပင်လယ်သမုဒ္ဒရာနှင့်လေထုလေ့လာရေးအဖွဲ့ကြီး(NOAA )ကပြောသည်။
မှတ်တမ်းစတင်ခဲ့သည့် ၁၈၈၀ခုနှစ်မှစ၍ ယခုဆယ်စုနှစ်သည် အပူဆုံးဆယ်စုနှစ်ကာလဖြစ်သည်
ဟုသိရသည်။
ပို၍ပူနွေးလာသောသမုဒ္ဒရာရေပြင်က ရေခိုးရေငွေ့တွေပိုလွှတ်လာသလို မုန်တိုင်းတွေကိုလည်း
ပိုမိုမွေးဖွားပေးပါသည်။
ကမ္ဘာ့လေထုကလည်းပိုပူလာပြီး ပိုမတည်မငြိမ်ဖြစ်လာပါသည်။
လေထုမငြိမ်မသက်မူတွေ ပိုများလာတာကလည်း
မုန်တိုင်းတွေအဖြစ်များလာစေသည့်အကြောင်းတရပ်ဖြစ်ပါသည်။
ယခင်ကမုန်တိုင်းဖြစ်လေ့မရှိသည့်နေရာများတွင်လည်း မုန်တိုင်းများဖြစ်လာကြသည်။
ဖြစ်သည့်မုန်တိုင်းကလည်းအားပိုကောင်းလာ၊အားပိုကြီးလာကြသည်။
မုန်တိုင်း၏ရွေ့လျားနှုန်းကပိုနှေးလာပြီး မိုးပိုရွာလာသည်။
တောင်တန်းတွေပေါ်သဲသဲမဲမဲရွာချလိုက်သည့် မိုးရေတွေက
သစ်ပင်သစ်တောပြုန်းတီးနေသည့်် တောင်စောင်းတွေကနေ
တဟုန်ထိုး ဆင်းလာပြီ းအပေါ်ယံမြေဆီလွှာတွေကိုတိုက်စားသွားသည်။
တောင်စောင်းတွေမှာ မြေပြိုမူတွေ အသောမသတ်ဖြစ်စေသည်။
မြစ်ရေတွေက ပိုနောက်ကျိလာကြသည်။
အနယ်အနှစ်တွေပို့ချမူက ပိုများလာပြိးချောင်းမြောင်းများတိမ်ကောလာကြသည်။
တောင်ခြေဒေသတွေ၊မြစ်ဘေး၊ချောင်းဘေးကမြို့ရွာတွေကို ရေကြီးရေလျှံမူတွေဖြစ်စေသည်။
ရာသီဥတုပြောင်းလဲမူဖြစ်စဉ်ကြောင့် မိုးတွင်းကာလက ပိုတိုတောင်းလာပြီး
ရွာသည့်အခါ၌မူသဲသဲမဲမဲရွာချသည်။
မိုးနည်းသည့်ဒေသတွေက မိုးပိုနည်းလာသည်။
စွတ်စိုသည့်ဒေသတွေက ပိုစွတ်စိုပြီး
ခြောက်သွေ့သည့်ဒေသတွေကလည်း ပိုခြောက်သွေ့သွားကြသည်။
နွေအခါ နေအပူဒဏ်၊အပူလိူင်းဖြတ်သည့်ဒဏ်ကို ပိုခံလာရသည်။

ဝင်ရိုးစွန်းကရေခဲတောင်ကြီးတွေ အရည်ပျော်နူန်းက မြန်ဆန်လာသည်။
အာတိတ်ဒေသကရေခဲပြင်တွေ အနှစ်နှစ်ဆယ်အတွင်း တဝက်လောက်ပျောက်ကုန်သည်။
ရေခဲတောင်များအရည်ပျော်ခြင်းကြောင့်
သမုဒ္ဒရာရေက တနှစ်ထက်တနှစ် ပိုပို မြင့်တက်လာနေသည်။
အကယ်၍သာဝင်ရိုးစွန်းဒေသမှရေခဲများအကုန်အရည်ပျော်သွားလျှင်
သမုဒ္ဒရာရေပြင်သည် ပေ၂၀၀ အထိ မြင့်တက်သွားနိုင်သည်ဟု သိပ္ပံပညာရှင်တို့ခန့်မှန်းထားကြသည်။
ထိုသို့ဖြစ်ဖို့ခဲယဉ်းသော်လည်း လောလောဆယ် အန္တာတိတ်ဒေသမှရေခဲပြင်တွေက
တနှစ်ကို တန်ချိန် ၃၅ ဘီလီယံလောက်အထိ အရည်ပျော်ဆင်းနေသည်။
ဒီနှုန်းကလွန်ခဲ့သည့်၅နှစ်အတွင်းသိသိသာသာမြင့်တက်လာခဲ့ခြင်းဖြစ်သည်။

ပင်လယ်ရေ မြင့်တက်လာသည့်အတွက် လက်ရှိမြစ်ဝကျွန်းပေါ်ဒေသများရှိလယ်များသို့
ရေငန်များတစတစဝင်ရောက်လာပြီ းစိုက်မရ၊ပျိုးမရဖြစ်ကုန်ကြမည်။
စိုက်ပျိုးမြေရှားပါးလာရာမှ စားနပ်ရိက္ခာအထွက်နူန်းကျဆင်းလာမည်။
ရေငန်ဝင်သောသောက်သုံးရေကန်များသုံးမရဖြစ်ကုန်မည်။
အလုပ်အကိုင်ရှားပါးလာသောထိုဒေသရှိလူများက မြို့ကြီးများဆီ စုပြုံတိုးဝှေ့ဝင်လာကြမည်။
လောလောဆယ်အိုးအိမ်မဲ့ကျူးကျော်နေထိုင်သူများပြသနာ၊
အခြေခံအဆောက်အဦချို့တဲ့မူပြသနာတို့နှင့် ရင်ဆိုင်နေရသောမြို့ကြီးများကို တပူပေါ်နှစ်ပူဆင့်စေမည်။
ပင်လယ်ရေမျက်နှာပြင်သည် နောင်အနှစ်တရာရောက်လျှင် ယခုထက်
၁ပေကနေ သုံးပေအထိမြင့်တက်လာပြီး ပင်လယ်ကမ်းခြေဒေသများ၊မြစ်ဝကျွန်းပေါ်
ဒေသများ ရေအောက် ရောက်ကုန်တော့မည် ဟု ရာသီဥတုပညာရှင်များက သတိပေးထားကြပါသည်။
နောင်အနှစ်တရာအတွင်း ထိုနေရာမှပြောင်းရွှေ့လာကြမည့်လူများအတွက်
နေစရာ၊စားစရာ၊ အလုပ်အကိုင်များဖန်တီးပေးနိုင်ဖို့ ကြိုတင်စဉ်းစားထားရတော့မည်။
ယခုရေကြီးရေလျှံဖြစ်နေသည့်တောင်ခြေရှိ အနိမ့်ပိုင်းမြေပြန့်ဒေသများသည်
ရေကြီးမူဒဏ်အမြဲခံရဖို့များနေသည်။
ယခုလိုသာအမြဲဖြစ်နေပါက သူတို့၏ရေရှည်စီးပွားရေး။လူမူရေး
အခြေအနေအပေါ် ကြီးကြီးမားမားထိခိုက်လာတော့မည်။
ထိုဒေသများအတွက် ရေကြီးဒဏ်ကာကွယ်ဖို့
ရေရှည်အစီအမံများစဉ်းစားလုပ်ဆောင်ဖို့လိုပါပြီ။
ကျွန်တော်တို့သည် ဖန်လုံအိမ်ဓာတ်ငွေ့(green house gases)၊ ရာသီဥတုပြောင်းလဲမူ(Climate change)၊
ကမ္ဘာကြီးပူနွေးလာခြင်း(Global warming) စသည့်စကားလုံးများကို နားမဆန့်အောင် ကြားခဲ့ရပြီးဖြစ်သည်။
အဆိုပါအကြောင်းအရာများသည် လူတိုင်းနားယဉ်နေသည့် ကြားဖူးနားဝရှိနေသည့်
အကြောင်းအရာများဖြစ်နေပြီ။
Familiarity makes contempt ဆိုသော စကားအတိုင်း မြင်ပါသွားတော့ ယဉ်သွားသည်။
အလေးဂရုပြုရ မှန်းမသိတော့။
တချို့ကလည်း တဖြည်းဖြည်းနဲ့မသိမသာ ပြောင်းလဲနေသည့်ဖြစ်စဉ်အပေါ်
မယုံတဝက်ယုံတဝက် သာရှိကြသည်။
ယုံသူတို့ကလည်း လောလောဆယ်ကြုံတွေ့ရမယ့်ကိစ္စမဟုတ်။
နောင်နှစ်ပေါင်းများစွာကြာမှ ကြုံတွေ့ရမည့်ကိစ္စ ဟုသဘောပိုက်ကြသည်။
မည်သို့ပင်ဖြစ်စေ လူ့ပယောဂကြောင့်ဖြစ်ပေါ်နေသော ရာသီဥတုပြောင်းလဲခြင်းဖြစ်စဉ်သည်
အမှန်ရှိနေပြီဆိုတာငြင်းဆို၍မရတော့ပါ။
ထိုဖြစ်စဉ်က လူသားနဲ့လူ့ပတ်ဝန်းကျင်အပေါ်လက်ရှိအချိန်မှာပင်ဆိုးကျိုးများ
သက်ရောက်နေပြီဖြစ်သည်။
ကျွန်တော်တို့နိုင်ငံအပေါ်တွင်လည်း သက်ရောက်မူကြီးကြီးမားမားရှိနေပြီ
ဆိုခြင်းကိုလက်တွေ့ခံစားသိနေရပေပြီ။
ကျွန်တော်တို့လူအဖွဲ့အစည်းအနေနှင့်ရာသီဥတုပြောင်းလဲမူဖြစ်စဉ်မှ ကြုံတွေ့ရမည့်
သဘာဝဘေးအန္တရာယ်များကို ရှောင်လွဲ၍မရနိုင်ပါ။
သို့သော်အထိအခိုက်နည်းပါးအောင် ကြိုတင်စီမံ၍ရပါသည်။
ထိုကပ်ဘေးများမှတဆင့် စီးပွားရေး၊လူမူရေး၊နိုင်ငံရေးကိုထိခိုက်လာနိုင်သည့်
အခြေအနေများကိုလည်းတွက်ဆပြီးကြိုတင်ပြင်ဆင်မူများကို လုပ်ထားရန်
လိုအပ်နေပြီဖြစ်ပါသည်။
(ရေးသားသူ- ကိုကျော်မင်းအောင်)

Comments
Post a Comment