The Worst Dam failure in History
သမိုင်းတလျှောက် အဆိုးဝါးဆုံးသော
ဆည်ကျိုးပေါက်မူကြီး
ဖြစ်ပွားခဲ့ပါတယ်။
လူပေါင်း တသိန်းခွဲလောက်
အသက်ဆုံးရံှုးခဲ့ပြီး အိုးအိမ် ဆယ်သန်း
ကျော်ပျက်စီးခဲ့ပါတယ်။
ဆည်ကထုတ်လုပ်ပေးနေတဲ့
လျှပ်စစ်ဓါတ်အား၁၈၀၀၀ မဂါ္ဂဝပ်
ပြတ်တောက်ဆုံးရံှုးသွားခဲ့ပါတယ်။
* * * * * *
Banqiao Dam ကို ရူမြစ်ပေါ်မှာ
၁၉၅၀ပြည့်နှစ်အစောပိုင်းကာလတွေမှာ
စတင်တည်ဆောက်ခဲ့ပါတယ်။
မြစ်ဝါမြစ်ဝှမ်းရေလွှမ်းမိုးမူကာကွယ်ရေးုနဲ့
လျှပ်စစ်ဓါတ်အားထုပ်လုပ်ရေးအစီအစဉ်ရဲ့
အစိတ်အပိုင်းတခုအနေနဲ့တည်
ဆောက်ခဲ့တာဖြစ်ပါတယ်။ရေကာတာအမြင့်ဟာ၃၈၇ ပေရှိပြီးရေပမာဏထုထည် ၁၇.၅ ဘီလီယံကုဗပေသို
လှောင်နိုင်ပါတယ်။ဒီဆည်ကြီးဟာ
အနှစ်တထောင်မှာ
တကြိမ်လောက်သာဖြစ်တန်စွမ်းတဲ့
အဆိုးဆုံးသောရေကြီးမူဒဏ်ကိုခံနိုင်တယ်လို့
တရုပ်အစိုးရကပြောပါတယ်။
ဒါပေမယ့်ကံဆိုးစွာနဲ့ပဲ
အနှစ် ၂၀၀၀ မှာတကြိမ်
လောက်သာကြုံရနိုင်တဲ့ရေကြီးမူကို
၁၉၇၆ခုနှစ်သြဂုတ်လအစောပိုင်းမှာ
ကြုံတွေ့လိုက်ရပါတော့တယ်။
တိုင်ဖွန်းမုန်တိုင်း နီနာကြောင့်မိုးသည်းထန်စွာ
ရွာသွန်းပြီးပထမတရက်ထဲမှာပဲရွာလိုက်တဲ့မိုးက
လက်မ ၄၀ကျော်ပါတယ်။ဒါဟာဒီဒေသမှာပုံမှန်
တနှစ်ပတ်လုံးရွာတဲ့ စုစုပေါင်းမိုးရေချိန် ထက်များပါတယ်။ဒီလိုပုံစံမျိုးနဲ့သုံးရက်
ဆက်တိုက်ရွာပါတယ်။
သြဂုတ်လ၈ ရက်နေ့မှာတော့
ဆည်ဟာကျိုးပေါက်သွားပြီး၃၃ပေ အမြင့်ရှိတဲ့ရေလုံးကြီးတွေဟာဆည်အနီးဝန်း
ကျင်နိမ့်ပိုင်းဒေသတွေကိုတနာရီမိုင် ၃၀ လောက်အလျင်နဲ့အရှိန်အဟုန်ပြင်းစွာပြေးဝင်
လာတော့တယ်။
ဆည်အောက်ပိုင်းမှာကပ်လျှက်ရှိတဲ့
Daowenchenဆိုတဲ့မြို့ကလေးဟာ
ရေလုံးတွေရဲ့အောက်မှာချက်ချင်းဆိုသလိုပဲ
ပျောက်ကွယ်သွားပြီးအဲဒီမှာနေထိုင်ကြ တဲ့
မြို့သူမြို့သား၉၆၀၀ စလုံး
အသက်ဆုံးရံှုးသွားပါတယ်။
အဲဒီတနေ့တည်းမှာပဲ
တိုင်ဖွန်းမုန်တိုင်းနဲ့ဆက်စပ်ရေလွှမ်းမူ
ဒဏ်တွေကြောင့်အဲဒီဒေသက
အခြားဆည်နဲ့ရေကာတာ ၆၁ ခုလည်း
Banqiao Dam လိုပဲ ကျိုးပေါက်သွားကြပါတယ်။ရေလွှမ်းမိုးမူကြောင့် သေတဲ့သူက ၂၆၀၀၀ လောက်ရှိပြီးဆက်စပ်ဖြစ်ပွား
တဲ့အစာရေစာပြတ်လပ်မူ၊ရောဂါဘယတွေ ကြောင့်သေတဲ့သူက တစ်သိန်းခွဲလောက်ရှိပါတယ်။
ကြိုတင်သတိပေးစံနစ်မရှိတာ၊ဆက်သွယ်ရေး
စံနစ်တွေမကောင်းမွန်တာနဲ့
့ရွှေ့ပြောင်းမူတွေကြိုတင်မလုပ်နိုင်ခဲ့တာတွေက
ဆုံးရံှုးမူကိုကြီးမားသွားစေတာဖြစ်ပါတယ်။
* * * * *
အဲဒီစီမံကိန်းမှာ Chen Xing ဆိုတဲ့ သူ့ခေတ်သူ့အခါကထင်ရှားတဲ့ hydrologist ပညာရှင်တယောက်ပါ ပါတယ်။
အာဏာပိုင်တွေဟာသူပေးတဲ့အကြံဉာဏ်တွေကို
မယူပဲကုန်ကျစရိတ်သက်သာအောင်
ဘေးအန္တရာယ်ကင်းရှင်းရေးအတိုင်းအတာတွေကိုလျှော့ချတည်ဆောက်ခဲ့ပါတယ်။
ဥပမာအားဖြင့်သူက ရေတံခါး၁၂ ခုထားဖို့တင်ပြပေမယ့်အာဏာပိုင်တွေက ၅ခုသာထားခဲ့ပါတယ်။
Chen Xingဟာ နောက်ပိုင်းမှာ
ဆည်တည်ဆောက်ရေး Project ကနေနူတ်ထွက်သွားပါတယ်။ဒါပေမယ့်
ဆည်ကျိုးပေါက်မူကြီးဖြစ်ပြီးနောက်ပိုင်း ဆည်တွေကိုပြန်ပြုပြင်တဲ့အခါမှာတော့
့အစိုးရကသူ့ကိုပြန်ခေါ်ရပါတယ်။
ဒီဖြစ်ရပ်ဆိုးကြီးဟာပညာရှင်တွေရဲ့
တင်ပြချက်ကိုအလေးမထား
ငါတကော ကောပြီး ထင်ရာလုပ်တတ်တဲ့အာ
ဏာပိုင်တွေကြောင့်အသက်ပေါင်းများစွာ
ပျက်စီးဆုံးရံှူးခဲ့ရတဲ့အကောင်းဆုံးသာဓကတခု
လည်းဖြစ်ပါတယ်။
(By: Kyaw Min Aung)
(ကျွန်တော်၂၀၁၄ အောက်တိုဘာလက တင်ခဲ့တဲ့post ကိုပြန်လည်တင်ပြတာပါ)
Comments
Post a Comment