Skip to main content

ကမ္ဘာ့ပထမဆုံးဓာတ်ဆီအင်ဂျင်နဲ့့မောင်းနှင်တဲ့ မော်တော်ကား


ကမ္ဘာ့ပထမဆုံးဓာတ်ဆီအင်ဂျင်နဲ့့မောင်းနှင်တဲ့ မော်တော်ကား
ကိုမားစီးဒီးဘင့်ဇ်ကားတို့ရဲ့ဖခင်ကြီးဖြစ်တဲ့
ကားလ်ဘင့်ဇ်(Karl Benz) က
၁၈၈၅ ခုနှစ်မှာ တီထွင်ခဲ့ပါတယ်။

သူ့ရှေ့မှာ ရေနွေးငွေ့အင်ဂျင်နဲ့မောင်းတဲ့
လမ်းပေါ်သွားယာဉ်တီထွင်သူတွေ၊
လျှပ်စစ်နဲ့မောင်းတဲ့ယာဉ်တီထွင်သူတွေ
ရှိပေမယ့် ကားလ်ဘင့်ဇ် ကိုသာ
ယခုခေတ်ကားတွေရဲ့ ရှေ့ဆောင်
တီထွင်သူအဖြစ် သတ်မှတ်ကြပါတယ်။
သူ့ကားရဲ့ထူးခြားချက် က
အတွင်းမီးတောက်အင်ဂျင်(Internal
Combustion Engine) ကို
အသုံးပြုထားပြီး
အင်ဂျင်နဲ့ကိုယ်ထည်ကို ယူနစ်တခုတည်း
အဖြစ်ပေါင်းစပ်ပြုလုပ်ထားတာဖြစ်ပါတယ်။
သူ့ကားတန်ဖိုးက
ယခုခေတ်ငွေတန်ဖိုးနဲ့ဆို
ဒေါ်လာနှစ်သောင်းခွဲလောက်ကျပါတယ်။
ကားအလေးချိန်က ၂၆၅ကီလိုရှိပြီး
အရှည်က၂.၇မီတာ၊ အနံက၁.၄မီတာ ရှိပါတယ်။
တနာရီကို ၁၆ကီလိုမီတာ
မောင်းနှင်နိုင်ပါတယ်။
အင်ဂျင်ကမြင်းကောင်ရေသုံးမတ်ရှိတဲ့
single cylinder four-stroke
အင်ဂျင်ဖြစ်ပါတယ်။
ဓာတ်ဆီ၁လီတာက်ို ၁၀ကီလိုမီတာမောင်းနိုင်ပါတယ်။

ဂျာမန်စက်မူအင်ဂျင်နီယာတဦးဖြစ်တဲ့
ဘင့်ဇ် ဟာ
သူတီထွင်ခဲ့တဲ့အဲဒီကားကို
မူပိုင်ခွင့်လျှောက်ထားခဲ့ရာ
၁၈၈၆ ခုနှစ်ဇန်နဝါရီလ၂၉ရက်မှာ
German Patent No.37435
အဖြစ်မူပိုင်ခွင့်ရခဲ့ပါတယ်။ဇူလိူင်လ၃ရက်နေ့မှာလူထုပရိသတ်
ရှေ့မှောက်မှာ ပထမဆုံးအကြိမ်
မောင်းနှင်ပြသခဲ့ပါတယ်။သူမောင်းနေစဉ်မှာကားဆီပြတ်ပြီး
ရပ်မသွားစေဖို့
သူ့သားကဓာတ်ဆီဘူးကိုကိုင်ပြီး
ကားနောက်က တကောက်ကောက်
အပြေးလိုက်နေရပါတယ်။

၁၈၈၈ခုနှစ်ရဲ့တခုသောမနက်ခင်းမှာ
ဇနီးဖြစ်သူက Benz တီထွင်ထားတဲ့
အဲဒီကားကို
ယောင်္ကျားဖြစ်သူမသိ
လိုက်ပဲ သားနှစ်ယောက်ကိုတင်ပြီး တခြားမြို့တမြို့က သူ့အမေဆီ အလည်သွားဖို့မောင်းထွက်လာခဲ့ပါတယ်။လမ်းမှာမကြာခဏဆီပြတ်လပ်မူ၊ဘရိတ်အဆင်မပြေမူ၊အတက်အဆင်း
တွေမှာ ဒုက္ခရောက်မူတွေ ကြုံတွေ့ပေမယ့်Benzရဲ့ဇနီးပီပီ
တချို့အခက်အခဲတွေကို သူမဖာသာကြံဖန်
ဖြေရှင်းနိုင်ခဲ့ပါတယ်။၆၆မိုင်ရှည်တဲ့
အဲဒီခရီးဟာ(အသွားအပြန်ဆိုရင် ၁၃၂မိုင်)မော်တော်ကားတစီးအနေနဲ့
ကမ္ဘာမှာပထမဆုံး အရှည်ကြာဆုံးမောင်းနိုင်တဲ့ခရီးအဖြစ်
မှတ်တမ်းဝင်ခဲ့ပါတယ်။
သူမ ကိုယ်တိုင်လည်း ကမ္ဘာမှာ
ပထမဆုံး ဟိုင်းဝေးမောင်းတဲ့ဒရိုင်ဘာ
အဖြစ် အသိအမှတ်ပြုခံရပါတယ်။
အဲဒီခရီးကရတဲ့အတွေ့အကြုံတွေက
သူမယောကျာင်္းကို ကားရဲ့ဆီတိုင်ကီနဲ့
့ဆီပို့စနစ်တွေ၊ဘရိတ်ပိုင်းဆိုင်ရာနဲ့
ဂီယာတို့ကို ဆက်လက်
မွမ်းမံတီထွင်နိုင်စေခဲ့ပါတယ်။
ကားလ်ဘင့်ဇ်ဟာသူတီထွင်ခဲ့တဲ့
ကမ္ဘာ့ပထမဆုံးကားကို
၁၉၀၆ ခုနှစ်မှာ မြူးနစ်ပြတိုက်ကိုလှူဒါန်းခဲ့ပါတယ်။၁၉၃၆ခုနှစ်မှာပုံစံတူပြုလုပ်ခဲ့တဲ့
သုံးစုံကတော့ မားစီးဒီးဘင့်ဇ်ပြတိုက်၊ ဗီယင်နာမြိုက နည်းပညာပြတိုက်( Museum of Technology)နဲ့ ဒရက်ဒန်မြို့က သယ်ယူပို့ဆောင်ရေးပြတိုက်(Museum of Transportation) တွေမှာရှိပါတယ်။
(Written by Kyaw Min Aung)

Comments

Popular posts from this blog

ဓမ္မရာဇက ဘုရား

Damayazika Pagoda ဓမ္မရာဇက ဘုရားသည်ပုဂံမြို့ဟောင်းအရှေ့ပိုင်း ဖွားစောရွာတွင် တည်ရှိပါသည်။ ထိုဘုရားကို ခရစ်သက္ကရာဇ် ၁၁၉၈ တွင် နရပတိစည်သူမင်း က တည်ခဲ့ပါသည်။ ထိုဘုရားမှာမုဒ်ဦးငါးခု ပါရှိပြီး အောက်ခံ ပစ္စယံခုံလုံး ပဉ္စဂံပုံရှိခြင်းမှာအများအားဖြင့် စတုရန်းပုံရှိသော အခြားပုဂံဘုရားများနှင့်မတူပဲဤစေတီ၏ထူးခြားချက်တရပ်ဖြစ်သည်။ ရှေးဟောင်းပုဂံဘုရားများအနက် အမြင်လှပတင့်တယ်(သပ္ပယ်)ပြီး တည်ဆောက်ပုံအချိုးကျသော စေတီတဆူဖြစ်ပါသည်။ စေတီနှင့်ကပ်လျှက်အရပ်ငါးမျက်နှာ၌ ဘုရားကျောင်းဆောင်ငါးခုရှိပြီး ဗုဒ္ဓရုပ်ပွားတော် ငါးဆူ ကိန်းဝပ်စံပယ်တော်မူနေပါသည်။ ဘဒ္ဒကမ္ဘာ၌ပွင့်ပြီးနှင့် ပွင့်လတ္တံ့ဘုရားများကိုရည်ညွှန်းပါသည်။ ခေါင်းလောင်းပုံ စေတီ၏အောက်ခြေ၌ ပဉ္စဂံပုံစံ ပစ္စယာသုံးဆင့် ရှိပြီး ပစ္စယာများ၏ဘေးဖက်တွင် ဗုဒ္ဓ၏ဘဝဖြစ်တော်စဉ် ၅၅၀နိပါတ်တော်လာပုံများကိုစာနှင့်တကွရေးထွင်းထားသည့် စဉ့်စိမ်းအုတ်ချပ်များ လက်ယာရစ်အတိုင်း ပတ်ပတ်လည်ကပ်ထားပါသည်။ ဤဘုရား၌ သီဟိုဠ်ဘုရင်ထံမှရသော ဓာတ်တော်လေးဆူကိုဌာပနာထားရှိကြောင်း၊ ဘုရားတည်ရာ လက်ခငွေ ၄၄၀၂၇ ကျပ် ကုန်ကျကြောင်းကို စေတီအရှေ့မျက်နှာ တဝဂူအတွင်း၌ ရေးထိုးထားသော ဘုရားတည်မော်ကွန်းကျေ...
မင်္ဂလာစေတီ ပုဂံမှာနောက်ဆုံးတည်ခဲ့တဲ့ဘုရားတွေထဲကတဆူဖြစ်ပါတယ်။ ပုဂံမပျက်သုဉ်းမီ ပုဂံခေတ်ရဲ့ နောက်ဆုံးဗိသုကာနဲ့အနုပညာလက်ရာတွေကို ဒီဘုရားမှာလေ့လာနိုင်ပါတယ်။ မင်္ဂလာစေတီကို အေဒီ၁၂၇၇ ခုနှစ်မှာ မြန်မာ့သမိုင်းမှာ တရုပ်ပြေးမင်းလို့ ထင်ရှားတဲ့ နရသီဟပတေ့မင်း က တည်ခဲ့ပြီး၁၂၈၃ ခုနှစ်မှာပြီးစီးခဲ့ပါတယ်။ ရွှေစည်းခုံကို နမူနာယူပြီးတည်ထားတယ်လို့ အဆိုရှိပါတယ်။ ဘုရားတည်နေစဉ်မှာပဲ မွန်ဂိုစစ်မက် ဘေးဒဏ်ဟာပုဂံအပေါ်စတင်ကျရောက်လာပြီဖြစ်ပါတယ်။ ဒီဘုရားဟာ ပုဂံကတခြားစေတီပုထိုးတွေလို တိုင်းပြည်အေးချမ်းသာယာနေစဉ်မှာ တည်ခဲ့ရတာ မဟုတ်ပဲ တိုင်းပြည်ပျက်ခါနီး ဗရုတ်ဗရက်ကာလပုဂံရဲ့နောက်ဆုံးနေ့တွေမှာ တည်ခဲ့ရတာဖြစ်ပါတယ်။ တိုင်းပြည်အပေါ်ကျရောက်နေတဲ့ကြမ္မာဆိုးတွေကနေ ကင်းလွတ်ဖို့ အတိတ်ကောင်း နမိတ်ကောင်း ယူတဲ့အနေနဲ့ "မင်္ဂလာ"ဆိုတဲ့ အမည်ပေးခဲ့သလား စဉ်းစားစရာပါ။ ကြီးကျယ်ခဲ့တဲ့ ပုဂံသားတွေရဲ့ နောင်လာနောက်သားတွေအတွက် အမွေအဖြစ်ထားခဲ့တဲ့ နောက်ဆုံးနုတ်ဆက်လက်ရာတွေကို ဒီဘုရားမှာ လွမ်းမောတမ်းတဖွယ်မြင်တွေ့ရမှာပါ။ စေတီမှာပစ္စယံသုံးဆင့်ရှိပြီး ဇာတက ဝတ္ထ ုထဲက ပုံတွေကိုထွင်းထားတဲ့ လက်ရာမြောက် စဥ့်အုတ်ချပ်တွေ ပတ်ပတ်...
သမိုင်းထဲကဒီနေ့   Thaksin the Great ၁၇၆၇ ခုနှစ်ဇီဇင်ဘာ၂၈ ရက်မှာယိုးဒယားကိုသိမ်းပိုက်ထားတဲ့မြန်မာ တပ်တွေကိုခုခံတော်လှန် နေတဲ့တော်လှန်ရေးခေါင်းဆောင်သက်ဆင်ဟာယိုးဒယားနိုင်ငံရဲ့ဘုရင်အဖြစ်သူ့ကိုယ်သူ ကျေညာပါတယ်။ မြန်မာတပ်တွေဟာအယုဒ္ဓယကိုခြေမူန်းဖျက်ဆီး လိုက်တဲ့အချိန်မှာ ဘုရင်Ekkaratသေဆုံးသွားပြီး အယုဒ္ဓယ မင်းဆက်လည်းပြတ်သွားခဲ့ပါတယ်။ နှစ်ပေါင်းလေးရာကျော်ကြာရှည်ခဲ့တဲ့ အယုဒ္ဓယခေတ်ဟာ မြန်မာတွေရဲ့ကျူ းကျော်မူ ကြောင့် အဆုံးသတ်သွားခဲ့ရပါတယ်။ ၁၇၆၇ ခုနှစ် အယုဓယ သိမ်းမြန်မာစစ်ချီလမ်းကြောင်း န ဒီလိုအချိန်မှာတရုပ်နွယ်ဖွားတဦးဖြစ်တဲ့ သက်ဆင်ဟာ ခုခံစစ်ဆက်လက်ဆင်နွဲနေရင်း တရုပ်စစ်မက်ဘေးရန်ကြောင့်မြန်မာတွေ ယိုးဒယား ဖက်မလှည့်နိုင်ဖြစ်နေတဲ့အချိန်မှာ နိုင်ငံကို လျင်လျင်မြန်မြန်ပြန်လည်စုစည်းနိုင်ခဲ့ပါတယ်။အယုဒ္ဓယကျဆုံးပြီး၆လအတွင်းမှာ မင်းဆက်တခုကိုပြန် လည်ထူထောင်နိုင်ခဲ့ပါတယ်။ရစရာမရှိအောင်ပျက်စီးသွားတဲ့အယုဒ္ဓယကို စွန့်လွှတ်ပြီးဘန်ကောက်တဖက်ကမ်းက Thonburyမှာမြို့တော်သစ်တည်ပါတယ်။ Ancient Thonbury City သူဟာအဲဒီThonburyမင်းဆက်ကိုထူထောင်သူ ဖြစ်သလိုပဲThonburyမင်းဆက်ရဲ့တဦးတည်းသောဘုရင်လည်းဖြစ်...