Skip to main content

ပလပ်စတစ်ညစ်ညမ်းမူ

ပလပ်စတစ်ညစ်ညမ်းမူ(သို့) ကမ္ဘာကိုခြိမ်းခြောက်လာသောအန္တရာယ်တခု



Written by Kyaw Min Aung

ကျွန်တော်တို့ငယ်ငယ်တုန်းကဈေးထဲမှာအမဲသားငါးဝယ်ရင်
အင်ဖက်နဲ့သာထုပ်ပေးကြသည်။
ကုန်စုံဆိုင်ကပဲမူန့်အစိပ်သားထုပ်များကို
စက္ကူ နှင့်ထုပ်ရောင်းကြသည်။
အပ်ချုပ်ဆိုင်ကအကျၤ ီသွားရွေးရင်
စက္ကူ အိတ်နှင့်ထည့်ပေးသည်။
မနက်ခင်းဝယ်နေကျ တို့ဟူးဆိုင်က တို့ဟူးပါဆယ်ကို
စလူရွက်နှင့်ထုပ်ပေးသည်။
ဂရင်းဟော်တယ်က အဖေဝယ်လာတဲ့ခေါက်ဆွဲပါဆယ်ကို
ပတ်ထားတဲ့ အင်ဖက်ကို ဆွဲဖြည်လိုက်ရင် ထောင်းကနဲထွက်လာတဲ့
ခေါက်ဆွဲကြော်ရနံ့ကို ယနေ့အထိ အမှတ်ရမိနေသေးသည်။
လဖက်ရည်ပါဆယ်သွားဝယ်ရင်တော့
အိမ်ကဓာတ်ဗူးတို့၊မတ်ခွက်တို့ယူသွားကြသည်။
ကျွန်တော်ကျွတ်ကျွတ်အိတ်ကို
ပထမဆုံးမြင်ဖူးတာ ၆တန်းကျောင်းသားဘဝ
ရန်ကုန်ရောက်မှဖြစ်သည်။

ကျွန်တော်တို့မြို့တွေက အင်ဖက်ပေါသည်။
ထုပ်ပိုးပစ္စည်းအဖြစ် အင်ဖက်ကိုသာသုံးကြသည်။အင်ဖက်မသုံးသင့်သည့်
နေရာ၌စက္ကူ ကိုသုံးကြသည်။
ပလပ်စတစ်မရှိမဟုတ်။ရှိပါသည်။ရှိသည့့်ပလက်စတစ်က အမိူက်ဘဝကိုမရောက်။
ပလပ်စတစ်၊ကော်ခွက်အစုတ်အပြတ်အားလုံး
ကအဖိုးတန်သည်။ရောင်းလို့ရသည်။အမိူက်ပုံထဲမှာဘယ်တော့မှမတွေ့ရ။
ကျွန်တော်တို့မြို့မှာ ကြွပ်ကြွပ်အိတ်တွေ
စတင်နယ်ချဲ့ကိုလိုနီပြု လာသည့်အချိန်က
၈၈အရေးအခင်းဖြစ်ပြီးကာစဖြစ်သည်။
တနေ့မှာ စည်ပင်က အသံချဲ့စက်နှင့်
တမြို့လုံးလိုက်ကျေညာသည်။
ဈေးများတွင် အင်ဖက်လုံးဝမသုံးတော့ရန်​
ဖြစ်သည်။အင်ဖက်အမိူက်သည် ညစ်ပတ်ပြီး
လူတွေအတွက် ရောဂါဘယဖြစ်စေနိုင်သည့်
အတွက် အင်ဖက်အစားကြွပ်ကြွပ်အိတ်
ကိုသာသုံးတော့ရန် မလိုက်နာပါက အရေး
ယူမည်ဖြစ်ကြောင်း အသိပေးကျေညာပါသည်။
ကျွန်တော်တို့ကိုယ်၌ကလည်း အင်ဖက်တွေ
သုံးရတာ တောကျသည်ဟု ထင်မိ၏။
ကြွပ်ကြွပ်ရွရွ ပါးပါးလှပ်လှပ် ကာလာစုံနဲ့
အိတ်လေးတွေက ပိုခေတ်မီသည်ထင်သည်၊
ကြွပ်ကြွပ်အိတ်များကို ဝမ်းပန်းတသာ
ကြိုဆိုကြသည်။
ထိုအချိန်မှစ၍တခြားသောအရပ်ကလာတဲ့
ဂြိုလ်သားကပ်ပါးကောင်များက
သဘာဝဆန်ဆန် သန့်ရှင်းလှပနေတဲ့
ကျွနတော်တို့မြို့လေးကို တစတစဝါးမြို သွားလေတော့သည်​။

အခုအချိန်မှာတော့ပလပ်စတစ်ရေဗူးခွံ၊တခါသုံးဖော့ဗူးခွံများ၊မုန့်ထုပ်အခွံများ၊ကြွပ်ကြွပ်အိတ်ခွံ
အမိူက်များကို နေရာတိုင်းမှာ တွေ့နေကြရသည်။
လယ်ကန်သင်းဘေးမှာလည်းတွေ့ရသည်။
ဟိုင်းဝေးလမ်းဘေးတွေမှာလည်းတွေ့ရသည်။
မြစ်ချောင်းတွေထဲမှာလည်းတွေ့ရသည်
ပဲခူးရိုးမတောထဲမှာလည်းတွေ့ရသည်။
နာဂတောင်ပေါ်မှာလည်းတွေ့ရသည်။
လျှိမြောင်စိမ့်စမ်းတွေထဲမှာလည်းတွေ့ရသည်။
ပငလယ်ကမ်းခြေတွေမှာလည်းတွေ့ရသည်
စေတီပုထိုးတွေ အနားဝန်းကျင်မှာလည်းတွေ့ရသည်။



နေရာတိုင်းမှာ မကျေပျက်နိုင်သည့်
ပလပ်စတစ်အမိူက် များကသာမင်းမူနေကြသည်။
ကျွန်တော်တို့ စိတ်အပန်းဖြေဖို့ သွားသည့်နေရာများသည်
မျက်စိပသာဒမဖြစ်ကြတော့။
စိတ်ကို မလန်းဆန်းစေတော့။
တစတစနှင့် စိတ်ရူပ်စရာနေရာများ
ဖြစ်လာကြသည်။
တကယ်တော့ ကျွန်တော်တို့ ငယ်ငယ်က
သုံးခဲ့သည့်အရာများသည်
ပတ်ဝန်းကျင်နှင့်သဟဇာတဖြစ်သည့်(Environmental friendly)
ပစ္စည်းစစ်စစ်များဖြစ်ပေသည်။

လွယ်လွယ်ကူကူဆွေးမြေ့ပြီး
မြေသြဇာဖြစ်သွားသည်။
မြေ၊ရေ၊လေကိုလုံးဝဒုက္ခမပေး။

အခုကျွန်တော်တို့ လူ့အဖွဲ့အစည်းရဲ့နေ့စဉ်ဘဝထဲကို
လိုလိုလားလားခေါ်သွင်းလာခဲ့ပြီး
ကျွန်တော်တို့ရဲ့ မရှိမဖြစ်
အစိတ်အပိုင်းတခုတောင်
ပြစ်နေပြီဖြစ်တဲ့
ပလပ်စတစ်တွေက ကျွန်တော်တို့ကို
ဘယ်လောက်အထိစိုးမိုးအနိုင်ယူ
ထားပြီလဲ
ဘယ်အတိုင်းအတာအထိ ခြိမ်းခြောက်လာကြပြီလဲ

တချက်လောက်ပြန်ပြီးစောင်းငဲ့ ကြည့်ကြပါစို့


တနှစ်ကို ကျွန်တော်တို့ သုံးစွဲတဲ့
ကြွပ်ကြွပ်အိတ် အရေအတွက်က
ဘီလီယံ ၅၀၀ လောက်ရှိပါသည်။
အမေရိကန်တနိုင်ငံတည်းက လွှင့်ပစ်တဲ့
ရေသန့်ဗူးခွံက တနှစ်ကို ၃၅ဘီလီယံလောက်
ရှိပါသည်။သူတို့လွှင့်ပစ်သည့် တခါသုံးဖော့ ဗူးခွံများ
အအေးစုတ်ပိုက်တွေကလည်း
ဘီလီယံနှင့်ချီသည်။


လော့စအိန်ဂျလိ တမြို့ တည်းက
ပလပ်စတစ်အမိူက် မက်ထရစ်တန်
၁၀တန်လောက်ကို ပစိဖိတ်သမုဒ္ဒရာထဲ
နေ့စဉ် စွန့်ပစ်လျှက်ရှိပါသည်။
အမေရိကန်အကြောင်းပြောရတာက
သူတို့ဆီမှာက အချက်အလက်Dataရှိ၍ ဖြစ်သည်။

မြန်မာတွေစွန့်ပစ်သည့်နူန်း
ကလည်း မနည်းလောက်ပါ။
တနှစ် တနှစ်ကို ကျွန်တော်တို့ လွှင့်ပစ်
သည့်ပလပ်စတစ်အမိူက်ပမာဏက
ကမ္ဘာကို လေးပြန်
ပတ်ထားလို့ရသည် ဟုဆိုပါသည်။

၁၉၅၀ ခုနှစ်ကစပြီးကမ္ဘာပေါ်မှာ
ပလပ်စတစ်တန်ချိန် သန်း၆၀၀၀ကျော်
ထုတ်လုပ်ခဲ့ကြသည်။
အများစုမှာ ကမ္ဘာကြီး၏မြေထဲရေထဲမှာ
အမိူက်အဖြစ်ရှိနေကြပြီ။
ရိုးရိုးအမိူက်မဟုတ်။
ဘက်တီးရီးယားများက
မချေဖျက်နိုင်သည့်
အလွန်ခေါင်းမာသည့်အမိူက်များဖြစ်သည်။

ပလပ်စတစ်များမှာ ဆွေးမြေ့ ဖို့
နှစ်ပေါင်းရာနဲ့ချီကြာသည်။
မဆွေးမြေ့ ခင် နစ်ပေါင်းများစွာ
ကြာအောင်ကမ္ဘာကိုဒုက္ခပေးမည်။

ကျွန်တော်တို့ သူ့ကို
အခိုက်အတန့်လေးမှာ အမှတ်မထင်
တကြိမ်တခါတည်းုသုံးလိုက်တာ ဖြစ်ပေမယ့်
သူက ကျွန်တော်တို့ကို အကြိမ်ကြိမ် အခါခါ
ဒုက္ခပြန်ပေးမည်။

တနှစ် တနှစ်တန်ချိန်သန်းပေါင်းမြောက်
မြားစွာထုတ်လုပ်လိုက်သော ပလပ်စတစ်
များက မကျေပျက်နိုင်သောအမိူက်အဖြစ်
ကမ္ဘာမြေပေါ် တနေ့တခြား စုပုံလာတော့သည်။
မြေကြီးတေ်ွထဲရောက်ကုန်သည်။
ရေတွင်း၊ရေကန်တွေထဲရောက်ကုန်သည်။

ကမ္ဘာအရပ်ရပ်ကသုံးစွဲလိုက်သမျှ
ပလပ်စတစ်အမိူက်တွေရဲ့
နောက်ဆုံးဦးတည်ရာကတော့
သမုဒ္ဒရာကြီးများပဲ ဖြစ်ကြပါသည်။


အခုအခါ သမုဒ္ဒရာကြီးများလည်း
ပလပ်​စတစ်​အမိုက်​များဖြင့်
ညစ်​ညမ်း​နေကြပြီ ဖြစ်​ပါသည်​။
ပစ်​ဖိတ်​သမုဒ္ဒရာထဲမှာဖြစ်​​ပေါ်​နေသည့်
Great Pacific Gabage Patch ဟု
ဆခ်ါသည့်​ ပလပ်​စနစ်​အမိုက်​ အစုအ​ဝေးကြီးသည်​ တက်​ဆက်​စ်​ပြည်​နယ်
နှစ်​ခုစာ​လောက်​ကျယ်​ဝန်းသည်​။


ဒီအမိူက်အစုအဝေးကြီးကို ၁၉၉၇ ခုနှစ်ကမှ စသတိပြုမိခဲ့ခြင်းဖြစ်ပေသည်။
သမုဒ္ဒရာကြီးငါးစင်းစလုံးတွင်
ထိုကဲ့သို့ အမိူက်အစုအထွေးမျိုး
တွေ့နေရပြီဖြစ်သည်။
၂၀၅၀ ခုနှစ်အရောက်တွင်
သမုဒ္ဒရာထဲရှိ ငါးပမာဏထက်
ပလပ်စတစ်ပမာဏက ပိုသာသွားတော့မည်ဟု သိပ္ပံပညာရှင်တွေ
သတိပေးထားသည်။
ပလပ်စတစ်အမိူက်များက ရေနေသတ္တဝါ
တွေအပေါ် ဆိုးကျိုးသက်ရောက်မူကို
လည်းနောက်ပိုင်းမှသိလာခဲ့သည်။
စူပါမားကက်တွေမှာ အချိုရည်ဗူးတွေကို
၆လုံးစီထုပ်ပိုးလေ့ရှိသည့်အတွက်
Six packဟုခေါ်ပါသည်။ထုပ်ပိုးထားသည့်
ပလပ်စတစ်ကို Six pack holder ဟုခေါ်သည်။
Six pack holder တွေဟာ ရေနေ
သတ္တဝါတွေအပေါ် ဘယ်လောက်ဆိုးကျိုး
သက်ရောက်နိုင်သလဲဆိုတာ
ကျွန်တော်တို့ခန့်မှန်းနိုင်တာထက်ပိုနေပါသည်။
ထိုကွင်းနင့် အတောင်ပံချိတ်မိတဲ့ငှက်တွေ
မပျံနိုင်ပဲသေကြရသည်။
စွပ်မိတဲ့ပင်လယ်လိပ်တွေ ခန္ဓာပုံသဏ္ဏန်
ပျက်ယွင်းကုန်ကြသည်။


တနှစ်ကို ပင်လယ်ငှက်တသန်း၊ရေနေ
နို့တိုက်သတ္တဝါ တသိန်းလောက်
ပလပ်စတစ်အမိူက်တွေကြောင့်
သေကြရသည်။
ပင်လယ်ငှက်တွေရဲ့ ၉၀ရာခိုင်နူန်းမှာ
ပလပ်စတစ်အစအနများတွေ့ရသည်။
၂၀၁၃ခုနှစ်ကနော်ဝေးကမ်းခြေမှာသောင်တင်လာသည့် သေလုဆဲဆဲ နာနေသည့်
ဝေလငါးကြီး၏ဗိုက်ကို
ခွဲက့်ကြည့်ရာ အစာအိမ်တခုလုံးပလပ်စတစ်များပြည့်နေသည်ကိုတွေ့ရသည်။


သုတေသနပြုချက်များအရ
ပင်လယ်ငါးများတွင်လည်း ပလပ်စတစ်အမူန်အမွှားများတွေ့လာရသည်။
ပင်လယ်ဆားများတွင် ပလပ်စတစ်မော်လီကျူးများတွေ့လာရသည်။
နောက်ဆုံးမှာတော့ ထိုအရာများကို
စားသုံးသော လူ၏ခန္ဓာကိုယ်ထဲ တပတ်လည် ပြန်ရောက်လာကြသည်။

"ကိုယ်ပြု သည့်ကံ ကိုယ့်ထံသာ
မလွဲမသွေပြန်ရောက်လာကြသည်။"

ဆိုသောစကားအလွန်မှန်၏။
ပင်လယ်ထဲ ကိုယ်ပစ်လိုက်သည့်
ပလပ်စတစ်က နောက်ဆုံးကိုယ့်ဆီ
ပြန်ရောက်လာသည်။
ပလပ်စတစ်အမိူက်အားလုံး၏ ရာခိုင်နူန်း
အတော်များများက
တခါသုံးထုပ်ပိုးပစ္စည်းများဖြစ်ကြပါသည်။

ပလပ်စတစ်အမိူက်ပြသနာကို

ဖြေရှင်းဖို့ Reduce,Reuse,Recycleဆိုတဲ့
နည်းလမ်းကိုသုံးဖို့တိုက်တွန်းထားပါသည်
သုံးစွဲတာလျှော့ချဖို့၊ထပ်ခါ ထပ်ခါသုံးဖို့၊
ပြန်လည် ပြီးကုန်ုကြမ်းအဖြစ်သုံးနိုင်ဖို့
ဖြစ်ပါသည်။

ဖြစ်နိုင်ပါက
Reject အတတ်နိုင်ဆုံး မသုံးဖို့
Return သုံးထားတာတွေစုပြီးပြန်ပေး
တာမျိုးတွေလည်း လုပ်ဖို့လိုပါသည်။
Recycle အနေနှင့် အိန္ဒိယမှာ ပလပ်စတစ်
အမိူ်က်ကို လမ်းခင်းသည့်နေရာတွင်
ကတ္တရာနှင့်ရောပြီးသုံးနေပါသည်။
ထိုသို့ရောထားသည့်ကတ္တရာက
အပူဒဏ်ကိုပိုခံနိုင်ပြီး မိုးရေစိမ့်ဝင်မူကို

ပိုကာကွယ်နိုင်သည် ဟုသိရသည်။
ရေသန့်ဗူးခွံကို သစ်ပင်စိုက်သည့်နေရာတွင် သုံးတာမျိုး၊ပလပ်စတစ်အိတ်တွေအပြည့်သိတ်ထည့်ပြီး အုတ်အစားထိုးပစ္စည်းအနေနှင့်သုံးတာမျိုးတွေ့ဖူးသည်။

ပြုပြင်မူမှန်သမျှသည် မိမိကိုယ်တိုင်က စရမှာဖြစ်ပါသည်။
တခါသုံးပစ္စည်းတွေသုံးစွဲတာကို
ကျွန်တော်တို့ ကိုယ်တိုင်ကလျှော့ချဖို့ိုလိုပါသည်။
အခါခါသုံးနိုင်သော
ရေဗူး၊ထမင်းဗူးဆောင်ထားပါက
တခါသုံးရေသန့်ဗူးများ၊ဖော့ဗူးခွံအမိူက်များ
အများကြီးသက်သာသွားမည်။
အတတ်နိုင်ဆုံး အအေးပိုက်
မတောင်းပါနှင့်။
ဈေးဝယ်လျှင် Reuse ပြန်သုံးနိုင်သည့်
အိတ်ကို တောင်းဆိုပါ။
ပလပ်စတစ်အမိူက်လျှော့ချဖို့စည်းရုံး
လူံ့ဆော်နေသည့်အဖွဲ့များ၊ ကိုယ်တိုင်
အမိူ်က်ကောက်နေသည့်အဖွဲ့များကိုလည်း
အားပေးရမည်။တတပ်တအားပါဝင်
ဆောင်ရွက်ရမည်။


ကျွန်တော်တို့အားလုံး အမိူက်ကို
မှန်ကန်စွာပစ်တတ်ဖို့လည်းလိုပါသည်။
အမိူက်ဆိုတာ ရှိတော့ရှိမှာပဲဖြစ်သည်။
သူရှိရမည့်နေရာမှာ ရှိနေဖို့လိုပါသည်။
အမိူက်ကို ရထားပေါ်၊ကားပေါ်ကနေ
လှမ်းပစ်တာမျိုး၊လမ်းပေါ်အမိူက်ပစ်တာမျိုး၊
ကိုယ့်အမိူက် ကိုယ်မသိမ်းပဲထားခဲ့တာမျိုး
တွေကိုရှက်ရကောင်းမှန်းသိသင့်ပါပြီ။
၂၀၀၈ခုနှစ်ဧပြီလ၂၀ ရက်ကကျင်းပ
ခဲ့သည့် မြေကမ္ဘာနေ့ဆောင်ပုဒ်က
"ပလပ်စတစ်အမိူက်ကင်းစင် ကမ္ဘာတခွင်"
ဖြစ်ပါသည်။
ဇွနလ၅ ရက်နေ့တွင်ကျရောက်မည့်
ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့
ဆောင်ပုဒ်က

"Beat Plastic Polution" ဖြစ်ပါသည်။

"ပလပ်စတစ်ညစ်ညမ်းမူကိုတိုက်ဖျက်ကြပါစို့" ဖြစ်ပါသည်။
ကျွန်တော်တို့အားလုံး လက်တွဲပြီး
ပလပ်စတစ်အမိူက်
ကင်းစင်သည့် ပတ်ဝန်းကျင်ကို
ဖန်တီးကြပါစို့။

(Written by Kyawmin Aung)

(မှတ်ချက် ။ ။Thant Myanmar FB accountမှ

ဓာတ်ပုံနှစ်ပုံ ယူသုံးထားပါသည်)

Comments

Popular posts from this blog

ဓမ္မရာဇက ဘုရား

Damayazika Pagoda ဓမ္မရာဇက ဘုရားသည်ပုဂံမြို့ဟောင်းအရှေ့ပိုင်း ဖွားစောရွာတွင် တည်ရှိပါသည်။ ထိုဘုရားကို ခရစ်သက္ကရာဇ် ၁၁၉၈ တွင် နရပတိစည်သူမင်း က တည်ခဲ့ပါသည်။ ထိုဘုရားမှာမုဒ်ဦးငါးခု ပါရှိပြီး အောက်ခံ ပစ္စယံခုံလုံး ပဉ္စဂံပုံရှိခြင်းမှာအများအားဖြင့် စတုရန်းပုံရှိသော အခြားပုဂံဘုရားများနှင့်မတူပဲဤစေတီ၏ထူးခြားချက်တရပ်ဖြစ်သည်။ ရှေးဟောင်းပုဂံဘုရားများအနက် အမြင်လှပတင့်တယ်(သပ္ပယ်)ပြီး တည်ဆောက်ပုံအချိုးကျသော စေတီတဆူဖြစ်ပါသည်။ စေတီနှင့်ကပ်လျှက်အရပ်ငါးမျက်နှာ၌ ဘုရားကျောင်းဆောင်ငါးခုရှိပြီး ဗုဒ္ဓရုပ်ပွားတော် ငါးဆူ ကိန်းဝပ်စံပယ်တော်မူနေပါသည်။ ဘဒ္ဒကမ္ဘာ၌ပွင့်ပြီးနှင့် ပွင့်လတ္တံ့ဘုရားများကိုရည်ညွှန်းပါသည်။ ခေါင်းလောင်းပုံ စေတီ၏အောက်ခြေ၌ ပဉ္စဂံပုံစံ ပစ္စယာသုံးဆင့် ရှိပြီး ပစ္စယာများ၏ဘေးဖက်တွင် ဗုဒ္ဓ၏ဘဝဖြစ်တော်စဉ် ၅၅၀နိပါတ်တော်လာပုံများကိုစာနှင့်တကွရေးထွင်းထားသည့် စဉ့်စိမ်းအုတ်ချပ်များ လက်ယာရစ်အတိုင်း ပတ်ပတ်လည်ကပ်ထားပါသည်။ ဤဘုရား၌ သီဟိုဠ်ဘုရင်ထံမှရသော ဓာတ်တော်လေးဆူကိုဌာပနာထားရှိကြောင်း၊ ဘုရားတည်ရာ လက်ခငွေ ၄၄၀၂၇ ကျပ် ကုန်ကျကြောင်းကို စေတီအရှေ့မျက်နှာ တဝဂူအတွင်း၌ ရေးထိုးထားသော ဘုရားတည်မော်ကွန်းကျေ...
မင်္ဂလာစေတီ ပုဂံမှာနောက်ဆုံးတည်ခဲ့တဲ့ဘုရားတွေထဲကတဆူဖြစ်ပါတယ်။ ပုဂံမပျက်သုဉ်းမီ ပုဂံခေတ်ရဲ့ နောက်ဆုံးဗိသုကာနဲ့အနုပညာလက်ရာတွေကို ဒီဘုရားမှာလေ့လာနိုင်ပါတယ်။ မင်္ဂလာစေတီကို အေဒီ၁၂၇၇ ခုနှစ်မှာ မြန်မာ့သမိုင်းမှာ တရုပ်ပြေးမင်းလို့ ထင်ရှားတဲ့ နရသီဟပတေ့မင်း က တည်ခဲ့ပြီး၁၂၈၃ ခုနှစ်မှာပြီးစီးခဲ့ပါတယ်။ ရွှေစည်းခုံကို နမူနာယူပြီးတည်ထားတယ်လို့ အဆိုရှိပါတယ်။ ဘုရားတည်နေစဉ်မှာပဲ မွန်ဂိုစစ်မက် ဘေးဒဏ်ဟာပုဂံအပေါ်စတင်ကျရောက်လာပြီဖြစ်ပါတယ်။ ဒီဘုရားဟာ ပုဂံကတခြားစေတီပုထိုးတွေလို တိုင်းပြည်အေးချမ်းသာယာနေစဉ်မှာ တည်ခဲ့ရတာ မဟုတ်ပဲ တိုင်းပြည်ပျက်ခါနီး ဗရုတ်ဗရက်ကာလပုဂံရဲ့နောက်ဆုံးနေ့တွေမှာ တည်ခဲ့ရတာဖြစ်ပါတယ်။ တိုင်းပြည်အပေါ်ကျရောက်နေတဲ့ကြမ္မာဆိုးတွေကနေ ကင်းလွတ်ဖို့ အတိတ်ကောင်း နမိတ်ကောင်း ယူတဲ့အနေနဲ့ "မင်္ဂလာ"ဆိုတဲ့ အမည်ပေးခဲ့သလား စဉ်းစားစရာပါ။ ကြီးကျယ်ခဲ့တဲ့ ပုဂံသားတွေရဲ့ နောင်လာနောက်သားတွေအတွက် အမွေအဖြစ်ထားခဲ့တဲ့ နောက်ဆုံးနုတ်ဆက်လက်ရာတွေကို ဒီဘုရားမှာ လွမ်းမောတမ်းတဖွယ်မြင်တွေ့ရမှာပါ။ စေတီမှာပစ္စယံသုံးဆင့်ရှိပြီး ဇာတက ဝတ္ထ ုထဲက ပုံတွေကိုထွင်းထားတဲ့ လက်ရာမြောက် စဥ့်အုတ်ချပ်တွေ ပတ်ပတ်...
သမိုင်းထဲကဒီနေ့   Thaksin the Great ၁၇၆၇ ခုနှစ်ဇီဇင်ဘာ၂၈ ရက်မှာယိုးဒယားကိုသိမ်းပိုက်ထားတဲ့မြန်မာ တပ်တွေကိုခုခံတော်လှန် နေတဲ့တော်လှန်ရေးခေါင်းဆောင်သက်ဆင်ဟာယိုးဒယားနိုင်ငံရဲ့ဘုရင်အဖြစ်သူ့ကိုယ်သူ ကျေညာပါတယ်။ မြန်မာတပ်တွေဟာအယုဒ္ဓယကိုခြေမူန်းဖျက်ဆီး လိုက်တဲ့အချိန်မှာ ဘုရင်Ekkaratသေဆုံးသွားပြီး အယုဒ္ဓယ မင်းဆက်လည်းပြတ်သွားခဲ့ပါတယ်။ နှစ်ပေါင်းလေးရာကျော်ကြာရှည်ခဲ့တဲ့ အယုဒ္ဓယခေတ်ဟာ မြန်မာတွေရဲ့ကျူ းကျော်မူ ကြောင့် အဆုံးသတ်သွားခဲ့ရပါတယ်။ ၁၇၆၇ ခုနှစ် အယုဓယ သိမ်းမြန်မာစစ်ချီလမ်းကြောင်း န ဒီလိုအချိန်မှာတရုပ်နွယ်ဖွားတဦးဖြစ်တဲ့ သက်ဆင်ဟာ ခုခံစစ်ဆက်လက်ဆင်နွဲနေရင်း တရုပ်စစ်မက်ဘေးရန်ကြောင့်မြန်မာတွေ ယိုးဒယား ဖက်မလှည့်နိုင်ဖြစ်နေတဲ့အချိန်မှာ နိုင်ငံကို လျင်လျင်မြန်မြန်ပြန်လည်စုစည်းနိုင်ခဲ့ပါတယ်။အယုဒ္ဓယကျဆုံးပြီး၆လအတွင်းမှာ မင်းဆက်တခုကိုပြန် လည်ထူထောင်နိုင်ခဲ့ပါတယ်။ရစရာမရှိအောင်ပျက်စီးသွားတဲ့အယုဒ္ဓယကို စွန့်လွှတ်ပြီးဘန်ကောက်တဖက်ကမ်းက Thonburyမှာမြို့တော်သစ်တည်ပါတယ်။ Ancient Thonbury City သူဟာအဲဒီThonburyမင်းဆက်ကိုထူထောင်သူ ဖြစ်သလိုပဲThonburyမင်းဆက်ရဲ့တဦးတည်းသောဘုရင်လည်းဖြစ်...