Skip to main content

ပုဂံနဲ့ ကူဘလိုင်ခန်



ပုဂံနဲ့ ကူဘလိုင်ခန်
*********

                                                                                                             

ပုဂံကိုရောက်ရင်ပုဂံခေတ်ရဲ့ကြီးကျယ်ခမ်းနားခဲ့တဲ့ အချိန်တွေကို
မြန်မာလူမျိုးတိုင်း ပြန်ပြောင်းသတိရမိကြမှာဖြစ်သလိုလက်ရှိမြန်မာကို
အထင်မကြီးတဲ့နိုင်ငံခြားသားတွေတောင်မှ လွန်ခဲ့တဲ့နှစ်ပေါင်း တထောင်လောက်က မြန်မာတွေရဲ့မြို့တော်ဟောင်းကိုကြည့်ပြီ:
ရင်သပ်ရူမော အံ့သြဘနန်းဖြစ်ကြရမှာအသေအချာပါပဲ။
ခန့့်ငြားထည်ဝါထုထည်ကြီးမားပြီး၊ လက်ရာလည်းသေသပ်ကောင်းမွန် လှတဲ့ လက်ညိူးထိုးမလွဲတွေ့ရမယ့့်ဘုရားပုထိုးတွေ၊ယဉ်ကျေးမူအဆောက်အဦတွေကြည့့်ပြီး ဒီလောက်ကြီးကျယ်ခမ်းနားခဲ့တဲ့ နိုင်ငံတခုဟာ ဘယ်ပုံ ဘယ်နည်းကြမ္မာဆိုးနဲ့ကြုံပြီးနိဂုံးကမ္ပတ်အဆုံးသတ်ခဲ့ရပါလိမ့်လို့ ဆက်လက်တွေးတောမိကြမှာပါ။

အတော်များများက နရသီဟပတေ့မင်းလက်ထက်မှာ မွန်ဂိုတွေလာတိုက်လို့ ပုဂံပျက်ရတယ်ဆိုတဲ့ အကြောင်းသိကြပြီးသားပါ။ ဒါပေမယ့်ပုဂံကို မွန်ဂိုတွေရောက် လာပြီး အမှန်တကယ်ဖျက်ဆီးခဲ့သလား ဆိုတာ ကျွန်တော် နည်းနည်းစိတ်ဝင်စားမိပါတယ်။ အဲဒီအတွက် ကျွန်တော် လက်လှမ်း မှီသလောက် ဟိုစပ်စပ်ဒီစပ်စပ်လေ့လာကြည့်မိပါတယ်။
*****
အေဒီ၉ရာစုမှာ ဧရာဝတီမြစ်ဝှမ်းအလယ်ပိုင်းဒေသကို အမာခံယူပြီး စတင်တည်ထောင်ခဲ့တဲ့မြန်မာတို့ရဲ့ပုဂံနိုင်ငံတော်ဟာ၁၁ရာစုအစောပိုင်းကာလမှာ ဖြုံလောက်စရာ အင်အားတောင်တင်းလာခဲ့ပါတယ်။

                                     Thatbyinnyu temple built by King Alunsithu in mid 12 century                  
အဲဒီအချိန်မှာ တန်ခိုးသြဇာယုတ်လျော့လာပြီဖြစ်တဲ့အရှင်သခင်ဟောင်းနန်ချောင်တွေရဲ့
ဘေးရန်ကို လည်းထိထိရောက်ရောက် ကာကွယ်ထားနိုင်ပြီဖြစ်သလို
ပြိုင်ဖက်တွေဖြစ်တဲ့ခမာအင်ပါယာရဲ့အနောက်ဖက်သို့နယ်ချဲ့လာမူကို
လည်းဒေါနတောင်တန်းတွေမကျော်အောင်ဟန့့်တားထားနိုင်ခဲ့ပါတယ်။
                                                               Tharapar gate which was built in 9 century  

၁၂ရာစုအလယ်ပိုင်းလောက်မှာတော့ ပုဂံရဲ့ရွှေရောင်အတောက်ပဆုံး အဖွံ့ဖြိုးဆုံး အထွတ်အထိပ်ကာလတွေကိုရောက်ရှိလာခဲ့ပါတယ်။
ဒါပေမယ့် တိုက်တိုက်ဆိုင်ဆိုင် အဲဒီကာလလောက်မှာပဲ မထင်မရှား ကမ္ဘာမြောက်ဖက်ပိုင်းဒေသရှိနို့သောက်အမဲလိုက်ရင်းကြီးပြင်းလာကြတဲ့ ဆိတ်ကျောင်း၊သိုးကျောင်းသူတွေနေထိုင်ကြတဲ့မွန်ဂိုလီးယားမြက်ခင်း
လွင်ပြင်တခုမှာ မကြာခင်မှာအာရှနဲ့အရှေ့ဥရောပနိုင်ငံတွေရဲ့သမိုင်း
ဘီးကို ပြောင်းပြန် လည်စေတော့မှာဖြစ်တဲ့ ကလေးတဦးမွေးဖွားလာပါတယ်။

သူကတော့နောင်အခါမှာ နာမည်ကြားယုံနဲ့တင် လူတကာဖိန့်ဖိန့်တုန် သွားစေတဲ့ဂျင်ဂစ်ခန်ပါပဲ။



                                                                                       Ginghis Khan   

ဂျင်ဂစ်ခန်ဟာ အချင်းချင်းလှည့်ပတ်ရန်ဖြစ်ပြီး တကွဲတပြားဖြစ်နေတဲ့ မွန်ဂိုမျိုးနွယ်စုတွေကို စစ်ပုံသွင်းပြီးသူ့ရဲ့စစ်စည်းကမ်းအောက်မှာသေနင်္ဂဗျူဟာမြောက်စွာတညီတညွတ်တည်းစုစည်းနိုင်ခဲ့တဲ့အတွက်ဘယ်သောအခါကမှ မြင်းစီးအမဲလိုက်သမား လူကြမ်းသူရမ်း တွေဘဝထက် မပိုခဲ့တဲ့မြောက်ပိုင်းလူရိုင်းလူသွမ်းတွေဟာ ကမ္ဘာထိပ်တန်းယဉ်ကျေးမူ လူ့အဖွဲ့အစည်းတွေကိုနင်းခြေဖျက်ဆီးပစ်တော့မယ့်အလွန်ကြောက်မက်ဖွယ်ရာကောင်းတဲ့စစ်ယန္တရားတခုအဖြစ်ထွက်ပေါ်လာခဲ့ပါတယ်။
၁၃ရာစု အစပိုင်းအောက်မှာတင်ပဲ မွန်ဂိုတွေဟာ ဟိုအရင်အခါက သူတို့ ထိကပါးရိကပါးလောက်ပဲလုပ်ရဲတဲ့တရုပ်မြောက်ပိုင်းJingအင်ပါယာကြီးကိုအမြစ်ကဖြိုလှဲလိုက်ပါတယ်။

အဲဒီအချိန် ပုဂံနိုင်ငံတော်ကြီးမှာ နားတောင်းများမင်းခေါ်ဇေယျသိင်္ခဘုရင် နန်းတက်နေပြီးပုဂံခေတ်ရဲ့အသာယာအဝပြောဆုံး၊အငြိမ်းချမ်းအသာယာဆုံး အချိန်ကာလတွေဖြစ်ပါတယ်။ 

ထီးလိုမင်းလိုဘုရား၊ဂေါတော့ပလ္လင်စတဲ့ အနုပညာလက်ရာမြောက်ပြီး ခန့်ငြားထည်ဝါလှတဲ့ ဂူဘုရားတွေကိုမင်းနဲ့ပြည်သူလက်တွဲပြီးတပျော်တပါးတည်နေချိန်ဖြစ်ပါတယ်။
                         Image result for gawdawpalin temple                                                         
                                                                  Gawtaw Palin Temple                                                                          
                         
Image result for htilominlo temple bagan
Htilo Minlo Temple
ဂျင်ဂစ်ခန်ရဲ့အာသီသကတရုပ်မြောက်ပိုင်းကိုသိမ်းပိုက်နိုင်ရုံနဲ့ မတင်းတိမ်ပဲကမ္ဘာအနောက်ဖက်ကို ဆက်လက်စစ်ဆင်ပါတယ်။ ယနေ့ အီရန်၊ အာဖဂန်နစ္စတန်၊ ဥဇဘက်ကစ္စတန်၊ ကာဇက်စတန်နိုင်ငံ နယ်မြေတွေပါဝင်တဲ့ Kwarazm အင်ပါယာကြီးကို စိစိညက်ညက်ချေပြီး သိမ်းပိုက်နိုင်ခဲ့ပါတယ်။အဲဒါအေဒီ၁၂၂၀ ဝန်းကျင်လောက်မှာပါ။ ရုရှားမြောက်ပိုင်းနဲ့ယူကရိန်းကိုလည်းတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးအပြန်မှာခရီးသွားဟန်လွှဲအနေနဲ့ အိန္ဒိယမြောက်ပိုင်းကို ဝင်တိုက်ပြီးဒေလီမြို့တော်ကိုဖျက်ဆီးခဲ့ပါတယ်။
                                                                             

ဂျင်ဂစ်ခန်ဟာ ၁၂၂၇ ခုနှစ်မှာသေဆုံးသွားပါတယ်။ သူသေသွားပေမယ့် ကမ္ဘာကြီးအတွက်က မအေးချမ်းသွားသေးပါဘူး။ သူ့ကိုဆက်ခံတဲ့သူ့သားနဲ့ သူ့မြေးတွေကလည်း ဘမျိုးဘိုးတူ သူ့ထက်သူလူစွမ်းကောင်းတွေချည်းဖြစ်နေပါတယ်။ သူ့ရဲ့အချစ်ဆုံးမိဖုရားကြီးမှာ သားလေးယောက် ရှိတဲ့အနက် တတိယသားအိုဂီတိုင်းကို သူ့ကိုဆက်ခံသူဖြစ်စေချင်တဲ့ အတိုင်းမွန်ဂိုတွေရဲ့လွှတ်တော်ညီလာခံဖြစ်တဲ့ Kuraltai ကလည်းရွေးချယ်ပေးခဲ့ပါတယ်။
Image result for genghis khan
သူ့သားအိုဂီတိုင်း လက်ထက်မှာရုရှားကျန်နယ်မြေတွေ ၊ ပိုလန်နဲ့ ဟန်ဂေရီအထိ ဆက်လက်သိမ်းပိုက်ရယူပါတယ်။ ၁၂၄၁ခုနှစ် မှာသူသေဆုံးပြီးနောက်သူ့ကိုသူ့သားGuyuk နဲ့ ကူဘလိူင်ရဲ့အကိုဖြစ်တဲ့ Monke တို့အစဉ်လိုက် ဆက်ခံကြပါတယ်။ Monkeနဲ့ ကူဘလိူင်တို့ နှစ်ဦးကဂျင်ဂစ်ခန်ရဲ့ထီးနန်းနဲ့ဝေးခဲ့ရသူအငယ်ဆုံးသားToluiရဲ့သားတွေပါ။

သူတို့လက်ထက်မှာတော့ အစ္စလာမ်ယဉ်ကျေးမူအချက်အချာ ဘက္ကဒက်မြို့ကြီးတည်ရှိရာအီရတ်၊ မက်ဆိုပိုတေးမီးယား၊ ဆီးရီးယား၊ ယနေ့တူရကီနိုင်ငံ ရှိတဲ့အနာတိုလီးယားတို့ဟာ မွန်ဂိုတွေရဲ့လက်အောက်ကျရောက်ကုန်ပါတယ်။


အကိုဖြစ်သူMonke လက်ထက်မှာကတည်းက ကူဘလိူင်ခန်ဟာ တရုပ်တောင်ပိုင်း Songအင်ပါယာကို တိုက်ခိုက်နေခဲ့ပါတယ်။ ကူဘလိူင်ဟာ ထူးထူးခြားခြားတရုပ်နဲ့အရှေ့အာရှဖက်ကို ဓာတ်ကျသူဖြစ်ပါတယ်။
၁၂၅၀ပြည့်လွန်နှစ်တွေမှာ ဧကရာဇ်Monkeရဲ့ အခြားညီတဦးဖြစ်တဲ့ Hulagu ဦးဆောင်တဲ့ မွန်ဂိုစစ်တပ်ကြီးက အာရှအနောက်တောင်ပိုင်းအစ္စလာမ်မစ် နှလုံးသည်းပွတ်နေရာတွေကိုခြေမွဖျက်ဆီးနေတဲ့အချိန်မှာ ကူဘလိူင်ခန် ဦးဆောင်တဲ့ မွန်ဂိုစစ်သည်တွေကလည်း တရုပ်ပြည်ထဲမှာ အဆက်မပြတ် စစ်ဆင်နေကြပါတယ်။ သူတို့ဟာ Sung အင်ပါယာအနောက်ဖက်ဘေးကနေ ပန်းတက်သွားပြီး ခက်ခဲကြမ်းတမ်းတဲ့ရေခဲပြင်တွေနဲ့ လျိုမြှောင်တွေကို မိုင်ပေါင်းထောင်ချီဖြတ်ကျော်ကာ တိဗက်နဲ့ ယူနန်ပြည်နယ်မှာရှိတဲ့ ယခင်နန်ချောင်အင်ပါယာကို ဆက်ခံတဲ့ တာလေ နိုင်ငံကိုဝင်ရောက် တိုက်ခိုက်သိမ်းပိုက်ပါတယ်။

သူ့ရဲ့အဓိကရည်ရွယ်ချက်က တရုပ်တောင်ပိုင်း Sung အင်ပါယာကြီးကို အဖက်ဖက်က ဝိုင်းရံထားမိစေဖို့ဖြစ်ပါတယ်။ ၁၂၆၀ ကူဘလိုင်ခန် နန်းတက်တဲ့ အချိန်မှာတော့ တာလေဟာမွန်ဂိုပိုင်နက်ဖြစ်နေပြီ

ဖြစ်လို့ပုဂံနိုင်ငံတော်နဲ့မွန်ဂိုအင်ပါယာဟာ နယ်နမိတ်ချင်း ထိစပ်လာပြီ ဖြစ်ပါတယ်။
အဲဒီအချိန်ပုဂံမှာ နရသီဟပတေ့မင်း ထီးနန်းစိုးစံနေပြီဖြစ်ပါတယ်။ သူဟာပြည်သူတွေ ကြိုက်နှစ်သက်သူတဦးမဟုတ်သလို တိုင်းပြည် အုပ်ချုပ်ဖို့အရည်အချင်းပြည့်စုံသူတဦးလည်းမဟုတ်ပါဘူး။

ပုဂံရဲ့နိုင်ငံရေးအခြေအနေဟာလည်း အနောက်ဖက်နဲ့တောင်ဖက်မှာ ပုန်ကန်ထကြွမူတွေပေါ်ပေါက်နေတာကြောင့် မတည်မငြိမ်ဖြစ်နေပါတယ်။


၁၂၇၆ ခုနှစ်မှာကူဘလိူင်ခန်ဟာ တရုပ်တောင်ပိုင်းက Sung အင်ပါယာ တခုလုံးကို သိမ်းပိုက်နိုင်လိုက်တဲ့ အချိန်မှာတော့ တရုပ်တနိုင်ငံလုံးဟာ မွန်ဂိုလက်အောက်ကျရောက်သွားပြီဖြစ်ပါတယ်။ သူဟာမြို့တော်ကို မွန်ဂိုလီးယားကနေပီကင်းကိုရွှေ့ပြီး သူ့ကိုယ်သူ တရုပ်ဧကရာဇ်အဖြစ် ခံယူကာ Yuan မင်းဆက်အသစ်ကိုထူထောင်ပါတယ်။
                                                                                         Kublai Khan

၁၂၇၂ခုနှစ်မှာ ကူဘလိူင်ခန်ရဲ့သံအဖွဲ့ဟာ ပုဂံကိုသစ္စာပေးဖို့ ပထမဆုံး အကြိမ်ရောက်လာပါတယ်။

နရသီဟပတေ့မင်းက မွန်ဂိုတွေရဲ့ရာဇသံပေးမူကို လက်မခံပယ်ချခဲ့ပါတယ်။ ၁၂၇၅ခုနှစ်မှာ ဒုတိယအကြိမ် ထပ်ရောက်လာတဲ့အခါမှာတော့ မွန်ဂိုသံတမန်တွေရဲ့မောက်မောက် မာမာပြောဆိုဆက်ဆံတာတွေကို သည်းမခံနိုင်တဲ့အဆုံး မွန်ဂိုသံတွေကို အပြန်လမ်းမှာစောင့်ကြိုလုပ်ကြံသတ်ဖြတ်ခဲ့ပါတယ်။


နရသီဟပတေ့ဟာ သူကိုယ်တိုင်က အရည်အချင်းမရှိပေမယ့် သူ့ကို ထိန်းကျောင်းတည့်မတ်ပေးမယ့် ဉာဏ်အမြော်အမြင်နဲ့ပြည့်စုံတဲ့ ရာဇသင်္ကြ်န်အမတ်ကြီးရှိပါတယ်။ အဲဒီအမတ်ကြီးဟာ မစ္ဆဂီရိနဲ့ တနင်္သာရီကပုန်ကန်မူတွေကို သွားရောက် နှိမ်နင်းခဲ့ပြီး အပြန်ခရီးမှာ

သေဆုံးသွားတဲ့အတွက် အခုအခါမှာတော့ နရသီဟပတေ့ဟာ အထိန်းအကွပ်မဲ့ စိတ်ထင်ရာလုပ်လို့ရတဲ့အခြေအနေ ရောက်နေပါပြီ။
                                                                               Mongol Empire at 1279

မွန်ဂိုသံတွေကို သတ်ဖြတ်ခဲ့ပေမယ့်အချိန်အတော်ကြာတဲ့အထိ ကူဘလိူင်ရဲ့လက်စားချေတုန့့်ပြန်မူ တစုံတရာရောက် မလာတဲ့အတွက် ၁၂၇၇ ခုနှစ်မှာနရသီဟပတေ့မင်းဟာ သူ့ကိုယ်သူယုံကြည်မူရှိစွာနဲ့မြောက်ဖက်နယ်ခြားက မွန်ဂိုသြဇာခံလိုက်တဲ့ တိုင်ရှမ်းပြည် တခုဖြစ်တဲ့ Kaungaiကို ပညာပေးဖို့တိုက်ဆင်၁၂၀ ပါဝင်တဲ့စစ်တပ်တွေ လွှတ်လိုက်ပါတယ်။

နယ်ခြားတလျှောက်မြင့်မား မတ်စောက်တဲ့လျိုမြောင် ချိုင့်ဝှမ်းတွေကိုဖြတ်သန်းချီတက်လာတဲ့ မြန်မာတပ်တွေကို တူရကီလူမျိုးဗိုလ်ချုပ်နာစာအူဒင်ရဲ့မြင်းတပ်တွေက Baoshanဒေသမှာဆီးကြိုပိတ်ဆို့တိုက်ခိုက်ပါတယ်။ မာကိုပိုလိုရဲ့ရေးသားဖော်ပြထားချက် အရဆိုရင်မြန်မာတပ်တွေဟာအင်အား၆၀၀၀၀ ရှိပြီးတိုက်ဆင်၂၀၀၀ပါဝင်ပါတယ်။
                                                                                     
နာစာအူဒင်မှာက မြင်းတပ်သား ၁၂၀၀၀ရှိပါတယ်။မွန်ဂိုမြင်းတွေဟာ သူတို့တခါမှမမြင်ဘူးတဲ့ ဧရာမအကောင်ကြီးတွေ စူးစူးဝါးဝါးအော်ဟစ်ပြီးသူတို့ဆီဦးတည်လာတာ ကိုမြင်တဲ့အခါ ထိတ်ထိတ်ပျာပျာနဲ့အပေါ်ကလူ ကိုခါချပြီးလှည့်ပြေးဖို့ပြင်ကြ ပါတယ်။ အတွေ့အကြုံကြွယ်ဝတဲ့တူရကီ ဗိုလ်ချုပ်ကသူ့တပ်ကို ဖရိုဖရဲဖြစ်မသွားအောင် အချိန်မီထိန်းကွပ်လိုက်နိုင် ပါတယ်။ သူ့တပ်ကိုပြန်ဆုတ်စေပြီးတောအုပ်တွေထဲ ကိုယ်ရောင်ဖျောက်နေကာမြန်မာဆင်တပ်တွေကို အကာအကာအကွယ်မဲ့ ကွင်းပြင်တွေဆီ ဝင်လာအောင်စစ်မြှူပါတယ် ။
အဲဒီနောက်မှာတော့ သတ်ကွင်းထဲဝင်လာတဲ့ ဆင်တွေအပေါ်
မြှားမိုးတွေရွာချလိုက်တဲ့အခါမှာတော့ဒဏ်ရာအနာတရဖြစ်သွားတဲ ဆင်တွေဟာဒေါသတကြီးနဲ့ မဲမဲမြင်သမျှအကုန်နင်းခြေ ပါတော့တယ်။

ကိုယ့်တပ်ကိုယ်ပြန်နင်းခံရပြီးဝရုန်းသုန်းကားဖြစ်နေတဲ့

မြန်မာတပ်တွေအပေါ် မွန်ဂိုတပ်တွေကလွယ့်လင့့်တကူပဲ အနိုင်ယူလိုက်နိုင်ပါတယ်။
                                                                        

အဲဒီတိုက်ပွဲမှာမြန်မာတပ်တွေရဲ့ဆုံးရူံးမူဟာ သေးသေးကွေးကွေး
တော့ မဟုတ်လောက်ဘူးလို့မှန်းဆကြည့်လို့ရပါတယ်။ (Wikipediaမှာ
၁၂၇၇ ခုမှာဖြစ်တဲ့ ဒီတိုက်ပွဲကိုငဆောင်ချမ်းတိုက်ပွဲ လို့ဆိုပေမယ့်
မြန်မာရာဇဝင်တွေအရ နဲ့ဒေါက်တာသန်းထွန်းစာအုပ်ထဲမှာတော့ ၁၂၈၃ ခုနှစ်မှာဖြစ်တဲ့စစ်ကိုသာ ရည်ညွှန်းကြပါတယ်။
မာကိုပိုလို မှတ်တမ်း တင်ခဲ့တဲ့တိုက်ပွဲဟာငဆောင်ချမ်းတိုက်ပွဲမဟုတ်ပဲ အခုတိုက်ပွဲကို ပီကင်းနန်းတော်ထဲမှာသူကြားသိရသမျှမှတ်တမ်းတင် ထားခြင်းဖြစ်ပါတယ်။)
ကာလအတော်ကြာကတည်းကပုဂံကိုပုန်ကန်နေခဲ့တဲ့မုတ္တမတနင်္သာရီ ဒေသဟာ၁၂၈၁ ခုနှစ်အရောက်မှာတော့ဝါရီရူးက မွန်မင်းဆက်အသစ်ကို တည်ထောင်ပြီး ပုဂံသြဇာအောက်ကရုန်းထွက်လိုက်ပါပြီ။

မွန်ဂိုတွေဟာ ၁၂၇၇ ခုနှစ်စစ်ပွဲပြီးတဲ့နောက် ၁၂၈၃ ခုနှစ် စက်တင်ဘာလ ကျမှမြန်မာကိုနောက်တကြိမ်လာတိုက်နိုင်ပါတယ်။


မြန်မာဖက်က ဗိုလ်ချုပ်တွေဖြစ်တဲ့ အနန္တပစ္စည်းနဲ့ရန္တပစ္စည်းတို့က မွန်ဂိုတရုပ်တပ်တွေကို ဧရာဝတီမြစ်ကိုဖြတ်ကျော်မလာနိုင်အောင် ဗန်းမော်မြို့အနီးက ဆီးကြိုခုခံပါတယ်။ ဒီဇင်ဘာလ၃ ရက်နေ့မှာ ငဆောင်ချမ်းတိုက်ပွဲကြီးဖြစ်ပါတယ်။ မြန်မာတပ်တွေ အရေးနိမ့်တယ်။
ဒီဇင်ဘာ၅ရက်နေ့မှာရွှေလီမြစ်ကမ်းဖက်က ခုခံနေတဲ့ မြန်မာတပ်တွေလည်း အရေးမလှဖြစ်ပြီးကောင်းစင်ကျတယ်။ အဲဒီအချိန်မှာ မွန်ဂိုတရုပ် စစ်တဖြည်းဖြည်းနီး လာပြီဖြစ်လို့ နရသီပတေ့ လည်းသမိုင်းတလျှောက် တရုပ်ပြေးမင်းလို့ဘွဲ့အမည်တွင်သွားစေမယ့် နေပြည်တော်ကိုစွန့်ခွာပြီးပြည်ကိုစုန်ပြေးပါတယ်။
ဒါပေမယ့်မွန်ဂိုတွေဟာ ပုဂံအထိရောက်မလာပဲ ယခင်မြန်မာမြို့ဟောင်းတကောင်းကို သိမ်းယူကာသူတို့ရရှိတဲ့မြန်မာပြည်မြောက်ပိုင်းမြေအားလုံးကိုစုစည်းပြီးကျန်မိယန်အမည်နဲ့တရုပ်ပြည်နယ်သစ်ဖွဲ့စည်းပါတယ်။
 Image result for mingalar zedi bagan                                                     
Mingalar Zedi, one of the latest pagodas in Bagan dynasty, which was built during Mongol's invasion                                


၁၂၈၄ ခုနှစ်မှာရှင်ဒိသာပါမောက်ကို တရုပ်ပြည်ပီကင်းကို ငြိမ်းချမ်းရေး စကားဆိုဖို့သံတမန်အဖြစ်စေလွှတ်ပါတယ်။ ၁၂၈၆ခုနှစ် မှာ ကူလဘိုင်ခန်က ပုဂံကိုနောက်တကြိမ်ထပ်တိုက်ဖို့ရောက်မလာခင်လေးမှာပဲ မွန်ဂိုတွေထံ အညံ့ခံဖို့ဆုံးဖြတ်ပြီး ပုဂံကိုပြန်လာဖို့ပြင်နေတဲ့နရသီဟပတေ့ကို သူ့သားသီဟသူကလုပ်ကြံသတ်ဖြတ်လိုက်ပါတယ်။


ဒီတခါမှာတော့ ကူဘလိူင်ခန်ရဲ့မြေးဖြစ်သူမင်းသား Esen temer ဦးဆောင်တဲ့ မွန်ဂိုတပ်တွေဟာပုဂံအထိရောက်လာပါတယ်။ အုပ်ပ်ချုပ်သူကင်းမဲ့နေပြီဖြစ်တဲ့ ပုဂံပြည်ကြီးဟာ အစကတည်းက အစိတ်စိတ်အမြွှာမြွှာပြိုကွဲပြီးကြိုတင်ပျက်စီးနေနှင့်ပါပြီ။ မွန်ဂိုတွေဟာပူပြင်းတဲ့ ရာသီဥတုဒဏ်၊ အစာရေစာပြတ်လပ်မူနဲ့ ငှက်ဖျားရောဂါဒဏ်တွေကြောင့်ကြောင့်ပုဂံမှာသိတ်ကြာကြာမနေနိုင်ပဲပြန်ဆုတ်ခွာသွားကြပါတယ်။
၁၂၈၉မှာ ခုနှစ်မှာနရသီဟပတေ့ရဲ့သားတဦးဖြစ်တဲ့ ကျော်စွာက ပုဂံဘုရင်အဖြစ်ဆက်ခံပြီးမွန်ဂိုဧကရာဇ်ထံသူ့သားသိင်္ဃပတေ့ကိုစေလွှတ်ပြီးသစ္စာခံယူပါတယ်။ ဒါပေမယ့်နိုင်ငံခြားသြဇာခံလိုက်တဲ့ဘုရင်ကို ယခင် ပုဂံတပ်မှူးတွေဖြစ်ခဲ့တဲ့ညီနောင်သုံးဦးက၁၂၉၇ခုနှစ်မှာဖြုတ်ချလိုက်ပါတယ်။ အဲဒီအတွက်မွန်ဂိုတွေဟာ၁၃၀၀ခုနှစ်မှာနောက်တကြိမ်စစ်ချီလာပါတယ်။

ညီနောင်သုံးဦးရဲ့ခံတပ်မြို့တွေထဲက အတောင့်တင်းဆုံးဖြစ်တဲ့မြင်စိုင်းကို မွန်ဂိုတပ်တွေရောက်လာပြီးပိတ်ဆို့ဝန်းရံထားပါတယ်။ ဒါပေမယ့့် မွန်ဂိုတပ်တွေဟာမြင်စိုင်းကို မသိမ်းပိုက်နိုင်ပဲလှည့်ပြန်သွားကြပြီးေ နာက် ပိုင်းမှာတော့မွန်ဂိုဧကရာဇ်ဟာမြန်မာပြည်စစ်ဆင်ရေးကို အဆုံးတိုင် ရပ်နားလိုက်ပါတော့တယ်။


မွန်ဂိုတွေဟာမြန်မာပြည်ထဲမှာ ပုဂံထီးနန်းပြိုလဲသွားတဲ့အတွက်ပေါ်ပေါက်လာတဲ့လေဟာနယ် Power Vacuumနေရာကို အစားမထိုးနိုင်ခဲ့ သလိုမြန်မာပြည်ကိုလည်း မွန်ဂိုအင်ပါယာထဲသွတ်သွင်းခဲ့ခြင်းမရှိပါဘူး။
ဒါပေမယ့်မွန်ဂိုကျုးကျော်မူကာလတွေအတွင်းမှာပဲ နှစ်ပေါင်းနှစ်ရာကျော်ငြိမ်းချမ်းသာယာစွာတည်ရှိလာတဲ့ ပုဂံအင်ပါယာဟာ အစိတ်စိတ် အမွှာမွှာကွဲကြေသွားပါတယ်။

တချိန်ကနေထိုင်သူ နှစ်သိန်းကျော်ရှိခဲ့တဲ့ အလွန်စည်ကားခမ်းနားတဲ့ ပုဂံမြို့တော်ကြီးဟာလည်း ကျီးနဲ့ဘုတ်ဘုတ်ဖြစ်သွားပြီး နောင်ဘယ်သောအခါမှ အရင်ပုံစံမျိုးပြန်မရတော့ပါဘူး။ ရွာငယ်ဇနပုဒ်တခုအဆင့်လျှောကျသွားပါတယ်။


မြန်မာနိုင်ငံအတွင်းမှာစင်ပြိုင်မြို့ပြနိုင်ငံတွေပေါ်ထွက်လာပါတယ်။


သူတလူငါတမင်းနဲ့လစ်ဟာသွားတဲ့ပုဂံရဲ့power vacuumကို အစားထိုးနိုင်ဖို့ သူ့ထက်ငါအပြိုင်အဆိုင်ကြိုးစားကြရင်း နောက်ထပ်နှစ်ပေါင်းများစွာအထိမငြိမ်မသက်ဖြစ်သွားခဲ့ပါတော့တယ်။


(By:Kyawmin Aung)


အရင်က တင်ပြီးသားကျွန်တော်ရဲ့ပို့စ်အဟောင်းလေးပါ။တချို့Pageတွေမှာလည်းဖော်ပြတာတွေ့ဖူးပါတယ်။



Comments

Popular posts from this blog

ဓမ္မရာဇက ဘုရား

Damayazika Pagoda ဓမ္မရာဇက ဘုရားသည်ပုဂံမြို့ဟောင်းအရှေ့ပိုင်း ဖွားစောရွာတွင် တည်ရှိပါသည်။ ထိုဘုရားကို ခရစ်သက္ကရာဇ် ၁၁၉၈ တွင် နရပတိစည်သူမင်း က တည်ခဲ့ပါသည်။ ထိုဘုရားမှာမုဒ်ဦးငါးခု ပါရှိပြီး အောက်ခံ ပစ္စယံခုံလုံး ပဉ္စဂံပုံရှိခြင်းမှာအများအားဖြင့် စတုရန်းပုံရှိသော အခြားပုဂံဘုရားများနှင့်မတူပဲဤစေတီ၏ထူးခြားချက်တရပ်ဖြစ်သည်။ ရှေးဟောင်းပုဂံဘုရားများအနက် အမြင်လှပတင့်တယ်(သပ္ပယ်)ပြီး တည်ဆောက်ပုံအချိုးကျသော စေတီတဆူဖြစ်ပါသည်။ စေတီနှင့်ကပ်လျှက်အရပ်ငါးမျက်နှာ၌ ဘုရားကျောင်းဆောင်ငါးခုရှိပြီး ဗုဒ္ဓရုပ်ပွားတော် ငါးဆူ ကိန်းဝပ်စံပယ်တော်မူနေပါသည်။ ဘဒ္ဒကမ္ဘာ၌ပွင့်ပြီးနှင့် ပွင့်လတ္တံ့ဘုရားများကိုရည်ညွှန်းပါသည်။ ခေါင်းလောင်းပုံ စေတီ၏အောက်ခြေ၌ ပဉ္စဂံပုံစံ ပစ္စယာသုံးဆင့် ရှိပြီး ပစ္စယာများ၏ဘေးဖက်တွင် ဗုဒ္ဓ၏ဘဝဖြစ်တော်စဉ် ၅၅၀နိပါတ်တော်လာပုံများကိုစာနှင့်တကွရေးထွင်းထားသည့် စဉ့်စိမ်းအုတ်ချပ်များ လက်ယာရစ်အတိုင်း ပတ်ပတ်လည်ကပ်ထားပါသည်။ ဤဘုရား၌ သီဟိုဠ်ဘုရင်ထံမှရသော ဓာတ်တော်လေးဆူကိုဌာပနာထားရှိကြောင်း၊ ဘုရားတည်ရာ လက်ခငွေ ၄၄၀၂၇ ကျပ် ကုန်ကျကြောင်းကို စေတီအရှေ့မျက်နှာ တဝဂူအတွင်း၌ ရေးထိုးထားသော ဘုရားတည်မော်ကွန်းကျေ...
မင်္ဂလာစေတီ ပုဂံမှာနောက်ဆုံးတည်ခဲ့တဲ့ဘုရားတွေထဲကတဆူဖြစ်ပါတယ်။ ပုဂံမပျက်သုဉ်းမီ ပုဂံခေတ်ရဲ့ နောက်ဆုံးဗိသုကာနဲ့အနုပညာလက်ရာတွေကို ဒီဘုရားမှာလေ့လာနိုင်ပါတယ်။ မင်္ဂလာစေတီကို အေဒီ၁၂၇၇ ခုနှစ်မှာ မြန်မာ့သမိုင်းမှာ တရုပ်ပြေးမင်းလို့ ထင်ရှားတဲ့ နရသီဟပတေ့မင်း က တည်ခဲ့ပြီး၁၂၈၃ ခုနှစ်မှာပြီးစီးခဲ့ပါတယ်။ ရွှေစည်းခုံကို နမူနာယူပြီးတည်ထားတယ်လို့ အဆိုရှိပါတယ်။ ဘုရားတည်နေစဉ်မှာပဲ မွန်ဂိုစစ်မက် ဘေးဒဏ်ဟာပုဂံအပေါ်စတင်ကျရောက်လာပြီဖြစ်ပါတယ်။ ဒီဘုရားဟာ ပုဂံကတခြားစေတီပုထိုးတွေလို တိုင်းပြည်အေးချမ်းသာယာနေစဉ်မှာ တည်ခဲ့ရတာ မဟုတ်ပဲ တိုင်းပြည်ပျက်ခါနီး ဗရုတ်ဗရက်ကာလပုဂံရဲ့နောက်ဆုံးနေ့တွေမှာ တည်ခဲ့ရတာဖြစ်ပါတယ်။ တိုင်းပြည်အပေါ်ကျရောက်နေတဲ့ကြမ္မာဆိုးတွေကနေ ကင်းလွတ်ဖို့ အတိတ်ကောင်း နမိတ်ကောင်း ယူတဲ့အနေနဲ့ "မင်္ဂလာ"ဆိုတဲ့ အမည်ပေးခဲ့သလား စဉ်းစားစရာပါ။ ကြီးကျယ်ခဲ့တဲ့ ပုဂံသားတွေရဲ့ နောင်လာနောက်သားတွေအတွက် အမွေအဖြစ်ထားခဲ့တဲ့ နောက်ဆုံးနုတ်ဆက်လက်ရာတွေကို ဒီဘုရားမှာ လွမ်းမောတမ်းတဖွယ်မြင်တွေ့ရမှာပါ။ စေတီမှာပစ္စယံသုံးဆင့်ရှိပြီး ဇာတက ဝတ္ထ ုထဲက ပုံတွေကိုထွင်းထားတဲ့ လက်ရာမြောက် စဥ့်အုတ်ချပ်တွေ ပတ်ပတ်...

ကမ္ဘာ့ရှေးအကျဆုံးမြို့များ

ကမ္ဘာ့ရှေးအကျဆုံးမြို့များ စတည်တဲ့အချိန်ကစပြီး ယနေ့အထိ တဆက်တစပ်တည်း မပြတ်တမ်း လူနေထိုင်လျှက်ရှိတဲ့ ကမ္ဘာ့ရှေးအကျဆုံးမြို့များဖြစ်ပါတယ်။ အခုဖော်ပြထားတဲ့မြို့အားလုံးရဲ့ လူနေထိုင်တဲ့သက်တမ်းဟာ နှစ်ပေါင်းထောင်နဲ့ချီကြာခဲ့ပါပြီ။ မြို့အများစုက အရှေ့အလယ်ပိုင်းနဲ့ မြေထဲပင်လယ်တဝိုက်မှာ တည်ရှိတာတွေ့ရပါတယ်။ အိန္ဒိယနဲ့တရုပ်ကလည်း တမြို့စီ ပါဝင်ပါတယ်။ ၁၂.ဗာရာဏသီမြို့ အမေရိကန်စာရေးဆရာကြီးမက်တွို င်း က "ယဉ်ကျေးမူတွေထက် စောတဲ့မြို့ သမိုင်းတွေထက် ပိုအိုမင်း တဲ့မြို့ ယုတ်စွအဆုံး ဒဏ္ဏာရီတွေတောင် လက်လှမ်း မမှီတဲ့မြို့ လို့ဆိုခဲ့ပါတယ်။ လူနေထိုင်လာတဲ့သက်တမ်းက အနစ် လေးထောင်လောက်ရှိပါပြီ။ ဂဂါင်္မြစ်ကမ်းမှာရှိပြီး ကမ္ဘာတဝှမ်းက ဟိန္ဒူ ဘာသာဝင်တွေရဲ့ အထွတ်အမြတ်ထားရာမြို့ ဖြစ်ပါတယ်။ ၁၁.လိုရန်မြို့ လွန်ခဲ့တဲ့ နှစ်ပေါင်းလေးထောင်လောက်က စပြီး တဆက်တည်းလုနေထိုင်လာခဲ့တဲ့မြို့ ဖြစ်ပါတယ်။ တရုပ်နိုင်ငံအလယ်ပိုင်းလွင်ပြင်ဒေသ Lei နဲ့Yi မြစ်ခွဆုံမှာတည်ရှိပါတယ်။ တရုပ်နိုင်ငံရဲ့ရှေးအကျဆုံးမြို့ဖြစ်ပြီးတသ ရှေးဟောင်းသမိုင်းဝင် မြို့တော်တခုလည်း ဖြစ်ပါတယ်။ တရုပ်ရာဇဝင်အရ ဘီစီ၂၀၇၀ မှာ Xiaမင်း...