ကမ္ဘာ့ရှေးအကျဆုံးမြို့များ
စတည်တဲ့အချိန်ကစပြီး ယနေ့အထိ
တဆက်တစပ်တည်း မပြတ်တမ်း
လူနေထိုင်လျှက်ရှိတဲ့ ကမ္ဘာ့ရှေးအကျဆုံးမြို့များဖြစ်ပါတယ်။
အခုဖော်ပြထားတဲ့မြို့အားလုံးရဲ့
လူနေထိုင်တဲ့သက်တမ်းဟာ
နှစ်ပေါင်းထောင်နဲ့ချီကြာခဲ့ပါပြီ။
မြို့အများစုက အရှေ့အလယ်ပိုင်းနဲ့
မြေထဲပင်လယ်တဝိုက်မှာ
တည်ရှိတာတွေ့ရပါတယ်။
အိန္ဒိယနဲ့တရုပ်ကလည်း တမြို့စီ
ပါဝင်ပါတယ်။
၁၂.ဗာရာဏသီမြို့
အမေရိကန်စာရေးဆရာကြီးမက်တွို င်း
က "ယဉ်ကျေးမူတွေထက် စောတဲ့မြို့
သမိုင်းတွေထက် ပိုအိုမင်း တဲ့မြို့
ယုတ်စွအဆုံး ဒဏ္ဏာရီတွေတောင် လက်လှမ်း
မမှီတဲ့မြို့ လို့ဆိုခဲ့ပါတယ်။
လူနေထိုင်လာတဲ့သက်တမ်းက အနစ်
လေးထောင်လောက်ရှိပါပြီ။
ဂဂါင်္မြစ်ကမ်းမှာရှိပြီး ကမ္ဘာတဝှမ်းက
ဟိန္ဒူ ဘာသာဝင်တွေရဲ့ အထွတ်အမြတ်ထားရာမြို့ ဖြစ်ပါတယ်။
၁၁.လိုရန်မြို့
လွန်ခဲ့တဲ့ နှစ်ပေါင်းလေးထောင်လောက်က
စပြီး တဆက်တည်းလုနေထိုင်လာခဲ့တဲ့မြို့
ဖြစ်ပါတယ်။
တရုပ်နိုင်ငံအလယ်ပိုင်းလွင်ပြင်ဒေသ
Lei နဲ့Yi မြစ်ခွဆုံမှာတည်ရှိပါတယ်။
တရုပ်နိုင်ငံရဲ့ရှေးအကျဆုံးမြို့ဖြစ်ပြီးတသ
ရှေးဟောင်းသမိုင်းဝင် မြို့တော်တခုလည်း
ဖြစ်ပါတယ်။
တရုပ်ရာဇဝင်အရ ဘီစီ၂၀၇၀ မှာ
Xiaမင်းဆက်က ဘုရင်Tai Kang က
တည်ခဲ့တယ်လို့သိရပါတယ်။
တန်မင်းဆက် လက်ထက်မှာ
အရှေ့ပိုင်းမြို့တော်ဖြစ်ခဲ့ပြီး
ဆုန်မင်းဆက် လက်ထက်မှာ
အနောက်ပိုင်းမြို့တော်ဖြစ်ခဲ့ပါတယ်။
အေဒီ၆၈ ခုနှစ်က ဒီမြို့မှာဆောက်ခဲ့တဲ့
မြင်းဖြူကျောင်းဟာ တရုပ်နိုင်ငံမှာ
အစောဆုံးဗုဒ္ဓဘာသာ အဆောက်အဦ
ဖြစ်ပါတယ်။
လိုရန်မြို့ရဲ့တောင်ဖက်
၇မိုင်အကွာလောက်မှာ
အေဒီ၄၉၃ ကနေ အေဒီ ၁၁၂၇ အကြား
ထွင်းထုပူဇော်ခဲ့ကြတဲ့ဗုဒ္ဓရုပ်ပွားတော်များ
ကိန်းဝပ်စံပယ်ရာ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်
Longmen Grottoes တည်ရှိပါတယ်။
အခုအခါမှာတော့ လိုရန်ုမြို့ ဟာ တရုပ်နိုင်ငံရဲ့
စက်မူမြို့တော်တခုဖြစ်နေပါတယ်။
၁၀.ဂျေရုစလင်မြို့ (အစ္စရေး)
လွန်ခဲ့တဲ့အနှစ် လေးထောင်နဲ့
ငါးထောင်ကြားလောက်မှာ စည်ပင်တဲ့မြို့ ကြီးတမြို့ဖြစ်နေပါပြီ။
ကမ္ဘာ့ ဘာသာကြီးတွေရဲ့ အထွတ်အမြတ်
ထားရာ မြို့တမြို့ ဖြစ်ပါတယ်။
ကိုးကွယ်ယုံကြည်မူ နဲ့ဝိညာဉ်ပိုင်းဆိုင်ရာ
အတွက်အရေးပါတဲ့မြို့ ဖြစ်ပါတယ်။
အစ္စလာမ်ဘာသာဝင်တွေအတွက်
ဒုတိယအရေးကြီးဆုံးဝတ်ပြုရာနေရာဖြစ်တဲ့
Dome of the rock ရှိသလို ဂျူးဘာသာဝင်တွေအတွက်အရေးကြီးဆုံးနေရာဖြစ်တဲ့
Western Wall ရှိပါတယ်။
ခရစ်ယာန်တို့အတွက်
အရေးပါတဲ့ Church of the Holyရှိပါတယ်။
အဲဒီChurchကျောင်းကို
ရောမဘုရင်ကွန်စတန်တိုင်းကအေဒီလေးရာစုမှာတည်ဆောက်ခဲ့တာပါ။
သမိုင်းတလျှောက် ဂျေရုစလင်မြို့ဟာ
၂၃ကြိမ်အဝိုင်းခံရတယ်။
၅၂ကြိမ်အတိုက်ခံရပြီးတော့
၄၄ကြိမ်အသိမ်းပိုက်ခံရပါတယ်။
တမြို့လုံး
အဖျက်ဆီးခံရတာတော့နှစ်ကြိမ်ရှိပါတယ်။
ရူပ်ထွေးတဲ့သမိုင်းကြောင်းနဲ့
ဘာသာရေးဆုံမှတ်
နေရာဖြစ်နေလို့ ကမ္ဘာပေါ်မှာ
နိုင်ငံရေးပြသနာ အရူပ်ဆုံးမြို့ဖြစ်ပါတယ်။
အခြေအနေအရပ်ရပ်ကြောင့်
ဂျေရုစလင်မြို့ ဟောင်းက်ို ပျက်စီးဖို့
အန္တရာယ်ကြုံနေရတဲ့ ကမ္ဘာ့အမွေအနှစ်
နေရာအဖြစ်သတ်မှတ်ထားပါတယ်။
ဂျေရုစလင်နဲ့ပတ်သက်ပြီး
အင်္ဂလန်ဝန်ကြီးချုပ် ဒစ္စရေလီက အခုလို
ပြောခဲ့ဖူးပါတယ်။ဍ္ဎ
"ဂျေရုစလင် ဟာ ကမ္ဘာ့သမိုင်းပဲ။
ဒါထက်တောင်ပိုပါတယ်။တကယ်တော့
ဂျေရုစလင်ဟာ မြေကြီးနဲ့ကောင်းကင်ဘုံရဲ့သမိုင်းပဲ"
၉.ရေး(Rayy) အီရန်
ဒီနေ့ခေတ် တီဟီရန်မြို့တော်ဧရိယာအတွင်းမှာကျရောက်ပါတယ်။
လွန်ခဲ့တဲ့ အနှစ်၈၀၀၀လောက်ကစပြီး
လူနေထိုင်ခဲ့တာဖြစ်ပြီး အကြားအလပ်မရှိတဆက်တည်းနေခဲ့တာတော့ အနှစ်
၅၀၀၀ကျော်ပါပြီ။
ဒီမြို့ မှာ အနှစ်ငါးထောင်သက်တမ်းရှိပြီးဖြစ်တဲ့Chemshmeh Ali ကုနး၊အနှစ်သုံးထောင်သက်တမ်းရှိပြီဖြစ်တဲ့ Gaebri ရဲတိုက်တို့လို
အထင်ကရ သမိုင်းအမွေအနှစ်တွေရှိပါတယ်။
ဇိုရိုအက်စတာဘာသာဝင်တွေရဲ့
အထွတ်အမြတ်မြို့ ဖြစ်ပါတယ်။
၈.စီဒွန်(လက်ဘနွန်)
လွန်ခဲ့တဲ့အနှစ်၆၀၀၀က စတင်
လူနေထိုင်ခဲ့ပါတယ်။ဖီနီရှန်းတို့ရဲ့
အရေးအပါဆုံးမြေထဲပင်လယ်ဆိပ်ကမ်းမြို့
တမြို့ ဖြစ်တယ်။
တည်နေရာရဲ့ အရေးပါမူကြောင့်ပဲ
ခေတ်အဆက်ဆက်မှာ အဆီးရီးယန်း၊ဘေဘီလိုနီးယန်း၊အီဂျစ်၊ဂရိနဲ့
ရောမအင်ပါယာတွေရဲ့ သိမ်းယူခြင်း
ခံရတယ်။
သခင်ယေရူ နဲ့စိန့်ပေါ တို့ဟာဒီမြို့က်ို
ရောက်ဖူးတယ်လို့ ပြောကြပါတယ်။
၃၃၃ဘီစီမှာ စီဒွန်ဟာ အလက်ဇန္ဒား
သည်ဂရိတ်ရဲ့သိမ်းပိုက်ခြင်းခံရဖူးပါတယ်။
ဒီနေ့ စီဒွန်မြို့မှာနေထိုင်သူ နှစ်သိန်း
ကျော် ရှိပါတယ်။
၇.ဘိုင်ဘလို့စ်(လက်ဘနွန်)
တဆက်တစပ်တည်းလူနေထိုင်လာခဲ့တာ
အနှစ်၅၀၀၀ ရှိပါပြီ။
ဖီနီရှန်းလူမျိုးတွေကGebal ဆိုတဲ့
အမည်နဲ့တည်ထောင်ခဲ့တာပါ။
ဘိုင်ဘလို့စ်ဆိုတဲ့နာမည်ကိုတော့ဂရိတွေကပေးခဲ့တာပါ။အင်္ဂလိပ်စကားလုံး Bible ဟာ Byblosကနေဆင်းသက်လာတာလို့
သိရပါတယ်။
၆.ပလော့ဗ်ဒစ်(ဘူဂေးရီးယား)
လူနေထိုင်လာခဲ့တာ အနှစ်၆၀၀၀ကျော်ပါပြီ။ရောမခေတ်က အရေးပါတဲ့မြို့တမြို့
ဖြစ်ခဲ့ပါတယ်။
အဲသည့်နောက်မှာတော့ဘိုင်းဇိုင်းတိုင်းနဲ့
အော်တိုမင်တို့လက်အောက်
ကျရောက်ခဲ့ပါတယ်။
ရောမခေတ်ကဆောက်ခဲ့တဲ့ ရေသွယ်တံတား
တွေ၊ဗိသုကာလက်ရာတွေ ကျန်ရှိနေပါတယ်။
အခုအချိန်မှာတော့ ဘူဂေးရီးယားရဲ့ဒုတိယအကြီးဆုံးမြို့ ဖြစ်ပြီး
စီးပွားရေး၊ပညာရေးနဲ့ယဉ်ကျေးမူအချက်အခြာ မြို့ တမြို့ ဖြစ်ပါတယ်။
၅.အာဂို့စ် (ဂရိ)
ဒီမြို့ကလည်း အေသင်နဲ့ခေတ်ပြိုင်မြို့တမြို့
ဖြစ်ပါတယ်။
လူနေထိုင်လာတာအနှစ်၇၀၀၀ရှိပါပြီ။
အနီးဝန်းကျင်က မြေသြဇာကောင်းတဲ့
လွင်ပြင်က မြို့ကိုတန်ခိုးသြဇာရှိတဲ့မြို့
တမြို့ဖြစ်စေပါတယ်။ဒါပေမယ့်သမိုင်းတ
လျှောက်ဒီမြို့ဟာကြားနေဝါဒကျင့်
သုံးခဲ့တာများပြီး ဂရိနဲ့ပါရှားတွေဖြစ်တဲ့
စစ်ပွဲမှာတောင် ပါဝင်ခဲ့ခြင်းမရှိပါဘူး။
ဒါကလည်းဒီမြို့ကိုသက်ဇိုးရှည်စေတဲ့
အကြောင်းတချက်ဖြစ်စေပါတယ်။
၄.အေသင်(ဂရိ)
ကမ္ဘာ့အတွေးအခေါ်ပညာ၊ဒီမိုကရေစီနဲ့
အနောက်တိုင်းယဉ်ကျေးမူမွေးဖွားရာ
ဘူမိနက်သန် နေရာဖြစ်ပါတယ်။
အေသင်မြို့ရဲ့သမိုင်းကြောင်းက
ဆိုကရေတီးတို့၊အရစ္စတိုတယ်တို့ထက်အများကြီးစောပါတယ်။
အေသင်မှာစဉ်ဆက်မပြတ်လူနေထိုင်လာတာ အနှစ်၇၀၀၀ကျော်ပါပြီ။
အခုအချိန်မှာလည်းအေသင်ဟာ
ဂရိ ရဲ့ မြို့တော်ဖြစ်နေဆဲဖြစ်ပါတယ်။
လွန်ခဲ့တဲ့အနှစ်၂၅၀၀လောက်ကဆောက်ခဲ့တဲ့
Acropolis ရဲတိုက်ဟာ အံ့ချီးဖွယ်ရာ ဂရိဗိသုကာလက်ရာ တခုဖြစ်ပြီး
ယနေ့တိုင်အသင်မြို့ရဲ့အထင်ကရပုံရိပ်တခု
ဖြစ်နေဆဲဖြစ်ပါတယ်။
၃.အလက်ပိုမြို့ (ဆီးရီးယား)
လက်ရှိအလက်ပိုမြို့နေရာကတော့
မြို့ဖြစ်နေတာ နှစ်ပေါင်း၈၀၀၀ရှိပါပြီ။
အနီးဝန်းကျင်တဝိုက်မှာတော့လွန်ခဲ့တဲ့
အနှစ်၁၃၀၀၀လောက်ကတည်းက
လူတွေအခြေချနေထိုင်တဲ့
အထောက်အထားတွေတွေ့ရပါတယ်။
လွန်ခဲ့တဲ့အနှစ်၅၀၀၀လောက်ကရေးထိုးခဲ့တဲ့
ကျူ နီဖောင်းစာတွေပါတဲ့ရွှံ့ စေးပြားတွေကို
ဒီမြို့ မှာတွေ့ခဲ့ရပါတယ်။
အဲဒီခေတ်ရဲ့ စီးပွားရေးနဲ့စစ်ရေး
အနေအထားကို အဲဒီစာကနေ သိရပါတယ်။
အလက်ပို ဟာမြေထဲပင်လယ်နဲ့မက်ဆိုပိုတေးမီးယားရဲ့ကြား၊တရုပ်ပိုးလမ်း
မကြီးရဲ့အဆုံးဖြစ်လို့ ရှေးခေတ်က
အချက်အခြာကျတဲ့မြို့တမြို့ ဖြစ်ပါတယ်။
ဘီစီ၈၀၀မတိုင်မီအထိ ဟစ်တိုက်လူမျိုးတွေရဲ့
မြို့ ဖြစ်ပါတယ်။အဲဒီနောက်ပိုင်းမှာ
အဆီးရီးယန်း၊ဂရိနဲ့ပါရှားတွေရဲ့
လက်တွင်းကျရောက်ခဲ့ပါတယ်။
ရောမ၊ဘိုင်ဇိုင်းတိုင်း၊အာရပ်တွေရဲ့
လက်ပြောင်း အုပ်စိုးခံရပါတယ်။
ခရူးဆိတ်စစ်ပွဲအတွင်းမှာ အဝိုင်းခံရပါတယ်။
မွန်ဂိုတို့ရဲ့ လက်တွင်းကျရောက်ဖူးပါတယ်။နောက်ဆုံးမှာတော့ အော်တိုမင်
အင်ပါယာအတွင်းသက်ဆင်းခဲ့ရပါတယ်။
အလက်ပို ဟာ
အခုခေတ်မှာဆီးရီးယားရဲ့အကြီးဆုံးမြို့
ဖြစ်ပါတယ်။
စိတ်မကောင်းစရာကတော့ ဒီနေ့ခေတ်မှာ ပဋိပက္ခတွေရဲ့ သားကောင်ဖြစ်နေပြီး
ဆီးရီးယားအစိုးရတပ်တွေနဲ့သူပုန်တွေရဲ့
တိုက်ပွဲတွေအတွင်းမြို့သူမြို့သားတွေ
ထောင်နဲ့ချီသေဆုံး၊ သောင်းနဲ့ချီထွက်ပြေးကြရပါတယ်။
အဖိုးမဖြတ်နိုင်တဲ့ ယဉ်ကျေးမူအမွေအနှစ်
ပစ္စည်းအမြောက်အမြားပျက်စီး
ဆုံးရူံးခဲ့ရပါတယ်။
၂.ဂျယ်ရီကိုမြို့ (ပါလက်စတိုင်း)
ဂျော်ဒန်မြစ်အနီးမှာတည်ရှိတဲ့
ဂျယ်ရီကိုမြို့ကို
ဘီစီ၆၈၀၀ကတည်ခဲ့ပြီး ကမ္ဘာမှာပထမဆုံး တံတိုင်းပတ်ထားတဲ့မြို့ ဖြစ်ပါတယ်။
မြို့ ရဲ့ မြေမျက်နှာပြင်ဟာ
ပင်လယ်ရေမျက်နှာပြင်အောက်နိမ့်ပေမယ့် သမိုင်းတလျှောက်လူနေထိုင်မူ
မပြတ်ခဲ့ပါဘူး။
လက်ရှိမှာ လူ၂၀၀၀၀ကျော်နေထိုင်လျှကိရှိပါတယ်။
၁.ဒမတ်စကပ်မြို့ (ဆီးရီးယား)
လွန်ခဲ့တဲ့နှစ်ပေါင်း ၁၁၀၀၀လောက်
ကစပြီးလူနေထိုင်ခဲ့တဲ့မြိဖြစ်ပါတယ်။
မြို့ကြီးရဲ့ သက်တမ်းတလျှောက်မှာ
ယဉ်ကျေးမူတွေမွေးဖွားလာတာ၊ပျက်သုဉ်း
သွားတာတွေအကြိမ်ကြိမ်တွေ့ကြုံခဲ့ရပါတယ်။
ဘီစီ ၁၁ ရာစုလောက်မှာ Aramean
ဘုရင့်နိုင်ငံရဲ့မြို့တော်ဖြစ်ခဲ့ပြီး
ဟီဘရူးနိုင်ငံတွေဖြစ်တဲ့
အစ္စရေး၊ဂျူ ဒါနိုင်ငံတွေနဲ့ စစ်ခင်းနေခဲ့ပါတယ်။
နောက်ပိုင်းမှာအဆီးရီးယားတွေရဲ့သိမ်းပိုက်ခြင်း
ခံရပြီး ဘေဘီလုံရဲ့ ဖျက်ဆီးခြင်းခံရပြန်တယ်။
၃၃၃ ဘီစီမှာ အလက်ဇန်းဒါးသည်ဂရိတ် ရဲ့
သိမ်းပိုက်ခြင်းခံပြီး နောင်နှစ်ပေါင်း ၁၀၀၀
လောက်အထိဂရိယဉ်ကျေးမူထွန်းကားခဲ့ပါတယ်။
လေးရာစုမှာ ခရစ်ယာန်ဘာသာပြန့်ပွားလာပြီး
ဘိုင်ဇိုင်းတိုင်းအင်ပါယာရဲ့စစ်ရေးအချက်အချာမြို့
တမြို့ဖြစ်လာတယ်။
အေဒီ၆၃၅ ခုနှစ်မှာ မူစလင်စစ်တပ်တွေရဲ့သိမ်း
ပိုက်ခြင်းခံရပြီး Umayyad Caliphate ရဲ့မြို့တော်ဖြစ်လာတယ်။
Umayyard ကာလီဖိတ် ခေတ်ကဆောက်ခဲ့တဲ့
Great Mosqueဟာကမ္ဘာမှာ အကြီးဆုံးနဲ့ရှေးအကျဆုံးဗလီတွေထဲတခုဖြစ်ပါတယ်။
ဒမတ်စကပ်ဟာ၁၃ ရာစုမှာမွန်ဂိုတွေရဲ့
ကျူ းကျော်မူ၊အေဒီ ၁၄၀၀မှာ စစ်ဘုရင်တိမူးရဲ့
သိမ်းပိုက်ဖျက်ဆီးမူတွေခံခဲ့ရပါတယ်။
ဂရိ၊ရောမ၊ဘိုင်းဇိုင်းတိုင်းနဲ့မူစလင်ယဉ်ကျေးမူတွေအားလုံးဒမတ်စကပ်မြို့မှာ လွှမ်းခြုံ ထားပါတယ်။
၁၆ရာစု အစပိုင်းမှာ အော်တိုမင်အင်ပါယာရဲ့
လက်အောက်ကျရောက်သွားတာဟာ နောင်
နှစ်ပေါင်းလေးရာကျော်အထိ ကြာမြင့်ခဲ့ပါတယ်။
ဒမတ်စကပ်မြို့ဟာဆီးရီးယားရဲ့မြို့တော်ဖြစ်ပြီး
ဒီနေ့ခေတ်မှာနေထိုင်သူ
လေးသန်းခွဲကျော်ရှိပါတယ်။
၂၀၀၈ခုနှစ်မှာ အာရပ်ယဉ်ကျေးမူမြို့တော်အဖြစ်သတ်မှတ်ခံခဲ့ရပါတယ်။
( By Kyawmin Aung)

Comments
Post a Comment