Skip to main content

"မဟာဗျူ ဟာမြောက်မိတ်ဆွေဖွဲ့မူ"

"မဟာဗျူ ဟာမြောက်မိတ်ဆွေဖွဲ့မူ"


အာဖရိကမြက်ရိုင်းတောတွေထဲမှာ
မြင်းကျားအုပ်နဲ့အတူတကွလှည့့်လည်နေကြတဲ့
ငှက်ကုလားအုတ်တွေကို မကြာခဏတွေ့မြင်နိုင်ပါတယ်။
မြင်းကျားတွေမှာအလွန်ကောင်းတဲ့အနံ့ခံအာရုံနဲ့
အကြားအာရုံရှိပေမယ့်အမြင်အာရုံချို့တဲ့ပါတယ်။
ငှက်ကုလားအုတ်တွေမှာကအလွန်စူးရှတဲ့အမြင်အာရုံရှိပါတယ်။
ဒါပေမယ့်အနံ့ခံအာရုံနဲ့အကြားအာရုံကျတော့ညံ့ဖျင်းပါတယ်။
သူတို့နှစ်ဦးပူးပေါင်းနေထိုင်ခြင်းဖြင့်တဦးရဲ့အားနည်းချက်ကိုတဦးကဖေးမကူညီပေးပြီးခြသေ့င်္တွေရဲ့ဘေးရန်ကနေလွတ်မြောက်အောင်စွမ်းဆောင်နိုင်ကြပါတယ်။
Written by Kyaw Min Aung

Comments

  1. Menus | Mens Titanium Necklace - Titanium Art
    Menus - Mens Titanium Necklace titanium 6al4v by titanium money clip Menus on TitaniumArt. titanium wallet Explore our collection of unique Mens Tinted titanium meaning jewelry featuring titanium undertaker the traditional,

    ReplyDelete

Post a Comment

Popular posts from this blog

ဓမ္မရာဇက ဘုရား

Damayazika Pagoda ဓမ္မရာဇက ဘုရားသည်ပုဂံမြို့ဟောင်းအရှေ့ပိုင်း ဖွားစောရွာတွင် တည်ရှိပါသည်။ ထိုဘုရားကို ခရစ်သက္ကရာဇ် ၁၁၉၈ တွင် နရပတိစည်သူမင်း က တည်ခဲ့ပါသည်။ ထိုဘုရားမှာမုဒ်ဦးငါးခု ပါရှိပြီး အောက်ခံ ပစ္စယံခုံလုံး ပဉ္စဂံပုံရှိခြင်းမှာအများအားဖြင့် စတုရန်းပုံရှိသော အခြားပုဂံဘုရားများနှင့်မတူပဲဤစေတီ၏ထူးခြားချက်တရပ်ဖြစ်သည်။ ရှေးဟောင်းပုဂံဘုရားများအနက် အမြင်လှပတင့်တယ်(သပ္ပယ်)ပြီး တည်ဆောက်ပုံအချိုးကျသော စေတီတဆူဖြစ်ပါသည်။ စေတီနှင့်ကပ်လျှက်အရပ်ငါးမျက်နှာ၌ ဘုရားကျောင်းဆောင်ငါးခုရှိပြီး ဗုဒ္ဓရုပ်ပွားတော် ငါးဆူ ကိန်းဝပ်စံပယ်တော်မူနေပါသည်။ ဘဒ္ဒကမ္ဘာ၌ပွင့်ပြီးနှင့် ပွင့်လတ္တံ့ဘုရားများကိုရည်ညွှန်းပါသည်။ ခေါင်းလောင်းပုံ စေတီ၏အောက်ခြေ၌ ပဉ္စဂံပုံစံ ပစ္စယာသုံးဆင့် ရှိပြီး ပစ္စယာများ၏ဘေးဖက်တွင် ဗုဒ္ဓ၏ဘဝဖြစ်တော်စဉ် ၅၅၀နိပါတ်တော်လာပုံများကိုစာနှင့်တကွရေးထွင်းထားသည့် စဉ့်စိမ်းအုတ်ချပ်များ လက်ယာရစ်အတိုင်း ပတ်ပတ်လည်ကပ်ထားပါသည်။ ဤဘုရား၌ သီဟိုဠ်ဘုရင်ထံမှရသော ဓာတ်တော်လေးဆူကိုဌာပနာထားရှိကြောင်း၊ ဘုရားတည်ရာ လက်ခငွေ ၄၄၀၂၇ ကျပ် ကုန်ကျကြောင်းကို စေတီအရှေ့မျက်နှာ တဝဂူအတွင်း၌ ရေးထိုးထားသော ဘုရားတည်မော်ကွန်းကျေ...
မင်္ဂလာစေတီ ပုဂံမှာနောက်ဆုံးတည်ခဲ့တဲ့ဘုရားတွေထဲကတဆူဖြစ်ပါတယ်။ ပုဂံမပျက်သုဉ်းမီ ပုဂံခေတ်ရဲ့ နောက်ဆုံးဗိသုကာနဲ့အနုပညာလက်ရာတွေကို ဒီဘုရားမှာလေ့လာနိုင်ပါတယ်။ မင်္ဂလာစေတီကို အေဒီ၁၂၇၇ ခုနှစ်မှာ မြန်မာ့သမိုင်းမှာ တရုပ်ပြေးမင်းလို့ ထင်ရှားတဲ့ နရသီဟပတေ့မင်း က တည်ခဲ့ပြီး၁၂၈၃ ခုနှစ်မှာပြီးစီးခဲ့ပါတယ်။ ရွှေစည်းခုံကို နမူနာယူပြီးတည်ထားတယ်လို့ အဆိုရှိပါတယ်။ ဘုရားတည်နေစဉ်မှာပဲ မွန်ဂိုစစ်မက် ဘေးဒဏ်ဟာပုဂံအပေါ်စတင်ကျရောက်လာပြီဖြစ်ပါတယ်။ ဒီဘုရားဟာ ပုဂံကတခြားစေတီပုထိုးတွေလို တိုင်းပြည်အေးချမ်းသာယာနေစဉ်မှာ တည်ခဲ့ရတာ မဟုတ်ပဲ တိုင်းပြည်ပျက်ခါနီး ဗရုတ်ဗရက်ကာလပုဂံရဲ့နောက်ဆုံးနေ့တွေမှာ တည်ခဲ့ရတာဖြစ်ပါတယ်။ တိုင်းပြည်အပေါ်ကျရောက်နေတဲ့ကြမ္မာဆိုးတွေကနေ ကင်းလွတ်ဖို့ အတိတ်ကောင်း နမိတ်ကောင်း ယူတဲ့အနေနဲ့ "မင်္ဂလာ"ဆိုတဲ့ အမည်ပေးခဲ့သလား စဉ်းစားစရာပါ။ ကြီးကျယ်ခဲ့တဲ့ ပုဂံသားတွေရဲ့ နောင်လာနောက်သားတွေအတွက် အမွေအဖြစ်ထားခဲ့တဲ့ နောက်ဆုံးနုတ်ဆက်လက်ရာတွေကို ဒီဘုရားမှာ လွမ်းမောတမ်းတဖွယ်မြင်တွေ့ရမှာပါ။ စေတီမှာပစ္စယံသုံးဆင့်ရှိပြီး ဇာတက ဝတ္ထ ုထဲက ပုံတွေကိုထွင်းထားတဲ့ လက်ရာမြောက် စဥ့်အုတ်ချပ်တွေ ပတ်ပတ်...

ကမ္ဘာ့ရှေးအကျဆုံးမြို့များ

ကမ္ဘာ့ရှေးအကျဆုံးမြို့များ စတည်တဲ့အချိန်ကစပြီး ယနေ့အထိ တဆက်တစပ်တည်း မပြတ်တမ်း လူနေထိုင်လျှက်ရှိတဲ့ ကမ္ဘာ့ရှေးအကျဆုံးမြို့များဖြစ်ပါတယ်။ အခုဖော်ပြထားတဲ့မြို့အားလုံးရဲ့ လူနေထိုင်တဲ့သက်တမ်းဟာ နှစ်ပေါင်းထောင်နဲ့ချီကြာခဲ့ပါပြီ။ မြို့အများစုက အရှေ့အလယ်ပိုင်းနဲ့ မြေထဲပင်လယ်တဝိုက်မှာ တည်ရှိတာတွေ့ရပါတယ်။ အိန္ဒိယနဲ့တရုပ်ကလည်း တမြို့စီ ပါဝင်ပါတယ်။ ၁၂.ဗာရာဏသီမြို့ အမေရိကန်စာရေးဆရာကြီးမက်တွို င်း က "ယဉ်ကျေးမူတွေထက် စောတဲ့မြို့ သမိုင်းတွေထက် ပိုအိုမင်း တဲ့မြို့ ယုတ်စွအဆုံး ဒဏ္ဏာရီတွေတောင် လက်လှမ်း မမှီတဲ့မြို့ လို့ဆိုခဲ့ပါတယ်။ လူနေထိုင်လာတဲ့သက်တမ်းက အနစ် လေးထောင်လောက်ရှိပါပြီ။ ဂဂါင်္မြစ်ကမ်းမှာရှိပြီး ကမ္ဘာတဝှမ်းက ဟိန္ဒူ ဘာသာဝင်တွေရဲ့ အထွတ်အမြတ်ထားရာမြို့ ဖြစ်ပါတယ်။ ၁၁.လိုရန်မြို့ လွန်ခဲ့တဲ့ နှစ်ပေါင်းလေးထောင်လောက်က စပြီး တဆက်တည်းလုနေထိုင်လာခဲ့တဲ့မြို့ ဖြစ်ပါတယ်။ တရုပ်နိုင်ငံအလယ်ပိုင်းလွင်ပြင်ဒေသ Lei နဲ့Yi မြစ်ခွဆုံမှာတည်ရှိပါတယ်။ တရုပ်နိုင်ငံရဲ့ရှေးအကျဆုံးမြို့ဖြစ်ပြီးတသ ရှေးဟောင်းသမိုင်းဝင် မြို့တော်တခုလည်း ဖြစ်ပါတယ်။ တရုပ်ရာဇဝင်အရ ဘီစီ၂၀၇၀ မှာ Xiaမင်း...