Skip to main content

ရုရှားထံကဝယ်ယူခဲ့တဲ့ အမေရိကန်ရဲ့အကြီးဆုံးပြည်နယ်


ရုရှားထံကဝယ်ယူခဲ့တဲ့
အမေရိကန်ရဲ့အကြီးဆုံးပြည်နယ်



 ၁၉၅၉ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့မှာ
အမေရိကန်ပြည်ထောင်စုရဲ့ ၄၉ ခုမြောက်ပြည်နယ်ဖြစ်လာခဲ့တဲ့
အလက်စကားဒေသဟာစတုရန်းမိုင်ပေါင်း ၆၆၀၀၀၀ကျော်ကျယ်ဝန်းပြီးလူဦးရေက
တော့ခုနှစ်သိန်းကျော်ပဲရှိပါတယ်။
အမေရိကန်ပြည်ထောင်စုမှာအကျယ်ဆုံးပြည်နယ်ဖြစ်ပြီးအခြားပြည်နယ်
၄၈ခုပေါင်းထားတဲ့အကျယ်အဝန်းရဲ့ငါးပုံနှစ်ပုံလောက်ရှိပါတယ်။ရ
လူဥှးရေသိပ်သည်းမူက တစတုရန်းမိုင်မှာ
၁.၂၆သာ ရှိတဲ့အတွက်
အမေရိကန်ပြည်ထောင်စုမှာလူနေအကျဲပါးဆုံးပြည်နယ်ဖြစ်ပါတယ်။
အကြီးဆုံးမြို့က အန်းကားရေ့ ဖြစ်ပြီး မြို့တော်က Juneau ဖြစ်ပါတယ်။


အလက်စကား ဆိုတဲ့နာမည်
က ဌာနေတိုင်းရင်းသားAlutတို့ရဲ့ဘာသာစကားကဆင်းသက်လာတာဖြစ်ပြီး "ပင်လယ်ရဲ့ အာဏာသက်ရောက်မူများဦးတည်ရာဌာနေ" လို့ အဓိပ္ပါယ်ရပါတယ်။

အလက်စကားဒေသကို၁၇၄၁ခုနှစ်မှာ
ဒိန်းမတ်လူစွန့်စားဘားရင်းကရှာဖွေတွေ့ရှိခဲ့ပါတယ်။အဲဒီနောက်မှာရုရှား
လူမျိုးဝေလငါးဖမ်းသမားတွေ၊သားမွေးကုန်သည်တွေက ကမ်းလွန်ကကျွန်းတွေမှာ
စ အခြေချလာခဲ့ပါတယ်။
အလက်စကားဟာ ၁၈၆၇ ခုနှစ်အထိရုရှားအင်ပါယာရဲ့အစိတ်အပ်ိုင်းတခု အဖြစ်သာရှိနေခဲ့ရာမှ အဲဒီခုနှစ်မှာ ရုရှားဇာဘုရင်ကဘာမှသုံးစားမရတဲ့
လွင်တီးခေါင် ဒေသတခုအဖြစ်ယူဆပြီး အမေရိကန်ကိုဒေါ်လာခုနှစ်သန်းစွန်းစွန်း
လောက်နဲ့ရောင်းချခဲ့တာဖြစ်ပါတယ်။
တဧကကိုနှစ်ဆင့်လောက်ပဲကျပါတယ်။
ဒီဝယ်ယူမူကိုအဓိကစီစဉ်ဆောင်ရွက်ခဲ့သူက
အမေရိကန်သမ္မတလင်ကွန်းအစိုးရအဖွဲက နိုင်ငံခြားရေးဝန်ကြီးဆီးဝပ်Sewardဖြစ်ပါတယ်။
အလက်စကားဒေသလို ဘာမှသုံးစားမရတဲ့ရေခဲပြင်ကြီးကို ဝယ်ယူတာဟာ
ရူးနှမ်းမူတခုအဖြစ်အားလုံးကရူတ်ချကြပါတယ်။အဲဒါကြောင့်အလက်စကားအရောင်းအဝယ်
ကိစ္စကို Seward's folly လို့လှောင်ပြောင်ခေါ်ကြပါတယ်။အလက်စကားကိုလည်း ဆီးဝပ်ရဲ့ရေခဲပုံးကြီး
လို့ အဲဒီခေတ်ကသတင်းစာတွေမှာ တင်စားရေးသားလေ့ရှိပါတယ်။
၁၉ရာစုအစောပိုင်းကာလတွေအထိ အလက်စကားရဲ့ လူဦးရေ သုံးသောင်းခွဲမှာ ပြင်ပကလာရောက်နေထိုင်သူငါးရာလောက်သာရှိပါတယ်။
အက်စကီမိုး၊အလူးနဲ့အင်ဒီးယန်းတွေက
အလက်စကားရဲ့ မူလဘူတတိုင်းရင်းသားတွေဖြစ်ပါတယ်။
၁၈၉၇ ခုနှစ်ရွှေငမ်းဖမ်းမူကြီးအတွင်းမှာ အလက်စကားကို ပြင်ပကရွှေ့ပြောင်းနေထိုင်သူတွေ အများအပြားရောက်လာပါတယ်။
အဲဒီနောက်ပိုင်းမှာတော့ ပြင်ပကရွှေ့ပြောင်းအခြေချသူဦးရေက ဌာနေတ်ိုင်းရင်း
သားဦးရေထက် ပိုသာလွန်သွားပါတယ်။

အခုတော့အလက်စကားဟာ ရေနံနဲ့သဘာဝဓာတ်ငွေ့လွန်ပေါကြွယ်ဝပြီး ပင်လယ်ငါးဖမ်းလုပ်ငန်းတွေ အကြီးအကျယ်ဖြစ်ထွန်းတဲ့ပြည်နယ်တခုအဖြစ်အမေရိကန်ကို
အကျိုးပြုနေပါပြီ။ရေနံထုတ်လုပ်မူနူန်း အမြင့်ဆုံးရောက်ခဲ့တဲ့
၁၉၈၈ခုနှစ် ဝန်းကျင်ကာလတွေမှာ အလက်စကားကနေ တနေ့ကို ရေနံစိမ်းစည်ပေါင်းနှစ်သန်းအထိ
ထုတ်နိုင်ခဲ့ပါတယ်။အခုအခါမှာတော့
တနေ့က်ို စည်ပေါင်းခြောက်သိန်းလောက် ထုတ်နေနိုင်ပါသေးတယ်။
ဘူမိဗေဒပညာရှင်တွေရဲ့ခန့်မှန်းချက်အရ
အလက်စကားမြောက်ပိုင်း ဆင်ခြေလျောဒေသမှာမထုတ်ယူရသေးတဲ့
သဘာဝဓာတ်ငွေ့ကုပဗေ ၈၅ထရီလီယံ
လောက်ကိန်းအောင်းနေတယ် လို့ သိရပါတယ်။

မြောက်အမေရိကရဲ့အမြင့်ဆုံးတောင်ထိပ်
ဖြစ်တဲ့ Denaliဟာ အလက်စကားမှာရှိပြီးပေပေါင်း
၂၀၃၁၀မြင့်ပါတယ်။
အလက်စကားမှာသက်ဝင်လူပ်ရှားနေဆဲမီးတောင်ရှင်များစွာရှိပါတယ်။၁၉၁၂ခုနှစ်က Novarupta မီးတောင်ပေါက်ကွဲခဲ့ရာ နှစ်ဆယ်ရာစုမှာအပြင်းထန်ဆုံးဖြစ်ခဲ့ပါတယ်။
အလက်စကားပြည်နယ် ပရင့်ဝီလျံဆောင်း
ဒေသမှာ
၁၉၆၄ခုနှစ်မတ်လ၂၇ ရက်က ပြင်းအားရစ်တာ စကေး ၉.၂ ရှိတဲ့ငလျင်ကြီးလူပ်ခဲ့ရာ
ကမ္ဘာမှာဒီနေ့အထိမှတ်တမ်းတင်ထားသမျှ ဒုတိယမြောက်အပြင်းထန်ဆုံးငလျင်ကြီးဖြစ်ပါတယ်။
၁၉၀၅ခုနှစ်ကဆန်ဖရန်စစ္စကိုမှာလူပ်ခဲ့တဲ့ငလျင်ထက် စွမ်းအားနှစ်ဆပိုပြင်းထန်ပါတယ်။လူဦးရေကျဲပါးတဲ့ဒေသဖြစ်တဲ့အတွက်သာ အသေအပျောက်နည်း
ပါးခဲ့တာဖြစ်ပါတယ်။
အလက်စကားတောင်ပိုင်းမှာရေခဲပြင်ကြီးတွေတဖြည်ုးဖြည်းဆုတ်ယုတ်လာတာဟာ အဲဒီဒေသမှာငလျင်ကြီးတွေလူပ်ဖို့အကြောင်း
အချက်တခု ဖြစ်လာတယ်လို့ဆိုပါတယ်။
ဘာဖြစ်လို့လဲဆိုတော့
ဘာရင်းရေခဲလွှာထုကြီးရဲ့အလေးချိန်က ပစိဖိတ်မြေလွှာချပ်ကို မြောက်အမေရိကမြလွှာချပ်ထဲတိုးဝင်နေမူကို
နှေးကွေးအောင်ထိန်းထားပေးပါတယ်။

အလက်စကားဒေသဟာ သဘာဝတောတောင်ရေမြေ ပြည့်စုံကြွယ်ဝတဲ့နေရာတခုဖြစ်တာနဲ့အညီမြစ်ချောင်းများ၊အင်းအိုင်များမြောက်မြားစွာရှိပါတယ်။
မြစ်ချောင်းပေါင်းသုံးထောင်ကျော်နဲ့
ဧကနှစ်ဆယ်ထက်ပိုကျယ်တဲ့ရေအိုင်ပေါင်း
သုံးသန်းခွဲကျော်ရှိပါတယ်။

အလက်စကားပြည်နယ်ရဲ့ ဧရိယာစတုရန်း
မ်ိုင်ပေါင်း၃၀၀၀၀လောက်ကို ရေခဲပြင်တွေကဖုံးအုပ်ထားပါတယ်။
အမေရိကန်ပြည်ထောင်စုရဲ့အကြီးဆုံးဖြစ်တဲ့ Wrangell-St.Ellas အမျိုးသားဥယျာဉ်ကြီးဟာ အလက်စကားမှာရှိပြီးစတုရန်းမိုင်ပေါင်း
၂၀၀၀၀ကျော်ရှိတဲ့အတွက်
ဆွစ်ဇာလန်နိုင်ငံထက် ကျယ်ဝန်းပါတယ်။
အဲဒီ အမျိုသားဥယျာဉ်နယ်မြေထဲမှာ အလက်စကားရဲ့အမြင့်ဆုံးတောင်ထွဋ်တွေ၊ရေခဲပြင်ကြီးတွေတည်ရှိပါတယ်။
Tongass အမျိုးသားဘေးမဲ့တောကတော့အရှေ့တောင်ပိုင်းမှာရှိပြီးဧက၁၇သန်း
ကျော်ကျယ်ဝန်းပါတယ်။အဲဒီသမပိုင်း
မိုးသစ်တောဟာ မျိုးသုဉ်းတော့မယ့် သတ္တဝါနဲ့အပင်မျိုးစိတ် တို့ရဲ့ တည်မှီရာဖြစ်နေပါတယ်။
ဝက်ဝံညိုတွေ၊ဝင်ရိုးစွန်းဝက်ဝံတွေ၊အအေးပိုင်းဒေသနေ ဆတ်နဲ့သမင်တွေ နေထိုင်ကျက်စားကြပါတယ်။
ထူးဆန်းတဲ့ ဖားမျိုးစိတ်တခုလည်းအလက်စကားသစ်တောတွေထဲမှာတွေ့ရပါတယ်။
အဲဒီဖားတွေဟာ အလွန်အေးတဲ့ဆောင်းတွင်း
မှာအသက်မရူ၊နှလုံးမခုန် လူပ်ရှားမူမရှိတော့့ပဲ
လပေါင်းများစွာကြာသည်အထိ တကိုယ်လုံးအေးခဲငြိမ်သက်နေပြီး အပူချိန်မြင့်တက်လာတဲ့နွေအခါရောက်မှပြန်လည်လူပ်ရှားသက်ဝင်လာလေ့ရှိပါတယ်။

အလက်စကားရဲ့ ရှည်လျားတဲ့ဆောင်း
ရာသီညတွေမှာ မြောက်ဖက်ကောင်းကင်ယံမှာ
ထူးဆန်းတဲ့အလင်းတန်းတွေကိုမြင်တွေ့ရလေ့ရှိပါတယ်။
ကမ္ဘာ့သံလိုက်စက်ကွင်းတွေကြောင့်ဖြစ်ပေါ်
လာတဲ့သဘာဝရဲ့ ရင်သပ်ရူမောစရာလက်ဆောင်တခုပါ။
အကောင်းဆုံးမြင်နိုင်တဲ့နေရာကတော့
Fairbanks ဧရိယာမှာပါ။

Auroraလို့ခေါ်တဲ့ အဲဒီအလင်းတန်းတွေက်ိုအထူးသဖြင့်သန်းခေါင်လွန်အချိန်တွေမှာတွေ့ရလေ့ရှိပြီး
ကိုယ်တည်းတဲ့ဟိုတယ်မှာ
အလင်းတန်းတွေထွက်ပေါ်တဲ့အချိန်ကို
Wakeup call ခေါ်ပေးဖို့ကို မှာထားနိုင်ပါတယ်။

အလက်စကားဟာအမေရိကရဲ့ အအေး
ဆုံးနဲ့ရာသီဥတုအစွန်းရောက်ဆုံးဒေသတခုလည်းဖြစ်ပါတယ်။
နွေရာသီမှာအမြင့်ဆုံးအနေနဲ့ ၉၀ဒီကရီဖာရင်ဟိုက်အထိရှိပြီး
ဆောင်းရာသီမှာ အနူတ်၅၀ဒီကရီဖာရင်ဟိုက်အထိကျဆင်းသွားတတ်ပါတယ်။

အလက်စကားရဲ့ မြောက်ဖက်အစွန်မှာရှိတဲ့
ဘားရိုးမြို့ဟာ ဆောင်းရာသီမှာနေကို ၆၇ ရက်တိုင်မမြင်တွေ့ရပဲ နွေရာသီရောက်ရင်တော့ ရက်ပေါင်း၈၀တိုင်အောင်နေမဝင်ပါဘူး။
နွေအခါမှာရှည်ကြာစွာနေရောင်ရရှိမူက
အလက်စကားကထွက်ရှိတဲ့သီးနှံတွေကို ထူးထူးခြားခြားကြီးထွားစေပါတယ်။

နိုင်ငံတဝှမ်းမှာကျင်းပတဲ့
ဟင်းသီးဟင်းရွက်နဲ့သစ်သီးဝလံပြိုင်ပွဲတွေမှာ အလက်စကားက ထွက်ရှိတဲ့ဧရာမ
ဂေါ်ဖီထုပ်ကြီးတွေ၊လူတကိုယ်စာလာက်ရှိတဲ့ဖရုံသီးကြီးတွေ၊ဥနီကြီးတွေ
ကသာအမြဲလိုလိုဗိုလ်စွဲလေ့ရှိပါတယ်။
အလက်စကားမှာ လေကြောင်း
သွားလာမူကိုသာအဓိကအားထားရတာကြောင့်လေယာဉ်မောင်းပညာ အတော်လေးခေတ်စားပြီးလူအတော်များများမှာ လေယာဉ်မောင်း
လိုင်စင်တွေရှိကြပါတယ်။အလက်စကားပြည်နယ်သား ၅၉ဦးမှာ လေယာဉ်တစီးနူန်းပိုင်ဆိုင်ကြပါတယ်။
(Written by Kyaw Min Aung)

Comments

Popular posts from this blog

ဓမ္မရာဇက ဘုရား

Damayazika Pagoda ဓမ္မရာဇက ဘုရားသည်ပုဂံမြို့ဟောင်းအရှေ့ပိုင်း ဖွားစောရွာတွင် တည်ရှိပါသည်။ ထိုဘုရားကို ခရစ်သက္ကရာဇ် ၁၁၉၈ တွင် နရပတိစည်သူမင်း က တည်ခဲ့ပါသည်။ ထိုဘုရားမှာမုဒ်ဦးငါးခု ပါရှိပြီး အောက်ခံ ပစ္စယံခုံလုံး ပဉ္စဂံပုံရှိခြင်းမှာအများအားဖြင့် စတုရန်းပုံရှိသော အခြားပုဂံဘုရားများနှင့်မတူပဲဤစေတီ၏ထူးခြားချက်တရပ်ဖြစ်သည်။ ရှေးဟောင်းပုဂံဘုရားများအနက် အမြင်လှပတင့်တယ်(သပ္ပယ်)ပြီး တည်ဆောက်ပုံအချိုးကျသော စေတီတဆူဖြစ်ပါသည်။ စေတီနှင့်ကပ်လျှက်အရပ်ငါးမျက်နှာ၌ ဘုရားကျောင်းဆောင်ငါးခုရှိပြီး ဗုဒ္ဓရုပ်ပွားတော် ငါးဆူ ကိန်းဝပ်စံပယ်တော်မူနေပါသည်။ ဘဒ္ဒကမ္ဘာ၌ပွင့်ပြီးနှင့် ပွင့်လတ္တံ့ဘုရားများကိုရည်ညွှန်းပါသည်။ ခေါင်းလောင်းပုံ စေတီ၏အောက်ခြေ၌ ပဉ္စဂံပုံစံ ပစ္စယာသုံးဆင့် ရှိပြီး ပစ္စယာများ၏ဘေးဖက်တွင် ဗုဒ္ဓ၏ဘဝဖြစ်တော်စဉ် ၅၅၀နိပါတ်တော်လာပုံများကိုစာနှင့်တကွရေးထွင်းထားသည့် စဉ့်စိမ်းအုတ်ချပ်များ လက်ယာရစ်အတိုင်း ပတ်ပတ်လည်ကပ်ထားပါသည်။ ဤဘုရား၌ သီဟိုဠ်ဘုရင်ထံမှရသော ဓာတ်တော်လေးဆူကိုဌာပနာထားရှိကြောင်း၊ ဘုရားတည်ရာ လက်ခငွေ ၄၄၀၂၇ ကျပ် ကုန်ကျကြောင်းကို စေတီအရှေ့မျက်နှာ တဝဂူအတွင်း၌ ရေးထိုးထားသော ဘုရားတည်မော်ကွန်းကျေ...
မင်္ဂလာစေတီ ပုဂံမှာနောက်ဆုံးတည်ခဲ့တဲ့ဘုရားတွေထဲကတဆူဖြစ်ပါတယ်။ ပုဂံမပျက်သုဉ်းမီ ပုဂံခေတ်ရဲ့ နောက်ဆုံးဗိသုကာနဲ့အနုပညာလက်ရာတွေကို ဒီဘုရားမှာလေ့လာနိုင်ပါတယ်။ မင်္ဂလာစေတီကို အေဒီ၁၂၇၇ ခုနှစ်မှာ မြန်မာ့သမိုင်းမှာ တရုပ်ပြေးမင်းလို့ ထင်ရှားတဲ့ နရသီဟပတေ့မင်း က တည်ခဲ့ပြီး၁၂၈၃ ခုနှစ်မှာပြီးစီးခဲ့ပါတယ်။ ရွှေစည်းခုံကို နမူနာယူပြီးတည်ထားတယ်လို့ အဆိုရှိပါတယ်။ ဘုရားတည်နေစဉ်မှာပဲ မွန်ဂိုစစ်မက် ဘေးဒဏ်ဟာပုဂံအပေါ်စတင်ကျရောက်လာပြီဖြစ်ပါတယ်။ ဒီဘုရားဟာ ပုဂံကတခြားစေတီပုထိုးတွေလို တိုင်းပြည်အေးချမ်းသာယာနေစဉ်မှာ တည်ခဲ့ရတာ မဟုတ်ပဲ တိုင်းပြည်ပျက်ခါနီး ဗရုတ်ဗရက်ကာလပုဂံရဲ့နောက်ဆုံးနေ့တွေမှာ တည်ခဲ့ရတာဖြစ်ပါတယ်။ တိုင်းပြည်အပေါ်ကျရောက်နေတဲ့ကြမ္မာဆိုးတွေကနေ ကင်းလွတ်ဖို့ အတိတ်ကောင်း နမိတ်ကောင်း ယူတဲ့အနေနဲ့ "မင်္ဂလာ"ဆိုတဲ့ အမည်ပေးခဲ့သလား စဉ်းစားစရာပါ။ ကြီးကျယ်ခဲ့တဲ့ ပုဂံသားတွေရဲ့ နောင်လာနောက်သားတွေအတွက် အမွေအဖြစ်ထားခဲ့တဲ့ နောက်ဆုံးနုတ်ဆက်လက်ရာတွေကို ဒီဘုရားမှာ လွမ်းမောတမ်းတဖွယ်မြင်တွေ့ရမှာပါ။ စေတီမှာပစ္စယံသုံးဆင့်ရှိပြီး ဇာတက ဝတ္ထ ုထဲက ပုံတွေကိုထွင်းထားတဲ့ လက်ရာမြောက် စဥ့်အုတ်ချပ်တွေ ပတ်ပတ်...

ကမ္ဘာ့ရှေးအကျဆုံးမြို့များ

ကမ္ဘာ့ရှေးအကျဆုံးမြို့များ စတည်တဲ့အချိန်ကစပြီး ယနေ့အထိ တဆက်တစပ်တည်း မပြတ်တမ်း လူနေထိုင်လျှက်ရှိတဲ့ ကမ္ဘာ့ရှေးအကျဆုံးမြို့များဖြစ်ပါတယ်။ အခုဖော်ပြထားတဲ့မြို့အားလုံးရဲ့ လူနေထိုင်တဲ့သက်တမ်းဟာ နှစ်ပေါင်းထောင်နဲ့ချီကြာခဲ့ပါပြီ။ မြို့အများစုက အရှေ့အလယ်ပိုင်းနဲ့ မြေထဲပင်လယ်တဝိုက်မှာ တည်ရှိတာတွေ့ရပါတယ်။ အိန္ဒိယနဲ့တရုပ်ကလည်း တမြို့စီ ပါဝင်ပါတယ်။ ၁၂.ဗာရာဏသီမြို့ အမေရိကန်စာရေးဆရာကြီးမက်တွို င်း က "ယဉ်ကျေးမူတွေထက် စောတဲ့မြို့ သမိုင်းတွေထက် ပိုအိုမင်း တဲ့မြို့ ယုတ်စွအဆုံး ဒဏ္ဏာရီတွေတောင် လက်လှမ်း မမှီတဲ့မြို့ လို့ဆိုခဲ့ပါတယ်။ လူနေထိုင်လာတဲ့သက်တမ်းက အနစ် လေးထောင်လောက်ရှိပါပြီ။ ဂဂါင်္မြစ်ကမ်းမှာရှိပြီး ကမ္ဘာတဝှမ်းက ဟိန္ဒူ ဘာသာဝင်တွေရဲ့ အထွတ်အမြတ်ထားရာမြို့ ဖြစ်ပါတယ်။ ၁၁.လိုရန်မြို့ လွန်ခဲ့တဲ့ နှစ်ပေါင်းလေးထောင်လောက်က စပြီး တဆက်တည်းလုနေထိုင်လာခဲ့တဲ့မြို့ ဖြစ်ပါတယ်။ တရုပ်နိုင်ငံအလယ်ပိုင်းလွင်ပြင်ဒေသ Lei နဲ့Yi မြစ်ခွဆုံမှာတည်ရှိပါတယ်။ တရုပ်နိုင်ငံရဲ့ရှေးအကျဆုံးမြို့ဖြစ်ပြီးတသ ရှေးဟောင်းသမိုင်းဝင် မြို့တော်တခုလည်း ဖြစ်ပါတယ်။ တရုပ်ရာဇဝင်အရ ဘီစီ၂၀၇၀ မှာ Xiaမင်း...