Bamboo reinforced concrete
သံချောင်းအစားထိုး ဝါးကူကွန်ကရစ်နည်းပညာတဲ့။
ဝါးရဲ့ tensile strength(ဆွဲဆန့်ခံနိုင်အား) ဟာ strength to weight ratioအရကြည့်ရင် သံချောင်းထက်သာပါတယ်။
compressive strength(ဖိသိပ်ခံနိုင်အား) မှာလည်းကွန်ကရစ်
ထက်သာပါတယ်။
Modulus of elasticityမှာတော့ သံချောင်း
ထက် တော်တော်လေးနည်းနေတာတွေ့ရပါတယ်။အဲဒီအတွက် သံချောင်းနဲ့ထပ်တူ
အစားထိုးသုံးလို့တော့မဖြစ်နိုင်ပါဘူး။
ဒါပေမယ့် member အရွယ်အစားချင်းတူရင်ကွန်ကရစ်သက်သက်ထက် နည်းလမ်းမှန်စွာပြုလုပ်ထားတဲ့ဝါးကူကွန်ကရစ်က ဝန်ကို
လေးဆအထိ ပိုထမ်းနိုင်တယ်လို့ဆိုပါတယ်။
အနာဂါတ်ဆောက်လုပ်ရေးမှာ ကွန်ကရစ်ကို
အားဖြည့်ဖို့ပေါင်းစပ်စ္စည်းအဖြစ် သံချောင်းအစား
ဝါးကိုအခြေခံထားတဲ့ကွန်ပိုစစ် ကိုအသုံးပြုလာကြလိမ့်မယ်လို့
ဆွစ်ဇာလန်နိုင်ငံဇူးရစ်နည်းပညာတက္ကသိုလ်က
ပါမောက္ခ ဟေဘယ် က
စင်္ကာပူဗိသုကာပြပွဲတခုမှာပြောခဲ့ပါတယ်။
ဝါးဟာမြန်မာပြည်မှာအလွန်ပေါများတဲ့ကုန်ကြမ်း ပစ္စည်းဖြစ်ပြီးကြီးထွားမြန်တဲ့Renewable
အစစ်အမှန်လည်းဖြစ်ပါတယ်။
ထုတ်ယူလို့လျော့နည်းသွား၊ကုန်ဆုံးသွားတာမျိုးမဖြစ် အမြဲမပြတ်
တသမတ်တည်း
ရနေနိုင်လို့sustainable လည်းဖြစ်ပါတယ်
အထပ်မြင့်တွေအတွက်မဟုတ်တောင်
သံချောင်းအလွယ်တကူမရနိုင်တဲ့ကျေးလက်တောရွာတွေကသာမန်အဆောက်အဦတွေ အတွက်တော့ကောင်းကောင်းအသုံးပြုနိုင်လောက်ပါတယ်။
သေသေချာချာစနစ်တကျနည်းမှန်လမ်းမှန်အသုံးပြုနိုင်မယ်ဆိုရင်ကျေးလက်နေပြည်သူတွေအတွက်အမှန်တကယ်အကျိုးရှိနိုင်မယ့်ဆောက်လုပ်ရေး နည်းပညာတခုဖြစ်ပါတယ်။
လောလောဆယ်မှာတော့
NGOတခုက ဝါးတရံတွေကိုဘိလပ်မြေသရွတ်ကျံပြီး ဂါလံ၅၀၀၀ဆန့်ရေတိုင်ကီတွေကို
ကျေးရွာတွေမှာဆောက်ပေးနေတာတွေ့ဖူးပါတယ်။ငွေခြောက်သောင်းလောက်နဲ့
ဂါလံ၅၀၀၀ဆန့်ရေတိုင်ကီတလုံး ရနိုင်ပါတယ်။

Comments
Post a Comment