"ကမ္ဘာကျော်လီဒိုလမ်းမကြီး"
written by Kyaw Min Aung
" အမေရိကန်စစ်အင်ဂျင်နီယာတပ်ရဲ့စစ်အတွင်းလုပ်ဆာင်ခဲ့ရသမျှထဲမှာ
အခက်ခဲအကြမ်းတမ်းဆုံးပဲ "လို့ မေရိကန်စစ်အင်ဂျင်နီယာတပ်ကဗိုလ်ချုပ်ကြီးတဦးက ဖွင့်ဟပြာဆိုခဲ့ရတဲ့ ဒုတိယကမ္ဘာစစ်အတွင်းကဖာက်လုပ်ခဲ့တဲ့ လီဒိုလမ်းမကြီးဟာ အာသံပြည်နယ်က မီးရထားလမ်းဆုံးမြို့ဖြစ်တဲ့လီဒိုမြို့ကစတင်ပါတယ်။မြင့်မားမတ်စောက်တဲ့ပတ်ကွိုင်တောင်ကြာတွေကိုဖြတ်ပြီးထူထပ်သိပ်သည်းလှတဲ့မိုးသစ်တာများရှိရာချင်းတွင်းမြစ်ဖျားပိုင်းနဲ့ဟူးကောင်းချိုင့်ဝှမ်းကတဆင့်မြန်မာပြည်ထဲဝင်ရာက်လာပါတယ်။
မြန်မာနိုင်ငံအတွင်းက ရှင်ဘွေရမ်း၊တနိုင်း၊မြစ်ကြီးနား၊ဗန်းမော်၊မိုးကောင်းမြို့များကို ဖြတ်သွားပြီး တရုပ်နိုင်ငံကူမင်းမြို့နဲ့ဆက်သွယ်ထားပါတယ။ လီဒိုက ကူမင်း အထိဆိုရင် စုစုပေါင်းလမ်းအရှည် ၁၀၇၉ မိုင်ရှိပါတယ်။
အိန္ဒိယနိုင်ငံအတွင်း၆၁မိုင်၊မြန်မာနိုင်ငံအတွင်း၆၄၂မိုင်၊ တရုပ်နိုင်ငံအတွင်း၃၉၃မိုင်ဖြတ်သန်းတည်ရှိပါတယ်။
လီဒိုကနေ မူလ လမ်းဟောင်းတရုပ်မြန်မာလမ်းမကြီးနဲ့ဆုံတဲ့ မိုင်းယုရွာအထိဆို ၄၇၈မိုင်ရှိပါတယ်။

![]() |
အန္ဒိယမြန်မာနယ်စပ်ရှိပန်ဆောင်တောင်ကြား |
မြန်မာနိုင်ငံအတွင်းက ရှင်ဘွေရမ်း၊တနိုင်း၊မြစ်ကြီးနား၊ဗန်းမော်၊မိုးကောင်းမြို့များကို ဖြတ်သွားပြီး တရုပ်နိုင်ငံကူမင်းမြို့နဲ့ဆက်သွယ်ထားပါတယ။ လီဒိုက ကူမင်း အထိဆိုရင် စုစုပေါင်းလမ်းအရှည် ၁၀၇၉ မိုင်ရှိပါတယ်။
![]() |
လီဒိုလမ်းတည်နေရာပြမြေပုံ |
အိန္ဒိယနိုင်ငံအတွင်း၆၁မိုင်၊မြန်မာနိုင်ငံအတွင်း၆၄၂မိုင်၊ တရုပ်နိုင်ငံအတွင်း၃၉၃မိုင်ဖြတ်သန်းတည်ရှိပါတယ်။
လီဒိုကနေ မူလ လမ်းဟောင်းတရုပ်မြန်မာလမ်းမကြီးနဲ့ဆုံတဲ့ မိုင်းယုရွာအထိဆို ၄၇၈မိုင်ရှိပါတယ်။
ကမ္ဘာ့အကြမ်းတမ်းဆုံးတောတောင် ဒေသတွေကို ဖြတ်သန်းသွားမယ့် ဒီလမ်းမကြီး ဖောက်လုပ်ခဲ့ရတဲ့ရည်ရွယ်ချက် ကတော့ တရုပ်နိုင်ငံကိုကျူ းကျော်နေတဲ့ ဂျပန်တပ်တွေကို ခုခံတိုက်ခိုက်နေတဲ့ ချန်ကေရှိတ်တပ်တွေဆီ လက်နက်ရိက္ခာတွေ ထိထိရောက်ရောက်ပံပိုးပေးနိုင်ဖို့ဖြစ်ပါတယ်။
နောက်တချက်ကတော့ ဂျပန်လက်အောက်ကျရောက်နေတဲ့ မြန်မာပြည်ကိုကယ်တင်ဖို့ မြောက်ပိုင်းကနေ ဝင်ရောက်နိုင်မယ့်လမ်းကြောင်း ဖန်တီးနိုင်ဖို့ အတွက်လည်းဖြစ်ပါတယ်။
၁၉ရာစုကတည်းက ဗြိတိသျှမီးရထား အင်ဂျင်နီယာတွေက အိန္ဒိယမြန်မာနယ်စပ် ပန်ဆောင်တောင်ကြားအထိ surveyဆင်းခဲ့ဖူးပါတယ်။
သူတို့ကပတ်ကွိုင်တောင်ပေါ်မှတဆင့် ဟူးကောင်းချိုင့်ဝှမ်းကိုဖြတ်ပြီး မီးရထားလမ်းဖောက်လုပ်ရန် ဖြစ်နိုင်ခြေရှိတယ်လို့ကောက်ချက်ချခဲ့ကြပါတယ်။
မီးရထားလမ်းဖောက်လုပ်ဖို့အဆိုပြုချက် အကောင်အထည်ပေါ် မလာခဲ့ပေမယ့် ဗြိတိသျှအင်ဂျင်နီယာတွေဟာ အာသံပြည်ထဲကနေမြန်မာပြည်မြောက်ပိုင်းကိုဆက်သွယ်နိုင်မယ့် ကားလမ်းဖောက်ဖို့ surveyဆင်း လမ်းအူကြောင်းရှာတာတော့ လုပ်ခဲ့ကြပါတယ်။
ရှေးဦးစွာ မိုင်၈၀ အရှည်လမ်းပိုင်း ကိုဖောက်လုပ်ဖို့ စတင် ခဲ့ပါတယ်။
လီဒိုလမ်းမပြီးခင် ဂျပန်လက်ထဲ ရန်ကုန်ကျသွားပြီး ဗြိတိသျှတွေကို မြန်မာပြည်ထဲက မောင်းထုတ်ခံလိုက်ရတဲ့အတွက် ဒုတိယကမ္ဘာစစ်အတွင်းအကြီးကျယ်ဆုံး အင်ဂျင်နီယာလုပ်ငန်းစီမံကိန်းကြီးတွေထဲ တခုအပါအဝင်ဖြစ်ခဲ့တဲ့ လီဒိုလမ်းဖောက်လုပ်ဖို့တာဝန်ဟာ အမေရိကန်တွေ အပေါ်ကျရောက်လာပါတယ်။
၁၉၄၂ ခုနှစ် ဒီဇင်ဘာလ၁ ရက်နေ့မှာ အရှေ့ဖျားစစ်သေနာပတိချုပ် ဗြိတိသျှ ဗိုလ်ချုပ်ကြီး ဝေဗယ်က
လီဒိုလမ်းကို အမေရိကန်စစ်တပ်က တာဝန်ယူဖောက်လုပ်ဖို့ အမေရိကန်ဗိုလ်ချုပ်ကြီး စတီးဝဲလ် ကို သဘောတူခွင့်ပြုခဲ့ပါတယ်။
အဲဒီအချိန်မှာ မြန်မာနိုင်ငံအစိတ်အပိုင်းအများစုဟာ ဂျပန်လက်အောက်ကျရောက်နေပြီဖြစ်လို့ လမ်းဖောက်လုပ်ဖို့လိုအပ်တဲ့ မြေမျက်နှာသွင်ပြင်၊မြေအမျိုးအစားနဲ့ မြစ်ချောင်းတွေနဲ့ ပတ်သက်တဲ့ အချက်အ လက်တွေကိုကြိုတင်မရယူနိုင်ခဲ့ပဲ လမ်းဖောက်နေရင်းနဲ့သာ မြေပြင် အချက်အလက်တွေ ရတန်သမျှ စုဆောင်းခဲ့ရတာပါ။ ဗိုလ်ချုပ်ကြီးစတီးဝဲလ်က လီဒိုလမ်းဖောက်လုပ်ရေးကို ကွပ်ကဲဖို့ ထင်ရှားတဲ့အမေရိကန် ဗိုလ်ချုပ် Raymond A. Wheeler ကိုတာဝန်ပေးခဲ့ပြီး လုပ်ငန်းခွင်အနီးကပ်ကြီးကြပ်ဖို့ကိုတော့ အမေရိကန်စစ်မြေပြင်အင်ဂျင်နီယာ ဗိုလ်မှူးကြီးArrowsmith ကို တာဝန်ပေးခဲ့ပါတယ်။ နောက်ပိုင်းမှာArrowsmithကို သူ့လိုပဲ အင်ဂျင်နီယာတဦးဖြစ်တဲ့ ဗိုလ်မှူ းကြီးPick(နောင် ဗိုလ်ချုပ်အဖြစ်ရာထူးတိုးမြှင့်ခံရ) နဲ့အစားထိုးခဲ့ပါတ…
လမ်းဖောက်ဖို့လိုအပ်တဲ့ စက်ယန္တရားတွေကို အမေရိကန်ကနေမှာယူပါတယ်။မြေထိုးစက်၊မြေညှိစက်၊မြေကော်စက် အစရှိတဲ့စက်ယန္တရားတွေဟာသမုဒရာနှစ်စင်းနဲ့တိုက်သုံးတိုက် ကိုဖြတ်ပြီးလမ်းဖောက်လုပ်ရေးလုပ်ငန်းခွင်ကို ရောက်ရှိလာပါတယ်။
လီဒိုမြို့ကနေ မြန်မာနိုင်ငံအတွင်းရှိ ရှင်ဘွေရမ်းမြို့အထိ ပထမဆုံး ၁၀၃မိုင်အပိုင်းကို ၁၉၄၂ခုနှစ် ဒီဇင်ဘာလမှာ စတင်ဖောက်လုပ်ပါတယ်။
ဒီလမ်းဟာပေ၄၀၀၀ကျော် မြင့်မားတဲ့ ပတ်ကွိုင်တောင်ကြောတွေပေါ်ကနေ ငရဲတောင်ကြားလို့ခေါ်တဲ့ ပနဆောင် တောင်ကြားကို ဖြတ်ပြီးမြန်မာနိုင်ငံတွင်း ဝင်လာပါတယ်။
ဒီလမ်းအပိုင်းဟာ အကြမ်းတမ်းဆုံးဖြစ်ပြီး အတက်၊အဆင်းတွေ အရမ်းမတ်စောက်လွန်းတာ၊ zig zag အချိုးအကွေ့တွေ များလွန်းတာ၊ ချောင်းမြောင်းတွေပေါများပြီး ရွှံနွံတွေထူထပ်တာ တွေကတော့ဒီလမ်းပိုင်းရဲ့ထူခြားချက်တွေပါပဲ။
ပြင်းထန်တဲ့မုတ်သုန်မိုးကလည်း လမ်းဖောက်လုပ်ရေးကိုနှောင့်နှေးကြန့်ကြာစေသလို ငှက်ဖျားရောဂါ ဝမ်းပျက်ဝမ်းလျှောအပါအဝင် အနာရောဂါထူပြောမူ တွေကလည်း လမ်းဖောက်လုပ်ရာမှာ အဓိကအတားအဆီးတွေပါပဲ။
လမ်းဖောက်လုပ်စဉ် ရှင်ဘွေရမ်းရှိ စစ်ဆေးရုံ

ဗိုလ်ချုပ်ပစ် လမ်းဖောက်လုပ်ရေးလုပ်ငန်းခွင် လိုက်လံစစ်ဆေးနေစဉ် |
လမ်းဖောက်ဖို့လိုအပ်တဲ့ စက်ယန္တရားတွေကို အမေရိကန်ကနေမှာယူပါတယ်။မြေထိုးစက်၊မြေညှိစက်၊မြေကော်စက် အစရှိတဲ့စက်ယန္တရားတွေဟာသမုဒရာနှစ်စင်းနဲ့တိုက်သုံးတိုက် ကိုဖြတ်ပြီးလမ်းဖောက်လုပ်ရေးလုပ်ငန်းခွင်ကို ရောက်ရှိလာပါတယ်။
လီဒိုမြို့ကနေ မြန်မာနိုင်ငံအတွင်းရှိ ရှင်ဘွေရမ်းမြို့အထိ ပထမဆုံး ၁၀၃မိုင်အပိုင်းကို ၁၉၄၂ခုနှစ် ဒီဇင်ဘာလမှာ စတင်ဖောက်လုပ်ပါတယ်။
ဒီလမ်းဟာပေ၄၀၀၀ကျော် မြင့်မားတဲ့ ပတ်ကွိုင်တောင်ကြောတွေပေါ်ကနေ ငရဲတောင်ကြားလို့ခေါ်တဲ့ ပနဆောင် တောင်ကြားကို ဖြတ်ပြီးမြန်မာနိုင်ငံတွင်း ဝင်လာပါတယ်။
ဒီလမ်းအပိုင်းဟာ အကြမ်းတမ်းဆုံးဖြစ်ပြီး အတက်၊အဆင်းတွေ အရမ်းမတ်စောက်လွန်းတာ၊ zig zag အချိုးအကွေ့တွေ များလွန်းတာ၊ ချောင်းမြောင်းတွေပေါများပြီး ရွှံနွံတွေထူထပ်တာ တွေကတော့ဒီလမ်းပိုင်းရဲ့ထူခြားချက်တွေပါပဲ။
ပြင်းထန်တဲ့မုတ်သုန်မိုးကလည်း လမ်းဖောက်လုပ်ရေးကိုနှောင့်နှေးကြန့်ကြာစေသလို ငှက်ဖျားရောဂါ ဝမ်းပျက်ဝမ်းလျှောအပါအဝင် အနာရောဂါထူပြောမူ တွေကလည်း လမ်းဖောက်လုပ်ရာမှာ အဓိကအတားအဆီးတွေပါပဲ။
၁၉၄၃ခုနှစ်ဒီဇင်ဘာလမှါရှင်ဘွေရမ်းအထိမြေသားလမ်းဖောက်လုပ်ပြီးစီးခဲ့ပါတယ်။
ဒီအပိုင်းပြီးသွားတဲ့အတွက် မြန်မာပြည်မြောက်ပိုင်းကာမိုင်း၊မိုးကောင်း၊မြစ်ကြီးနား ဒေသတွေမှာ ဂျပန်ကိုခုခံတိုက်ခိုက်နေတဲ့ မဟာမိတ်တပ်တွေအတွက် ထောက်ပံ့ရေးကို ပိုမိုလုပ်ဆောင်သွားနိုင်စေခဲ့ပါတယ်။
ရှင်ဘွေးရမ်အထိ ပထမအပိုင်းပြီးတဲ့နောက် မြစ်ကြီးနား၊ဗန်းမော်မြို့များအထိဆက်လက် ဖောက်လုပ်ကာ
လီဒိုကနေ ၄၇၈မိုင်ဝေးတဲ့ မိုင်းယုဆိုတဲ့ရွာမှာ နဂိုလမ်းဟောင်းဖြစ်တဲ့ တရုပ် မြန်မာလမ်းမကြီးနဲ့ပေါင်းဆုံပါတယ်။ဒီနေရာရောက်တဲ့အထိလီဒိုလမ်းမကြီးဟာ မြစ်ကြီးဆယ်စင်းနဲ့ချောင်းငယ်ပေါင်း၁၅၅စင်း ကိုဖြတ်ကျော်ခဲ့ရတယ်။တနည်းအားဖြင့် ၃မိုင်လျော့လျော့လောက်မှာ တံတားတစင်းနူန်း ထိုးခဲ့ရပါတယ်။

တနိုင်းမြစ်ထဲစီးဝင်သည့်ချောင်းတခုကိုတံတားထိုးနေစဉ် |
လမ်းဘေးတဖက်တချက်မှာ ၄လက်မပိုက်လိုင်းနှစ်လိုင်းကိုတပါတည်းဆောက်လုပ် သွယ်တန်းထားပြီးဒီဇယ်နဲ့ဓာတ်ဆီကို ထရပ်ကားနဲ့ သယ်ယူစရာမလိုအောင် စီမံထားပါတယ်။
![]() |
ပန်ဆောင်တောင်ကြားကိုဖြတ်၍ပိုက်လိုင်းသွယ်စဉ် |
ဒီလမ်းမကြီးကို အမေရိကန်စစ်သား ၁၅၀၀၀ နဲ့ ဒေသခံအလုပ်သမား၃၅၀၀၀ အသုံးပြုပြီးဖောက်လုပ်ခဲ့တာမှာဒေါ်လာသန်း၁၅၀လောက် ကုန်ကျခဲ့ပါတယ်။
ဆောက်လုပ်ရေးကာလအတွင်းအမေရိကန်စစ်သား ၁၁၀၀ သေဆုံးခဲ့ပြီး ဒေသခံအလုပ်သမားတွေကတော့ ဒီထက်အများကြီး ပိုသေကြမှာပါ။
၁၉၄၅ဇန်နဝါရီ ၁၂နေ့မှ ာဗိုလ်ချုပ်Pick ဦးဆောင်တဲ့မော်တော်ယာဉ်၁၁၃စီးပါဝင်တဲ့ ပထမဆုံးယာဉ်တန်းဟာ လီဒိုမှထွက်ခွာလာခဲ့ရာမှာ ဖေဖော်ဝါရီ၄ ရက်နေ့မှာ ကူမင်းကို ရောက်ရှိပါတယ်။
လီဒိုလမ်းမကြီး ပြီးစီးတဲ့အချိန်မှာ ဒုတိယကမ္ဘာစစ်ကြီးလည်းပြီးခါနီးပြီဖြစ်လို့ အသက်ပေါင်းများစွာအဆုံးရူံးခံပြီး ခဲခဲယဉ်းယဉ်းဖောက်လုပ်ခဲ့ရတဲ့ သေမင်းတမန်လမ်းမကြီးဟာ အချိန်ကြာကြာအသုံးတော်မခံလိုက်ရပါဘူး။ဒါ့ပြင်မူလက မြော်လင့်ထားသလို လေကြောင်းကထောက်ပံ့နိုင်မူစွမ်းအား ကိုလည်းမကျော်လွန်နိုင်ခဲ့ပါဘူး။ဒါပေမယ့်ဖွင့်လှစ်တဲ့အချိန်ကနေ စစ်ကြီးပြီးတဲ့အချိန်ထိ ၆လတာကာလအတွင်းခဲယမ်းရိက္ခာတန်ချိန်
တသိန်းနှစ်သောင်းကျော်ကို တရုပ်ပြည်အတွင်းပို့ပေးနိုင်ခဲ့ပြီးထရပ်ကားအစီးပေါင်းနှစ်သောင်းခြောက်ထောင်ကျော်ကို တရုပ်တို့ထံလွှဲပြောင်းပေးနိုင်ခဲ့ပါတယ်။

ဗွက်နစ်နေသော ထရပ်ကားများအား ဒိုဇာဖြင့်ဆွဲနေစဉ် |
ဒုတိယကမ္ဘာစစ်ကြီးပြီးတဲ့နောက်မှာ အမေရိကန်စစ်တပ်ကလီဒိုလမ်းအသုံးပြုမူကို တရားဝင်ရပ်ဆိုင်းခဲ့ပါတယ်။နောက်ပိုင်းမှာ လီဒိုလမ်းကိုဖောက်လုပ်ခဲ့တဲ့အမေရိကန်ဗိုလ်ချုပ်ကြီး နာမည်ကိုအစွဲပြု ပြီးStilwell လမ်းလို့လည်းခေါ်ကြပါတယ်။
၁၉၄၅ ခုနှစ်မုတ်သုန်ရာသီအတွင်း ဗြိတိသျှဗိုလ်ချုပ်ကြီး မောင့်ဘက်တန်ဟာ လေယာဉ်နဲ့ မြန်မာပြည်မြောက်ဖျားက ပတ်ကွိုင်တောင်တွေပေါ်ပျံသန်းလာရင်း "အောက်မှာတွေ့ရတာဘာမြစ်လဲ" လို့
သူနဲ့ပါလာတဲ့အဖော်ကိုမေးပါတယ်။သူ့အဖော်အမေရိကန်က "အဲဒါမြစ်မဟုတ်ဘူး၊လီဒိုလမ်းမကြီး"
လို့ပြန်ဖြေခဲ့ရတယ် ဆိုတဲ့အကြောင်းဆိုစမှတ်ရှိကြတယ်။
လီဒိုလမ်းမကြီးဟာ မိုးတွင်းကာလမှာရေတွေဖွေးဖွေးနဲ့ကောင်းကင်ကကြည့်ရင် မြစ်ကြီးတစင်းလို ဖြစ်နေပုံပါပဲ။စစ်ကြီးပြီးတဲ့နောက် ၁၉၅၅ ခုနှစ်မှာ လန်ဒန်ကနေ စင်္ကာပူကို ကုန်းကြောင်းခရီးရှည်ကားမောင်းထွက်လာကြတဲ့ အဖွဲ့ဟာ
စွန့်ပစ်ထားကြပြီဖြစ်တဲ့ လီဒိုလမ်းအတိုင်း အိန္ဒိယ ကနေ မြစ်ကြီးနားအထိ လာခဲ့ကြပါတယ်။
သူတို့အဖွဲ့မှာပါဝင်တဲ့ Tim Slessor ဆိုသူရေးတဲ့ First Overland စာအုပ်မှာပန်ဆောင်တောင်ကြားကနေ ရှင်ဘွေရမ်းအထိ လမ်းပိုင်းက တံတားအများစုဟာ ကျိုးပဲ့ပျက်စီးနေကြပြီ လို့ဆိုပါတယ်။
![]() |
လီဒိုလမ်းပေါ်ရှိဘေလီတံတားတစင်း |
နောက်ပိုင်းမှာတော့ နယ်မြေတည်ငြိမ်အေးချမ်းမူမရှိတဲ့အတွက် အိန္ဒိယအစိုးရက အရှေ့မြောက်နယ်စပ်ဒေသဖြတ်ကျော်မူတွေကို ကန့်သတ်ပိတ်ပင်ခဲ့ပါတယ်။
၂၀၁၀ ခုနှစ်မှာ BBC သတင်းတရပ်က ဖော်ပြရာမှာ လီဒိုလမ်းရဲ့အစိတ်အပိုင်းအများစုဟာ ခြုံနွယ်ပိတ်ပေါင်းတွေ၊ဖုံးလွှမ်းနေပြီဖြစ်လို့ ခြေလျင်တောင်အနိုင်နိုင်သွားနေရတယ် လို့ပြောပါတယ်။သွားမယ်ဆိုရင်လည်း
အိန္ဒိယနဲ့မြန်မာ လူမျိုးစုသူပုန်တွေ လူပ်ရှားရာနေရာတွေဖြစ်တဲ့အတွက် အန္တရာယ်ကြီးလွန်းတယ်။မြစ်ကြီးနားကတရုပ်နယ်စပ်အထိ အပိုင်းနဲ့ တိုတောင်းတဲ့ အိန္ဒိယဖက်ကအပိုင်းကိုတော့ အသုံးပြုနိုင်သေးတယ်လို့ ဖော်ပြခဲ့ပါတယ်။
(Written by Kyawmin Aung)
![]() |
လီဒိုလမ်းပေါ်ရှိတံတားတစင်း |
လီဒိုလမ်းပေါ်မောင်းနှင်လာသောအမေရိကန်စစ်ကားမျာ |
![]() |
လမ်းဖောက်နေသောလုပ်သားများ |
![]() |
ဗိုလ်ချုပ်ကြီးစတီးဝဲလ် |
Comments
Post a Comment