"ကမ္ဘာ့သမိုင်းမှာအကြီးမားဆုံး
မြေအရောင်းအဝယ်"
written by Kyaw Min Aung
၁၈၀၃ ခုနှစ် ဒီဇင်ဘာလ ၂၀ရက်မှာ
ပြင်သစ်ပိုင်လူဝီစီယားနား
နယ်မြေကို အမေရိကန်ပြည်ထောင်စုထံ တရားဝင် လွဲှပြောင်းပေးအပ်ပွဲ အခမ်းအနား
နယူးအော်လင်းမှာကျင်းပခဲ့ပါတယ်။
စတုရန်းမိုင်ပေါင်း ၈၂၈၀၀၀ ကျော်
ကျယ်ဝန်းတဲ့ အဲဒီဒေသကို ပြင်သစ်ဧကရာဇ် (ထိုအချိန်က First Counsellor)
နပိုလီယံဘိုနာပတ်က
အမေရိကန်သမ္မတသောမတ်ဂျက်ဖာဆင်ထံဒေါ်လာ၁၅သန်းနဲ့ရောင်းချခဲ့တာဖြစ်ပြီး
အခုခေတ်ဒေါ်လာဈေးနဲ့တွက်ရင်တောင်တဧကကိုဆင့်၅၀မကျတဲ့နူန်းနဲ့
အမေရိကန်က ပေါချောင်ကောင်း ရလိုက်တာဖြစ်ပါတယ်။
လူဝီစီးယားနားနယ်မြေဟာ
အနောက်ဖက်မှာ ရော့ကီးတောင်တန်း၊
အရှေ့ဖက်မှာမစ္စစ္စပီမြစ်၊
မြောက်ဖက်မှာ ကနေဒါ၊
တောင်ဖက်မှာ မက္ကစီက်ုပင်လယ်ကွေ့
အထိကျယ်ဝန်းပါတယ်။
လက်ရှိအမေရိကန်ပြည်ထောင်စုရဲ့ ပြည်
နယ်၁၅ခုကနယ်မြေတွေပါဝင်ပါတယ်။
လူဝီစီယားနားနယ်ကိုရလိုက်ခြင်းဖြင့်
လွတ်လပ်စအမေရိကန်ပြည်ထောင်စုရဲ့
အကျယ်အဝန်းဟာနှစ်ဆဖြစ်သွားပါတယ်။
အဲဒီအချိနိကာလက လူဝီစီးယားနားတနယ်လုံးမှာ ဌာနေတိုင်းရင်းသားမဟုတ်တဲ့
နေထိုင်သူ ၆၀၀၀၀ကျော်ပဲရှိပါတယ်။
၁၇ ရာစုအစောပိုင်းကတည်းက ပြင်သစ်
တို့က မစ္စစ္စပီ မြစ်ဝှမ်းတလျှောက်မှာ
ကိုလိုနီတွေ ထူထောင်လာခဲ့ကြပါတယ်။
လူဝီစီယားနားဆိုတဲ့နာမည်ကို ၁၆၈၂ခုနှစ်က
မစ္စစ္စပီမြစ်ကို ကနူးလှေနဲ့စုန်ဆင်းလာတဲ့
ပြင်သစ်လူစွန့်စား
Robert Cavelion De La Salle က
ရေမြေ့သနင်းပြည့်ရှင်မင်းဖြစ်တဲ့
လူဝီ-၁၄ကိုဂုဏ်ပြုပြီးပေးခဲ့တာပါ။
၁၈ ရာစုအလယ်လောက်မှာတော့
လက်ရှိအမေရိကန်ပြည်ထောင်စုရဲ့
နယ်မြေအများစုဟာ ပြင်သစ်ရဲ့ ထိန်းချုပ်မူ
အောက်မှာရှိနေခဲ့ပါတယ်။
၁၇၆၂ ခုနှစ်မှာ အင်းဒီးယန်းတွေနဲ့
စစ်ပွဲအပြီး ပြင်သစ်က စပိန်ကို
လူဝီစီးယားနားနယ်ကို
လွှဲပြောင်းပေးခဲ့ပြန်ပါတယ်။
အဲဒီအချိန်မှာ အမေရိကန်လူမျိုးတွေဟာ
အနောက်မြောက်ဖက် မြစ်ညာပိုင်းတွေမှာ
စတင်အခြေချနေထိုင်လာကြပြီဖြစ်လို့
သူတို့အတွက် မြစ်ကြောင်းမှာ
အမြဲလွတ်လွတ်လပ်လပ်ဝင်ထွက်သွားလာ
နိုင်ဖို့ နဲ့ပင်လယ်ဖက်ထွက်ပေါက်ရဖို့က
အရေးုကြီးလာပါတယ်။
စပိန်တို့စိုးမိုးထားစဉ်အတွင်းမှာ
အမေရိကန်တွေအနေနဲ့ မစ္စစ္စပီမြစ်
ကြောင်းသွားလာခွင့်နဲ့နယူးအော်လင်း
ဆိပ်ကမ်းကိုအသုံးပြုခွင့်ရခဲ့ပါတယ်။
နပိုလီယန်ရဲ့ဖိအားပေးမူတွေကြောင့်
၁၈၀၂ခုနှစ်မှာ လူဝီစီယားနားနယ်ကို
စပိန်က ပြင်သစ်ထံ ပြန်လွှဲအပ်ခဲ့ပါတယ်။
မစ္စစ္စပီမြစ်ဝှမ်းကို စိုးမိုးခွင့်ရသွားတဲ့
ပြင်သစ်တို့အနေနဲ့ လတ်တလောမှာ
ဥရောပအရေးနဲ့ဗျာများနေပြီး အမေရိက
ဖက် လှည့်မလာနိုင်သေးပေမယ့် တချိန်မှာ
နယူးအော်လင်းဆိပ်ကမ်းကို အသုံးပြုခွင့်
မရတော့မှာ နဲ့
အနောက်မြောက်ပိုင်းနေအမေရိကန်တွေ
ပင်လယ်ဖက်ကို လွတ်လွတ်လပ်လပ်
မသွားနိုင်တော့မှာကို သောမတ်ဂျက်ဖာဆင်
ကြိုမြော်ကိုးပြီး တွေးပူလာပါတယ်။
အဲဒီအတွက် သူ့ရဲ့ ပြင်သစ်ရေးရာဝန်ကြီး
လစ်ဗင်းစတုန်းကို ၁၈၀၃ ခုနှစ် ဇန်နဝါရီလမှာ
ပြင်သစ်နိုင်ငံ ပဲရစ်မြို့ကို စေလွှတ်ပါတယ်။
နယူးအော်လင်းဆိပ်ကမ်းမြို့ နဲ့ဖြစ်နိုင်ပါက
မစ္စစ္စပီအနောက်ဖက်ကမ်းကမြေတွေကို
ပြင်သစ်တို့ထံက ဒေါ်လာဆယ်သန်းနဲ့ရအောင် ဝယ်ဖို့ ညှိနိူင်း ခိုင်းလိုက်ပါတယ်။
အရောင်းအဝယ်ကိစ္စအဆင်ပြေစေဖို့သူ့ရဲ့
လက်ထောက် ဂျိမ်းစ်မွန်ရိုး (နောင်သမ္မတဖြစ်လာသူ)ကို ထပ်လွှတ်ပါတယ်။
ပြင်သစ်တို့က 'နောက်ထပ်ဒေါ်လာငါးသန်း
ထပ်ပေးရင် လူဝီစီးယားနားနယ်တခုလုံးကို
ပေးမယ်' လို့ပြောတဲ့အခါမှာ သူတို့အံ့အား
သင့်သွားကြပါတယ်။
သူတို့မှာ သမ္မတကိုပြန်အစီရင်ခံတင်ပြဖို့
အချိန်မရှိဘူး။(အဲဒီခေတ်မှာ ကြေးနန်းမပေါ်သေး)
ဒီကြားထဲမှာနပိုလီယန်စိတ်ပြောင်းသွားရင်
အခြေအနေကတမျိုးပြောင်းသွားနိုင်တယ်လေ။
အဲဒါနဲ့ စာချုပ်ကို သူတို့ရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ မြန်မြန်ပဲ လက်မှတ်ထိုးလိုက်ကြရတယ်။
ဒီလောက်တန်ဖိုးကြီးမားတဲ့နယ်မြေကြီး
တခုကို စွန့်လွှတ်လိုက်ဖို့ ဘယ်လိုအကြောင်းတရားနဲ့အခြေအနေ
တွေက နပိုလီယံကိုဖိအားပေးခဲ့သလဲ
၁၈၀၂ ခုနှစ်ကစပြီး နပိုလီယန်ဟာ
ဥရောပမှာသူ့ရဲ့စစ်ဆင်ရေးတွေ
ခဏရပ်နားလိုက်ချိန်ကစပြီး
အမေရိကတိုက်က ကိုလိုနီတွေအပေါ်
ပြန်အာရုံစိုက်လာပါတယ်။
သူ့လက်ထောက်ဗိုလ်ချုပ်တယောက်ကို
ဟေတီကပုန်ကန်မူတခုကိုသွားနှိမ်နင်းခိုင်း
လိုက်တာ အောင်မြင်မူမရခဲ့ပါဘူး။အဆုံးအရူံး
များစွာနဲ့ပြန်လာရပါတယ်။
အဝေးကကိုလိုနီနယ်တွေကို ထိန်းချုပ်နိုင်ဖို့
သူ့မှာအခက်အခဲများစွာရှိကြောင်း
ရိပ်စားမိလာပါတယ်။
ဥရောပတခွင် စစ်တွေလှည့်ပတ်တိုက်နေလို့
စစ်စရိတ်တွေထောင်းပြီး တိုင်းပြည်ဘဏ္ဏာ
ကလည်း ခန်းခြောက်နေပါတယ်။
တိုင်းပြည်စီးပွားရေး သိတ်မကောင်းတဲ့
ကြားထဲက
မကြာခင်မှာ မဟာရန်သူဖြစ်တဲ့ အင်္ဂလန်ကို
တိုက်ဖို့ ပြင်ဆင်ရတော့မှာပါ။
အဲဒီအတွက် သူ့ရဲ့ဧရာမစစ်တပ်ကြီးကို
ထောက်ပံ့ဖို့ တရေးတကြီး
ငွေလိုနေချိန်ဖြစ်ပါတယ်။
နပိုလီယန်ရဲ့အကျဉ်းအကျပ်ကာလကို သောမတ်ဂျက်ဖာဆင်က
ကွက်တိ အသုံးချသွားနိုင်ခဲ့ပါတယ်။
လူဝီစီးယားနားနယ်မြေဝယ်ယူမူကို
လွှတ်တော်အမတ်တွေက ဖွဲ့စည်းပုံဥပဒေနဲ့
မညီဘူးလို့ ကန့်ကွက်ပြောဆိုခဲ့ပေမယ့်သောမတ်ဂျက်ဖာဆင်က သူ့ရဲ့သမ္မတလုပ်ပိုင်ခွင့်အာဏာ
ဘောင်အတွင်းက အရောင်းအဝယ်စာချုပ်ကို
အတည်ဖြစ်အောင်လုပ်သွားခဲ့ပါတယ်။
လူဝီစီးယားနားကိုဒေါ်လာ၁၅သန်းနဲ့ရတာ
အဖိုးချိုသာပေမယ့် အဲဒီငွေပမာဏရဖို့
အမေရိကန်အစိုးရအတွက် အတော်လေး
အားစိုက်ထုတ်ခဲ့ရပါတယ်။
ဥရောပဘဏ်တွေက
လှည့်ပတ်ချေးငှါးပြီး ပေးခဲ့ရပါတယ်။
နောင်နှစ်ပေါင်း နှစ်ဆယ်လောက်အထိ
ကျေအောင်ဆပ်ခဲ့ရပါတယ်။
လူဝီစီးယားနားနယ်ကိုရယူနိုင်ခဲ့တာဟာ
သောမတ်ဂျက်ဖာဆင်ရဲ့လုပ်ရပ်တွေထဲက
ကြီးကျယ်တဲ့စွမ်းဆောင်မူတခုအဖြစ်
သမိုင်းမှာကမ္ဗည်းတင်ခံရပါတယ်။
အမြော်အမြင်ကြီးမားတဲ့ခေါင်းဆောင်တွေဟာ မိမိနိုင်ငံရဲ့ရှေ့အနာဂါတ်အတွက်
တန်ဘိုးကြီးမားလာမယ့့်အရာတွေကိုအခြေအနေ အချိန်အခါကိုကြည့်ပြီး
ရယူနိုင်ကြသလို
တချို့တွေကျတော့လည်း မိမိရဲ့ခဏတာရပ်တည်နိုင်မူအတွက်
တိုင်းပြည်ရဲ့ အဖိုးအနဂ္ဃထိုက်တန်တဲ့အရာတွေကိုဗိုက်နာဈေးနဲ့
ရောင်းထုတ်ရတဲ့အဖြစ်အပျက်တွေသမိုင်းမှာ
မကြာခဏတွ့ရပါတယ်။
(Written By Kyaw Min Aung)
မြေအရောင်းအဝယ်"
written by Kyaw Min Aung
၁၈၀၃ ခုနှစ် ဒီဇင်ဘာလ ၂၀ရက်မှာ
ပြင်သစ်ပိုင်လူဝီစီယားနား
နယ်မြေကို အမေရိကန်ပြည်ထောင်စုထံ တရားဝင် လွဲှပြောင်းပေးအပ်ပွဲ အခမ်းအနား
နယူးအော်လင်းမှာကျင်းပခဲ့ပါတယ်။
စတုရန်းမိုင်ပေါင်း ၈၂၈၀၀၀ ကျော်
ကျယ်ဝန်းတဲ့ အဲဒီဒေသကို ပြင်သစ်ဧကရာဇ် (ထိုအချိန်က First Counsellor)
နပိုလီယံဘိုနာပတ်က
အမေရိကန်သမ္မတသောမတ်ဂျက်ဖာဆင်ထံဒေါ်လာ၁၅သန်းနဲ့ရောင်းချခဲ့တာဖြစ်ပြီး
အခုခေတ်ဒေါ်လာဈေးနဲ့တွက်ရင်တောင်တဧကကိုဆင့်၅၀မကျတဲ့နူန်းနဲ့
အမေရိကန်က ပေါချောင်ကောင်း ရလိုက်တာဖြစ်ပါတယ်။
လူဝီစီးယားနားနယ်မြေဟာ
အနောက်ဖက်မှာ ရော့ကီးတောင်တန်း၊
အရှေ့ဖက်မှာမစ္စစ္စပီမြစ်၊
မြောက်ဖက်မှာ ကနေဒါ၊
တောင်ဖက်မှာ မက္ကစီက်ုပင်လယ်ကွေ့
အထိကျယ်ဝန်းပါတယ်။
လက်ရှိအမေရိကန်ပြည်ထောင်စုရဲ့ ပြည်
နယ်၁၅ခုကနယ်မြေတွေပါဝင်ပါတယ်။
လူဝီစီယားနားနယ်ကိုရလိုက်ခြင်းဖြင့်
လွတ်လပ်စအမေရိကန်ပြည်ထောင်စုရဲ့
အကျယ်အဝန်းဟာနှစ်ဆဖြစ်သွားပါတယ်။
အဲဒီအချိနိကာလက လူဝီစီးယားနားတနယ်လုံးမှာ ဌာနေတိုင်းရင်းသားမဟုတ်တဲ့
နေထိုင်သူ ၆၀၀၀၀ကျော်ပဲရှိပါတယ်။
၁၇ ရာစုအစောပိုင်းကတည်းက ပြင်သစ်
တို့က မစ္စစ္စပီ မြစ်ဝှမ်းတလျှောက်မှာ
ကိုလိုနီတွေ ထူထောင်လာခဲ့ကြပါတယ်။
လူဝီစီယားနားဆိုတဲ့နာမည်ကို ၁၆၈၂ခုနှစ်က
မစ္စစ္စပီမြစ်ကို ကနူးလှေနဲ့စုန်ဆင်းလာတဲ့
ပြင်သစ်လူစွန့်စား
Robert Cavelion De La Salle က
ရေမြေ့သနင်းပြည့်ရှင်မင်းဖြစ်တဲ့
လူဝီ-၁၄ကိုဂုဏ်ပြုပြီးပေးခဲ့တာပါ။
၁၈ ရာစုအလယ်လောက်မှာတော့
လက်ရှိအမေရိကန်ပြည်ထောင်စုရဲ့
နယ်မြေအများစုဟာ ပြင်သစ်ရဲ့ ထိန်းချုပ်မူ
အောက်မှာရှိနေခဲ့ပါတယ်။
၁၇၆၂ ခုနှစ်မှာ အင်းဒီးယန်းတွေနဲ့
စစ်ပွဲအပြီး ပြင်သစ်က စပိန်ကို
လူဝီစီးယားနားနယ်ကို
လွှဲပြောင်းပေးခဲ့ပြန်ပါတယ်။
အဲဒီအချိန်မှာ အမေရိကန်လူမျိုးတွေဟာ
အနောက်မြောက်ဖက် မြစ်ညာပိုင်းတွေမှာ
စတင်အခြေချနေထိုင်လာကြပြီဖြစ်လို့
သူတို့အတွက် မြစ်ကြောင်းမှာ
အမြဲလွတ်လွတ်လပ်လပ်ဝင်ထွက်သွားလာ
နိုင်ဖို့ နဲ့ပင်လယ်ဖက်ထွက်ပေါက်ရဖို့က
အရေးုကြီးလာပါတယ်။
စပိန်တို့စိုးမိုးထားစဉ်အတွင်းမှာ
အမေရိကန်တွေအနေနဲ့ မစ္စစ္စပီမြစ်
ကြောင်းသွားလာခွင့်နဲ့နယူးအော်လင်း
ဆိပ်ကမ်းကိုအသုံးပြုခွင့်ရခဲ့ပါတယ်။
နပိုလီယန်ရဲ့ဖိအားပေးမူတွေကြောင့်
၁၈၀၂ခုနှစ်မှာ လူဝီစီယားနားနယ်ကို
စပိန်က ပြင်သစ်ထံ ပြန်လွှဲအပ်ခဲ့ပါတယ်။
မစ္စစ္စပီမြစ်ဝှမ်းကို စိုးမိုးခွင့်ရသွားတဲ့
ပြင်သစ်တို့အနေနဲ့ လတ်တလောမှာ
ဥရောပအရေးနဲ့ဗျာများနေပြီး အမေရိက
ဖက် လှည့်မလာနိုင်သေးပေမယ့် တချိန်မှာ
နယူးအော်လင်းဆိပ်ကမ်းကို အသုံးပြုခွင့်
မရတော့မှာ နဲ့
အနောက်မြောက်ပိုင်းနေအမေရိကန်တွေ
ပင်လယ်ဖက်ကို လွတ်လွတ်လပ်လပ်
မသွားနိုင်တော့မှာကို သောမတ်ဂျက်ဖာဆင်
ကြိုမြော်ကိုးပြီး တွေးပူလာပါတယ်။
![]() |
၁၈၈၀ ခုနှစ်က အမေရိကန်ပြည်ထောင်စု |
အဲဒီအတွက် သူ့ရဲ့ ပြင်သစ်ရေးရာဝန်ကြီး
လစ်ဗင်းစတုန်းကို ၁၈၀၃ ခုနှစ် ဇန်နဝါရီလမှာ
ပြင်သစ်နိုင်ငံ ပဲရစ်မြို့ကို စေလွှတ်ပါတယ်။
နယူးအော်လင်းဆိပ်ကမ်းမြို့ နဲ့ဖြစ်နိုင်ပါက
မစ္စစ္စပီအနောက်ဖက်ကမ်းကမြေတွေကို
ပြင်သစ်တို့ထံက ဒေါ်လာဆယ်သန်းနဲ့ရအောင် ဝယ်ဖို့ ညှိနိူင်း ခိုင်းလိုက်ပါတယ်။
အရောင်းအဝယ်ကိစ္စအဆင်ပြေစေဖို့သူ့ရဲ့
လက်ထောက် ဂျိမ်းစ်မွန်ရိုး (နောင်သမ္မတဖြစ်လာသူ)ကို ထပ်လွှတ်ပါတယ်။
ပြင်သစ်တို့က 'နောက်ထပ်ဒေါ်လာငါးသန်း
ထပ်ပေးရင် လူဝီစီးယားနားနယ်တခုလုံးကို
ပေးမယ်' လို့ပြောတဲ့အခါမှာ သူတို့အံ့အား
သင့်သွားကြပါတယ်။
သူတို့မှာ သမ္မတကိုပြန်အစီရင်ခံတင်ပြဖို့
အချိန်မရှိဘူး။(အဲဒီခေတ်မှာ ကြေးနန်းမပေါ်သေး)
ဒီကြားထဲမှာနပိုလီယန်စိတ်ပြောင်းသွားရင်
အခြေအနေကတမျိုးပြောင်းသွားနိုင်တယ်လေ။
အဲဒါနဲ့ စာချုပ်ကို သူတို့ရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ မြန်မြန်ပဲ လက်မှတ်ထိုးလိုက်ကြရတယ်။
![]() |
နပိုလီယန်ဘိုနာပတ် |
ဒီလောက်တန်ဖိုးကြီးမားတဲ့နယ်မြေကြီး
တခုကို စွန့်လွှတ်လိုက်ဖို့ ဘယ်လိုအကြောင်းတရားနဲ့အခြေအနေ
တွေက နပိုလီယံကိုဖိအားပေးခဲ့သလဲ
၁၈၀၂ ခုနှစ်ကစပြီး နပိုလီယန်ဟာ
ဥရောပမှာသူ့ရဲ့စစ်ဆင်ရေးတွေ
ခဏရပ်နားလိုက်ချိန်ကစပြီး
အမေရိကတိုက်က ကိုလိုနီတွေအပေါ်
ပြန်အာရုံစိုက်လာပါတယ်။
သူ့လက်ထောက်ဗိုလ်ချုပ်တယောက်ကို
ဟေတီကပုန်ကန်မူတခုကိုသွားနှိမ်နင်းခိုင်း
လိုက်တာ အောင်မြင်မူမရခဲ့ပါဘူး။အဆုံးအရူံး
များစွာနဲ့ပြန်လာရပါတယ်။
အဝေးကကိုလိုနီနယ်တွေကို ထိန်းချုပ်နိုင်ဖို့
သူ့မှာအခက်အခဲများစွာရှိကြောင်း
ရိပ်စားမိလာပါတယ်။
ဥရောပတခွင် စစ်တွေလှည့်ပတ်တိုက်နေလို့
စစ်စရိတ်တွေထောင်းပြီး တိုင်းပြည်ဘဏ္ဏာ
ကလည်း ခန်းခြောက်နေပါတယ်။
တိုင်းပြည်စီးပွားရေး သိတ်မကောင်းတဲ့
ကြားထဲက
မကြာခင်မှာ မဟာရန်သူဖြစ်တဲ့ အင်္ဂလန်ကို
တိုက်ဖို့ ပြင်ဆင်ရတော့မှာပါ။
အဲဒီအတွက် သူ့ရဲ့ဧရာမစစ်တပ်ကြီးကို
ထောက်ပံ့ဖို့ တရေးတကြီး
ငွေလိုနေချိန်ဖြစ်ပါတယ်။
နပိုလီယန်ရဲ့အကျဉ်းအကျပ်ကာလကို သောမတ်ဂျက်ဖာဆင်က
ကွက်တိ အသုံးချသွားနိုင်ခဲ့ပါတယ်။
လူဝီစီးယားနားနယ်မြေဝယ်ယူမူကို
လွှတ်တော်အမတ်တွေက ဖွဲ့စည်းပုံဥပဒေနဲ့
မညီဘူးလို့ ကန့်ကွက်ပြောဆိုခဲ့ပေမယ့်သောမတ်ဂျက်ဖာဆင်က သူ့ရဲ့သမ္မတလုပ်ပိုင်ခွင့်အာဏာ
ဘောင်အတွင်းက အရောင်းအဝယ်စာချုပ်ကို
အတည်ဖြစ်အောင်လုပ်သွားခဲ့ပါတယ်။
လူဝီစီးယားနားကိုဒေါ်လာ၁၅သန်းနဲ့ရတာ
အဖိုးချိုသာပေမယ့် အဲဒီငွေပမာဏရဖို့
အမေရိကန်အစိုးရအတွက် အတော်လေး
အားစိုက်ထုတ်ခဲ့ရပါတယ်။
ဥရောပဘဏ်တွေက
လှည့်ပတ်ချေးငှါးပြီး ပေးခဲ့ရပါတယ်။
နောင်နှစ်ပေါင်း နှစ်ဆယ်လောက်အထိ
ကျေအောင်ဆပ်ခဲ့ရပါတယ်။
လူဝီစီးယားနားနယ်ကိုရယူနိုင်ခဲ့တာဟာ
သောမတ်ဂျက်ဖာဆင်ရဲ့လုပ်ရပ်တွေထဲက
ကြီးကျယ်တဲ့စွမ်းဆောင်မူတခုအဖြစ်
သမိုင်းမှာကမ္ဗည်းတင်ခံရပါတယ်။
![]() |
သောမတ်ဂျက်ဖာဆင် |
အမြော်အမြင်ကြီးမားတဲ့ခေါင်းဆောင်တွေဟာ မိမိနိုင်ငံရဲ့ရှေ့အနာဂါတ်အတွက်
တန်ဘိုးကြီးမားလာမယ့့်အရာတွေကိုအခြေအနေ အချိန်အခါကိုကြည့်ပြီး
ရယူနိုင်ကြသလို
တချို့တွေကျတော့လည်း မိမိရဲ့ခဏတာရပ်တည်နိုင်မူအတွက်
တိုင်းပြည်ရဲ့ အဖိုးအနဂ္ဃထိုက်တန်တဲ့အရာတွေကိုဗိုက်နာဈေးနဲ့
ရောင်းထုတ်ရတဲ့အဖြစ်အပျက်တွေသမိုင်းမှာ
မကြာခဏတွ့ရပါတယ်။
(Written By Kyaw Min Aung)
Comments
Post a Comment