Skip to main content

Posts

သမိုင်းထဲကဒီနေ့ ၁၉၆၆ ခုဇန်နဝါရီလ၁၇ ရက်နေ့မှာအမေရိကန်လေတပ်က B-52မဟာဗျူဟာဗုံးကြဲလေယာဉ်တစီးဟာစပိန်ကမ်းလွန်ကောင်းကင်ယံ မှ ာပျံသန်းနေစဉ်ပေသုံးသောင်းကျော်အမြင့်မှာဆီဖြည့်လေယာဉ်တစင်းနဲ့တိုက်မိပြီး နှစ်စင်းလုံးမီးလောင်ပေါက်ကွဲပျက်ကျခဲ့ပါတယ်။ B-52ဗုံးကြဲလေယာဉ်မှာသယ်ဆောင်လာတဲ့နူကလီးယားဗုံး လေးလုံးလည်း မြေပြင်ပေါ်ကစဥ့်ကလျားပြုတ်ကျသွားခဲ့ပါတယ်။ အဲဒီလေးလုံးထဲကသုံးလုံးဟာစပိန်ကမ်းခြေက palamoresဆိုတဲ့တံငါရွာကလေးအနီးကျသွားခဲ့ပြီးမြေပြင်နဲ့ရိုက်မိတဲ့အရှိန်ကြောင့် ညူကလီးယားမဟုတ်တဲ့အပေါ်ယံပေါက်ကွဲမူတွေဖြစ်ပေါ်ခဲ့ပါတယ်။ (ညူကလီးယားဗုံးတွေမှာ စနစ်တန်ဖြုတ်ဖို့အတွက်သမားရိုးကျပေါက်ကွဲစေတတ်တဲ့ပစ္စည်းတွေပါဝင်ပါတယ်။) အဲဒီပေါက်ကွဲမူတွေကပလူတိုနီယန်တွေကိုလွင့်ထွက်သွားစေခဲ့ပြီးpalamoresရွာအနီးဝန်းကျင်မှာ အလွန်ပြင်းထန်တဲ့plutoniumသတ္တိကြွမူတွေဖြစ်ပေါ်စေခဲ့ပါတယ်။ ကျန်တဲ့တလုံးကတော့ပင်လယ်ထဲကိုကျသွားခဲ့ပြီး နှစ်လခွဲလောက်ကြာမှ ပင်လယ်ထဲကပြန်လည်ဆယ်ယူနိုင်ခဲ့ပါတယ်။ ညူကလီးယားအဆိပ်သင့်သွားတဲ့နေရာတဝိုက်ကိုအမေရိကန်ကသန်ရှင်းရေးပြန်လုပ်ပေးခဲ့ပါတယ်။ ။ရေဒီယိုသတ္တိကြွမြေသားတန်ချိန်၁၅၀၀ကိုခြစ်ယူပြီးသဘောၤနဲ့အမေရိက...
သမိုင်းထဲကဒီနေ့ ၁၉၀၅ ဇန်နဝါရီလ၂ ရက်နေ့မှာ ရုရှားရဲ့အဓိကအရှေ့ဖျားရေတပ်စခန်းဌာနချုပ်အခြေစိုက်ရာဖြစ်ပြီး စစ်သား၅၀၀၀၀ နဲ့ အမြောက်၅၀၆လက်ရှိတဲ့ ပို့အာသာကိုဂျပန်တပ်တွေက ငါးလကြာဝန်းရံတိုက်ခိုက်ခဲ့ပြီးနောက်သိမ်းပိုက်ရရှိခဲ့ပါတယ်။ ရုရှား-ဂျပန်စစ်ဟာ၁၉၀၄ ခုနှစ်ဖေဖော်ဝါရီလမှာစတင်ခဲ့ပြီးနှစ်နိုင်ငံအာရှအရှေ့ပိုင်းမှာအပြုင်အဆိုင်နယ်မြေလုရာမှ အကျိုးစီးပွားတွေညှိနိူင်းမရတော့ပဲဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။ ပို့အာသာဟာရုရှားနိုင်ငံထဲကမြို့တော့မဟုတ်ပါဘူး။တရုပ်နိင်ငံမန်ချုးရီးယားမှာတည်ရှိပါတယ်။ ရုရှားရဲတခုတည်းသောအရှေ့ပိုင်းဆိပ်ကမ်းဖြစ်တဲ့ဗလာဒီဗော့စတော့ဟာနွေရာသီမှာသာ အသုံးပြုနိုင်တဲ့အတွက်၁၂ရာသီပတ်လုံးအသုံးပြုနိုင်မယ့်ပို့အာသာကို တရုပ်ဆီကဌားရမ်းထားတာပါ။ပို့အာသာမှာရုရှားကသူ့ရဲ့စစ်အင်အားကိုတည်ဆောက်ပြီး အနီးဝန်းကျင်မန်ချုးရီးယားတခုလုံးရဲ့အကျိုးစီးပွားကိုချုပ်ကိုင်ဖို့ကြိုးစားပါတယ်။ ကိုရီးယားဖက်အထိလက်တန်ဆန့့်ဖို့ရည်ရွယ်ပါတယ်။အဲဒီအချိန်မှာဂျပန်ကလည်း ကိုရီးယားကျွန်းဆွယ်ကို သရေယိုလာတဲ့အတွက်နယ်မြေချဲ့ထွင်လာရာကနှစ်နိုင်ငံထိပ်တိုက်တွေ့ကြပါတော့တယ်။ စစ်ပွဲမှာဂျပန်ကပြဲပတ်ပြတ်သားသားနိုင်လိုက်ပါတယ်။ပို့အာသာကတပ...

The Moon

The Moon • • • • •   by Kyaw Min Aung လဟာကမ္ဘာနဲ့မိုင်ပေါင်း ပျှမ်းမျှအားဖြင့် 238800-ဝေးကွာပါတယ်။ လကိုကမ္ဘာကနေ တနာရီမိုင်၆၀နူန်းနဲ့ကားမောင်းသွားရင် ၆လထက်ပိုမကြာပဲရောက်သွားနိုင်မှာဖြစ်ပြီး လမ်းလျှောက်သွားမယ်ဆိုရင်တော့ အိပ်ချိန်ကလွဲပြီးကျန်တဲ့အချိန်တွေမှာ တနာရီဆယ်မိုင်နူန်းနဲ့မရပ်မနားလျှောက်မယ် ဆိုရင် အချိန်၆နှစ်ခွဲကြာလျှောက်ရပါလိမ့်မယ်။ လရဲ့အရွယ်အစားဟာကမ္ဘာရဲ့ လေးပုံတပုံပဲရှိပါတယ်။ကမ္ဘာသာကွန်တိန်နာတလုံးဆိုရင် လအစင်းပေါင်း၅၀လောက်ထည့်ထားလို့ရပါတယ်။လရဲ့စုစုပေါင်းမျက်နှာပြင်areaအကျယ်ဟာ စတုရန်းမိုင်၁၄သန်းခွဲခန့်ရှိပါတယ်။အကျယ်စတုရန်းမိုင်၁၇သန်းကျော်ရှိတဲ့ အာရှတိုက်ထက်ကျဉ်းပါတယ်။ နေစကြာဝဠာထဲမှာရှိတဲ့လတွေထဲမှာ ပဉ္စမမြောက်အကြီးဆုံးဖြစ်ပြီး ပလူတိုဂြိုလ်ထက်ကြီးပါတယ်။ ကမ္ဘာပေါ်ကလူတွေဟာ လရဲ့မျက်နှာစာတဖက်တည်း (ဆန်ဖွတ်တဲ့အဖိုးအိုနဲ့ဝပ်နေတဲ့ယုန်ရှိတဲ့ဖက်) ကိုသာမြင်ကြရပါတယ်။ရုပ်ဆိုးတဲ့တခြားမျက်နှာဖက်ခြမ်းကိုတော့ လနတ်သမီးကကမ္ဘာပေါ်ကလူတွေ မမြင်တွေ့ရအောင်အမြဲကွယ်ဝှက်ထားပါတယ်။ဘယ်လိုနည်းလမ်းနဲ့ကွယ်ဝှက်ထားတာလဲဆိုတော့ လဟာကမ္ဘာကိုတပတ်ပြည့်အောင်လည်ဖို့ကြာချိန်အတိုင်းမိမိကိုယ်တိ...
ကမ္ဘာပေါ်မှာပထမဆုံးသံကူကွန်ကရစ် ကမ္ဘာပေါ်မှာပထမဆုံးသံကူကွန်ကရစ်(reinforced concrete)နည်းပညာကိုအသုံးပြုပြီးတည်ဆောက်ထားတဲ့အဆောက်အဦဟာပြင်သစ်နိုင်ငံပဲရစ်မြို့ စိန့်ဒင်းနစ်အရပ်မှာရှိပါတယ်။ အဲဒီအဆောက်အဦကို Francois Coignet က ၁၈၅၃ ခုနှစ်မှာဆောက်လုပ်ခဲ့တာပါ။၄ထပ်အဆောက်အဦဖြစ်ပါတယ်။ဆောက်လုပ်စဉ်တုန်းကလူအများက မကြာခင်ပြိုကျမယ့်အန္တရာယ်ရှိအဆောက်အဦတခုအဖြစ်ရူမြင်ခဲ့ကြသော်လည်း ယနေ့ထိတည်တန့်နေပါတယ်။ အခုအခါမှာတော့သမိုင်းဝင်အထိမ်းအမှတ်တခု အဖြစ်တည်ရှိနေပါပြီ။ သံကူကွန်ကရစ်နည်းပညာမပေါ်မှီက ကွန်ကရစ်ရဲ့ဆွဲဆန့်ခံနိုင်အား ညံ့ဖျင်းမူကြောင့် တည်ဆောက်ရေးမှာ ထင်တိုင်းမပေါက်ခဲ့ရာမှ အဲဒီဒဏ်ခံရမယ့်နေရာတွေမှာ ဆွဲဆန့်ခံနိုင်အားကောင်းတဲ့သံချောင်းများ ထည့်ပေးခြင်းဖြင့် တည်ဆောက်ရေးလုပ်ငန်းတွေရဲ့ခေတ်သစ် တခုကိုရောက်ရှိလာစေခဲ့ပါတယ်။ ၁၈၆၁ ခုနှစ်မှာFrancois Coignet ဟာသံကူကွန်ကရစ်နည်းပညာနဲ့အသုံးပြုပုံကိုစာအုပ်ရေးသားထုတ်ဝေခဲ့ပါတယ်။ (အောက်ကပုံတွေကတော့ပထမဆုံး RCအဆောက်အဦ တည်ဆောက်ထားတဲ့ဒီဇိုင်းပုံတွေပါ) (reinforced concrete)နည်းပညာကိုအသုံးပြုပြီးတည်ဆောက်ထားတဲ့အဆောက်အဦဟာပြင်သစ်နိုင်ငံပဲရစ်မြို့ စိန့်ဒင်းနစ်အရပ်မ...

The Worst Dam failure in History

The Worst Dam failure in History ၁၉၇၆ခုနှစ်က တရုပ်နိုင်ငံဟီနန်ပြည်နယ်အနောက်ပိုင်းမှာ ကမ္ဘာပေါ်မှာဖြစ်ခဲ့ဘူးသမျှ သမိုင်းတလျှောက် အဆိုးဝါးဆုံးသော ဆည်ကျိုးပေါက်မူကြီး ဖြစ်ပွားခဲ့ပါတယ်။ လူပေါင်း တသိန်းခွဲလောက် အသက်ဆုံးရံှုးခဲ့ပြီး အိုးအိမ် ဆယ်သန်း ကျော်ပျက်စီးခဲ့ပါတယ်။ ဆည်ကထုတ်လုပ်ပေးနေတဲ့ လျှပ်စစ်ဓါတ်အား၁၈၀၀၀ မဂါ္ဂဝပ် ပြတ်တောက်ဆုံးရံှုးသွားခဲ့ပါတယ်။ * * * * * * Banqiao Dam ကို ရူမြစ်ပေါ်မှာ ၁၉၅၀ပြည့်နှစ်အစောပိုင်းကာလတွေမှာ စတင်တည်ဆောက်ခဲ့ပါတယ်။ မြစ်ဝါမြစ်ဝှမ်းရေလွှမ်းမိုးမူကာကွယ်ရေးုနဲ့ လျှပ်စစ်ဓါတ်အားထုပ်လုပ်ရေးအစီအစဉ်ရဲ့ အစိတ်အပိုင်းတခုအနေနဲ့တည် ဆောက်ခဲ့တာဖြစ်ပါတယ်။ရေကာတာအမြင့်ဟာ၃၈၇ ပေရှိပြီးရေပမာဏထုထည် ၁၇.၅ ဘီလီယံကုဗပေသို လှောင်နိုင်ပါတယ်။ဒီဆည်ကြီးဟာ အနှစ်တထောင်မှာ တကြိမ်လောက်သာဖြစ်တန်စွမ်းတဲ့ အဆိုးဆုံးသောရေကြီးမူဒဏ်ကိုခံနိုင်တယ်လို့ တရုပ်အစိုးရကပြောပါတယ်။ ဒါပေမယ့်ကံဆိုးစွာနဲ့ပဲ အနှစ် ၂၀၀၀ မှာတကြိမ် လောက်သာကြုံရနိုင်တဲ့ရေကြီးမူကို ၁၉၇၆ခုနှစ်သြဂုတ်လအစောပိုင်းမှာ ကြုံတွေ့လိုက်ရပါတော့တယ်။ တိုင်ဖွန်းမုန်တိုင်း နီနာကြောင့်မိုးသည်းထန်စွာ...

ပလပ်စတစ်ညစ်ညမ်းမူ

ပလပ်စတစ်ညစ်ညမ်းမူ(သို့) ကမ္ဘာကိုခြိမ်းခြောက်လာသောအန္တရာယ်တခု Written by Kyaw Min Aung ကျွန်တော်တို့ငယ်ငယ်တုန်းကဈေးထဲမှာအမဲသားငါးဝယ်ရင် အင်ဖက်နဲ့သာထုပ်ပေးကြသည်။ ကုန်စုံဆိုင်ကပဲမူန့်အစိပ်သားထုပ်များကို စက္ကူ နှင့်ထုပ်ရောင်းကြသည်။ အပ်ချုပ်ဆိုင်ကအကျၤ ီသွားရွေးရင် စက္ကူ အိတ်နှင့်ထည့်ပေးသည်။ မနက်ခင်းဝယ်နေကျ တို့ဟူးဆိုင်က တို့ဟူးပါဆယ်ကို စလူရွက်နှင့်ထုပ်ပေးသည်။ ဂရင်းဟော်တယ်က အဖေဝယ်လာတဲ့ခေါက်ဆွဲပါဆယ်ကို ပတ်ထားတဲ့ အင်ဖက်ကို ဆွဲဖြည်လိုက်ရင် ထောင်းကနဲထွက်လာတဲ့ ခေါက်ဆွဲကြော်ရနံ့ကို ယနေ့အထိ အမှတ်ရမိနေသေးသည်။ လဖက်ရည်ပါဆယ်သွားဝယ်ရင်တော့ အိမ်ကဓာတ်ဗူးတို့၊မတ်ခွက်တို့ယူသွားကြသည်။ ကျွန်တော်ကျွတ်ကျွတ်အိတ်ကို ပထမဆုံးမြင်ဖူးတာ ၆တန်းကျောင်းသားဘဝ ရန်ကုန်ရောက်မှဖြစ်သည်။ ကျွန်တော်တို့မြို့တွေက အင်ဖက်ပေါသည်။ ထုပ်ပိုးပစ္စည်းအဖြစ် အင်ဖက်ကိုသာသုံးကြသည်။အင်ဖက်မသုံးသင့်သည့် နေရာ၌စက္ကူ ကိုသုံးကြသည်။ ပလပ်စတစ်မရှိမဟုတ်။ရှိပါသည်။ရှိသည့့်ပလက်စတစ်က အမိူက်ဘဝကိုမရောက်။ ပလပ်စတစ်၊ကော်ခွက်အစုတ်အပြတ်အားလုံး ကအဖိုးတန်သည်။ရောင်းလို့ရသည်။အမိူက်ပုံထဲမှာဘယ်တော့မှမတွေ့ရ။ ကျွန်တော်တို့မြို့မှာ ကြွပ်ကြွပ...

ရာသီဥတုပြောင်းလဲမူ နှင့်မြန်မာပြည်

ရာသီဥတုပြောင်းလဲမူ နှင့်မြန်မာပြည် Written by Kyaw Min Aung ယနေ့မြန်မာပြည်ဒေသတချို့မှာ ရေကြီးရေလျံှမူကြောင့် ဒုက္ခရောက်နေကြသည့် သတင်းတွေ မီဒီယာတွေမှတဆင့်ကြားသိနေရသည်။ ရခိုင်နှင့်မကွေးတိုင်းဖက်က အဆိုးဆုံးဖြစ်သည်။ တံတားတွေကျိုး၊လမ်းတွေရေတိုက်စားခံရပြီး လမ်းပန်းဆက်သွယ်ရေးတွေ ပြတ်တောက်ကုန်ကြသည်။ ဧရာဝတီတိုင်းပင်လယ်ကမ်းစပ် ရွာတွေလည်း ပင်လယ်ရေဝင်သည့် သတင်းကြားရသည်။ တကယ်ဆို ယခုအချိန်ကာလသည် မိုးတွင်းအစသာရှိသေးသည်။ ပုံမှန်အတိုင်းဆို ရေကြီးတတ်သည့်ကာလသို့ မရောက်သေး။ ရေကြီးခြင်းဆိုတာက မြစ်ချောင်းဘေးမြေနိမ့်ဒေသတွေ ပင်လယ်ကမ်းစပ်တွေမှာ ကြုံရလေ့ရှိသည့် သဘာဝဘေးအန္တရာယ်တမျိုးပါ။ ရေနှုတ်မြောင်းစနစ်များ မကောင်းမွန်သည့််မြို့ကြီးတွေမှာလည်း မိုးတွင်းရောက်လျှင်အမြဲကြုံရတတ်သည့်ပြဿ နာတခုဖြစ်သည်။ အမေရိကန်နိုင်ငံလည်း ရေဘေးဒဏ်ကို အမြဲလိုလိုခံရပါသည်။ လူအသေအပျောက်နည်းပေမယ့် ပျက်စီးဆုံးရှုံးမူတန်ဖိုးက အမြဲဘီလီယံနှင့်ချီသည်။ ၂၀၁၅ ခုနှစ်က မြန်မာပြည်အနှံ့အပြား ရေလွှမ်းမိုးမူတွေဖြစ်ပေါ်ခဲ့သည်။ တိုင်းနှင့်ပြည်နယ် ၁၄ခုအနက် နှစ်ခုသာလွတ်သည်။ လူနေအိမ်တွေ၊လယ်ယာစိုက်ခင်းတွေ၊စာသင်ကျောင်းတွေများစွာပ...