Taungoo (1) (Written by Kyawmin Aung) အာရှမြောက်ပိုင်းစတက်မြက်ခင်းတွေဆီကနို့သောက်၊သိုးကျောင်းနေတဲ့လူမျိုးစုတစုဟာရာစုနှစ်ပေါင်များစွာအနောက်ဖက်ကိုတရွေ့ရွေ့ထွက်ခွာသွားခဲ့ကြပြီး အနာတိုး လီးယားလို့ခေါ်တဲ့ ယနေ့တူရကီနိုင်ငံနေရာမှာ တဖြေးဖြေးချင်း အင်အားတွေစုစည်းသွားမိခဲ့ကြတယ်။၁၅ရာစုမှာတော့ သူတို့ဟာ ဥရောပအင်အားကြီးနိုင်ငံတွေကို နားရွက်တံတွေးဆွတ်တော့မယ့် အော်တိုမန်အင်ပါယာကြီးကို ဗြုန်းဆိုကောက်ထောင်လိုက်ကြပြီး ဥရောပနဲ့အာရှဆက်သွယ်ရေးလမ်းကြောင်းကြီးပေါ်မှာကားယားခွထားလိုက်ပါတယ်။ဒီအဖြစ်အပျက်ဟာကမ္ဘာ့သမိုင်းကြောင်းကိုအကြီးအကျယ်ပြောင်းလဲသွားစေခဲ့တယ်။ ကွန်စတန်တီနိုပယ် မြို့ကို အော်တိုမန်တပ်များဝိုင်းရံထားစဉ် အစဉ်အဆက်ကုန်သွယ်ခဲ့ကြတဲ့ ကုန်းတွင်းပိုးလမ်းမကြီး ပိတ်ဆို့သွားတာကြောင့်ဥရောပသားတွေဟာ တရုပ်နဲ့အာရှကိုပေါက်ရောက်ဖို့အတွက် လမ်းကြောင်းအသစ်တွေရှာကြံလာရတော့တယ်။အဲဒီလိုရှာကြံရင်းနဲ့ ကိုလံဘတ်တို့၊ဗတ်စကိုဒဂါးမားတို့လို စွန့်စားသူတွေက အာရှကိုကုန်သွယ်နိုင်မယ့် ပင်လယ်ရေကြောင်းလမ်းအသစ်တွေကိုတွေ့ရှိလာခဲ့တယ်။ဥရောပမှာ လစ္စဘွန်း၊အမ်စတာဒမ်၊လန်ဒန်အစရှိတဲ့ပင်လယ်ဆိပ်ကမ်းမြို့ကြီးတွေ ပေါ်ထွန်းလာပြီး ပ...
အထွေထွေဗဟုသုတနှင့်အတွေးအမြင်