" ကမ္ဘာကျော်လီဒိုလမ်းမကြီး" written by Kyaw Min Aung " အမေရိကန်စစ်အင်ဂျင်နီယာတပ်ရဲ့စစ်အတွင်းလုပ်ဆာင်ခဲ့ရသမျှထဲမှာ အခက်ခဲအကြမ်းတမ်းဆုံးပဲ " လို့ မေရိကန်စစ်အင်ဂျင်နီယာတပ်ကဗိုလ်ချုပ်ကြီးတဦးက ဖွင့်ဟပြာဆိုခဲ့ရတဲ့ ဒုတိယကမ္ဘာစစ်အတွင်းကဖာက်လုပ်ခဲ့တဲ့ လီဒိုလမ်းမကြီးဟာ အာသံပြည်နယ်က မီးရထားလမ်းဆုံးမြို့ဖြစ်တဲ့လီဒိုမြို့ကစတင်ပါတယ်။မြင့်မားမတ်စောက်တဲ့ပတ်ကွိုင်တောင်ကြာတွေကိုဖြတ်ပြီးထူထပ်သိပ်သည်းလှတဲ့မိုးသစ်တာများရှိရာချင်းတွင်းမြစ်ဖျားပိုင်းနဲ့ဟူးကောင်းချိုင့်ဝှမ်းကတဆင့်မြန်မာပြည်ထဲဝင်ရာက်လာပါတယ်။ အန္ဒိယမြန်မာနယ်စပ်ရှိပန်ဆောင်တောင်ကြား မြန်မာနိုင်ငံအတွင်းက ရှင်ဘွေရမ်း၊တနိုင်း၊မြစ်ကြီးနား၊ဗန်းမော်၊မိုးကောင်းမြို့များကို ဖြတ်သွားပြီး တရုပ်နိုင်ငံကူမင်းမြို့နဲ့ဆက်သွယ်ထားပါတယ။ လီဒိုက ကူမင်း အထိဆိုရင် စုစုပေါင်းလမ်းအရှည် ၁၀၇၉ မိုင်ရှိပါတယ်။ လီဒိုလမ်းတည်နေရာပြမြေပုံ အိန္ဒိယနိုင်ငံအတွင်း၆၁မိုင်၊မြန်မာနိုင်ငံအတွင်း၆၄၂မိုင်၊ တရုပ်နိုင်ငံအတွင်း၃၉၃မိုင်ဖြတ်သန်းတည်ရှိပါတယ်။ လီဒိုကနေ မူလ လမ်းဟောင်းတရုပ်မြန်မာလမ်းမကြီးနဲ့ဆုံတဲ့ မိုင်းယုရွာအထိဆို ၄၇၈မိုင်ရှိပါတယ်။...
အထွေထွေဗဟုသုတနှင့်အတွေးအမြင်